iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, December 23, 2015

ငှားရမ်းနေထိုင်သည့် နေအိမ်အား အရက်မူးပြီး မီးဖြင့်ရှို့



နေပြည်တော်၊ ဒီဇင်ဘာ ၂၂

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ အောင်မေတ္တာ(အေ)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှမီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ်(၆)စီး၊ ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၅၅ မိနစ်အချိန် မီးငြိမ်းသွားခဲ့သည်။

စစ်ဆေးချက် အရ အဆိုပါရပ်ကွက်၊ (၈)လမ်းနေ ဒေါ်မြကြည်(၄၉)နှစ်ပိုင်ဆိုင်သည့် အောင်မေတ္တာ(အေ)ရပ်ကွက်၊ (၁၅)လမ်းရှိ နေအိမ်တွင် ငှားရမ်းနေထိုင်သော ဒေါ်စောမွန်(၃၇)နှစ်သည် အိမ်လခမပေးနိုင်၍ အရက်မူးကာ ဖယောင်းတိုင်မီးဖြင့် (၃×၃)ပင်၊ မြေစိုက်၊ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ် ထရံအား မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဒေါ်စောမွန်အား မကွေးနယ်မြေရဲစခန်း (ပ)၃၀၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်


(ရဲဇာနည်)

https://www.facebook.com/yezarnimedia

No comments:

Post a Comment