iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, December 30, 2015

မြန်မာနှစ်ဦးသေဒဏ်ချမှတ်မှု ကန့်ကွက်ဆန္ဒပြသူများလာ


 ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်မှုနဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်ခဲ့တဲ့အပေါ် ဆန္ဒပြမှုတွေ ရန်ကုန်မြို့မှာ တိုးပွားလာနေပါတယ်။

အခုလို မမျှော်လင့်ဘဲ ဆန္ဒပြမှုတွေ အချိန်ကြာလာတဲ့အတွက် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရဲ့ ကောင်စစ်ဝန်ဌာနကို ယခုသီတင်းပတ်မှာ ပိတ်ထားမယ်လို့ သံရုံးကဆိုပါတယ်။

ဗြိတိန်နိုင်ငံသားနှစ်ဦးဖြစ်တဲ့ David Miller နဲ့ Hannah Witheridge တို့ဟာ ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ်က အသတ်ခံခဲ့ရပြီး မြန်မာလုပ်သား နှစ်ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ၀င်းဇော်ထွန်းတို့ကို လူသတ်မှု ကျူးလွန်တယ်ဆိုပြီး ထိုင်းရဲက စွပ်စွဲဖမ်းဆီးကာ ထိုင်းတရားရုံးက ပြီးခဲ့တဲ့သီတင်းပတ်မှာ သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနှစ်ဦးကို ထိုင်းရဲတွေက အကြမ်းဖက်ပြီး အမှုကို ၀န်ခံခိုင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေကို ထိုင်းရဲတွေက ငြင်းပယ်ခဲ့ပါတယ်။

သေဒဏ်ချမှတ်ခံရသူ မြန်မာနှစ်ဦးကတော့ လူသတ်မှုကို သူတို့ မကျူးလွန်ကြောင်း ငြင်းဆိုခဲ့ပြီး ထိုင်းရဲတွေရဲ့ ခြိမ်းခြောက်အကျပ်ကိုင်မှုကြောင့် ၀န်ခံခဲ့ရတယ်လို့ နောက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာအများစုကတော့ တရားခံနှစ်ဦးဟာ လူသတ်မှုမှာ တခြားသူအတွက် ဓားစာခံ အလုပ်ခံရတယ်လို့ ယုံကြည်နေကြပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment