iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, December 17, 2015

Amazon က ရေပန်းအစားဆုံး ကုန်ပစ္စည်းဖြစ်တဲ့ Hoverboard ရောင်းချမှုကို ရပ်နား



ကမ္ဘာ့အကြီးဆုံး အွန်လိုင်းဈေးဝယ်ယူမှု (E-Commerce) ကုမ္မဏီ တစ်ခုဖြစ်တဲ့ Amazon ဟာ လတ်တလော ရေပန်းအစားဆုံး ကုန်ပစ္စည်းဖြစ်တဲ့ Hoverboard တွေ ရောင်းချမှုကို ဗြိတိန် နဲ့ အမေရိက တို့မှာ ရပ်နားလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ကုမ္မဏီက ပြောကြားခဲ့တာ ကတော့ အခုလို ရေပန်းအစားဆုံး ကုန်ပစ္စည်းတွေကို ရောင်းချမှု ရပ်နားလိုက်ရတာဟာ လုံခြုံရေး ပြဿနာ တွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

လန်ဒန်မြို့  က မီးသတ်တပ်ဖွဲ့ ကလည်း Hoverboard တစ်ခု အိပ်ခန်းထဲမှာ အားသွင်းထားရင်း မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ပြီး နောက် Hoverboard နဲ့ ပတ်သက်တဲ့ သတိပေးမှု တစ်ခု ထုတ်ပြန်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် Hoverboard တွေကို ထုတ်လုပ်နေတဲ့ Swagway ကုမ္မဏီ ကတော့ သူတို့ရဲ့  ကုန်ပစ္စည်းတွေဟာ လိုအပ်တဲ့ လုံခြုံရေး ပစ္စည်းအားလုံးကိုထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

"Amazon က ပြီးခဲ့တဲ့ သောကြာင်္နေ့ကပဲ Hoverboard ထုတ်လုပ်တဲ့ ကုမ္မဏီအားလုံးကို အသိပေးစာထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အသိပေးစာကတော့ Hoverboard အားလုံးဟာ လိုအပ်တဲ့ လုံခြုံမှုအဆင့်အတန်း တွေကို ထည့်သွင်းထားကြောင်းဖော်ပြတဲ့ စာရွက်စာတမ်းတွေပြသဖို့ပါ။ သူတို့တောင်းဆိုတဲ့ လုံခြုံရေးအဆင့်အတန်းတွေထဲမှာ UN ရဲ့  ၃၈.၃ ဘက်ထရီ ၊ UL ၁၆၄၂ ဘက်ထရီနဲ့ UL ၆၀၉၅၀-၁ အားသွင်းစက်တို့ပါ ပါဝင်ပါတယ်။ Swagway ရဲ့  ကုန်ပစ္စည်းတိုင်းဟာ Amazon က တောင်းဆိုထားတဲ့ လုံခြုံမှုတိုင်းအတွက် အသိအမှတ်ပြုလက်မှတ်ရထားပြီးသားပါ။" လို့ Swagway ကုမ္မဏီ က တာဝန်ရှိသူတစ်ယောက်က ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ လေကြောင်းလိုင်းများစွာကလည်း Hoverboard တွေကို လေယာဉ်ပေါ်ယူဆောင်ခွင့် ပိတ်ပင်ထားပါတယ်။ Hoverboard တွေရဲ့  ဘက်ထရီတွေဟာ လေထုထဲမှာ မီး အန္တရာယ် ဖြစ်နိုင်ချေရှိလို့ပါ။ ပြီးခဲ့တဲ့ အပတ်တုန်းကလည်း အသက် ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ လန်ဒန်မြို့ မှာ Hoverboard တစ်ခု စီးနင်းနေရင်း ဘတ်စ်ကားတိုက်မိလို့ သေဆုံးသွားခဲ့ပါသေးတယ်။

No comments:

Post a Comment