iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, December 11, 2015

"တံတောင်စွမ်းပြခဲ့သည့် စတိုင်ဂါအား (၃) ပွဲပယ် ပြစ်ဒဏ်ချ"



ဝက်စ်ဟမ်းအသင်းနှင့်ကစားခဲ့သော ပွဲစဉ်တွင် ပြိုင်ဘက်အသင်းနောက်ခံလူ ၀င်စတန်ရိဒ်အား တံတောင်စွမ်းပြခဲ့သည့် မန်ယူကွင်းလယ်လူ စတိုင်ဂါကို အက်ဖ်အေမှ (၃)ပွဲပယ် ပြစ်ဒဏ်ချမှတ်လိုက်ပြီဖြစ်သည်။
ကွင်းလယ်ဒိုင် ကလက်တန်ဘတ် ကိုင်တွယ်ခဲ့သည့် အဆိုပါပွဲချိန်တွင် စတိုင်ဂါ၏ ရန်လိုသော လုပ်ရပ်ကို ကွင်းလယ်ဒိုင်မှ မြင်တွေ့ခဲ့ခြင်းမရှိသဖြင့် ပွဲချိန်အတွင်း အရေးယူခဲ့ခြင်းမရှိပေ။
သို့သော်လည်း FA မှ အဆိုပါ ပွဲအဖြစ်အပျက်ကို ရုပ်သံပြကွက်များမှတစ်ဆင့် ပြန်လည်ကြည့်ရှုကာ စွဲချက်တင် ရေးယူခဲ့ခြင်းဖြစ်သည်။
စတိုင်ဂါ၏ ပြစ်ဒဏ်မှာ စနေညပိုင်းတွင် ကစားမည့် ဘုန်းမောက်အသင်းနှင့်အဝေးကွင်းပွဲစဉ်၌ စတင်အကျူံးဝင်မည်ဖြစ်ပြီး နောဝှစ်ခ်ျ၊ စတုခ်တို့နှင့် ကစားရမည့်ပွဲစဉ်များတွင်လည်း ပါဝင်ခွင့်ရမည်မဟုတ်ပေ။
ရှနိုက်ဒါလင်၊ ဟာရဲရားတို့ ဒဏ်ရာရနေသည့် ကွင်းလယ်တွင် စတိုင်ဂါ ထပ်မံပွဲပယ်ခံရသည့်အတွက် မန်ယူအသင်းအနေဖြင့် ကွင်းလယ်ပိုင်းတွင် အခက်အခဲကြုံရတော့မည်ဖြစ်ပြီး ဖယ်လိုင်နီ၊ ကာရစ်၊ ဘလိုင်းတို့ကို ကွင်းလယ်အထိုင်အဖြစ် အသုံးပြုရဖွယ်ရှိနေသည်။
ရည်ညွှန်း - ဘီဘီစီ

No comments:

Post a Comment