iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Sunday, December 27, 2015

ထိုင်းနိုင်ငံတရားရုံးမှ မြန်မာနိုင်ငံသားနှစ်ဦးအား သေဒဏ်ချမှတ်မှုအပေါ်မန္တလေးတွင် ဖယောင်းတိုင်ထွန်း ကန့်ကွက် ဆန္ဒထုတ်ဖေါ်




မြန်မာနိုင်ငံသားနှစ်ဦးအား ထိုင်းနိုင်ငံတရားရုံးမှ သေဒဏ်ချမှတ်လိုက်ခြင်းကြောင့် ကန့်ကွက်သည့်အနေဖြင့် ဒီဇင်ဘာ ၂၅-ရက်၊ည၇-နာရီခန့်က မန္တလေးမြို့ကျုံးဘေးတလျောက်တွင် သံဃာတော်များနှင့် လူအင်အား၁၀၀ ခန့် ဖယောင်းတိုင် ထွန်းညှိကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်ဖေါ်သူများသည် လမ်း ၈၀-နှင့် ၂၆ လမ်းထောင့်မှ စ၍ အရှေ့ဘက်၆၆-လမ်းအထိ ကျုံးဘေးအတိုင်း ဖယောင်းတိုင်ထွန်းညှိကာလမ်းလျှောက်ခဲ့ကြသည်။

“မြန်မာနိုင်ငံသားနှစ်ဦးက ဥပဒေမဲ့စွာ တရားစီရင်ခြင်းခံရတယ်။အဲဒါကိုတရားမျှတစွာ ပြန်ပြီးတရားစီရင် ပေးဖို့ လုပ်တာဖြစ်တယ်။အဲဒါကထိုင်းအစိုးရနဲ့မြန်မာနိုငံအစိုးရကိုလည်းပါတယ်။ထိုင်းအစိုးရတရားစီရင်မှုအပေါ်မှာ ပြင်းထန်တဲ့ စောဒကတက်မှုလုပ်ဖို့တောင်းဆိုတာ။”ဟုဆန္ဒထုတ်ဖေါ်မှုတွင်ဦးဆောင်ပါဝင်သည့် ရွှေဝါရောင် ဆရာတော်ဦးသောဘိတ က မိန့်ကြားသည်။

လမ်းလျှောက်သူများသည် We Ask For Justice ၊ Free Them Justice Now ၊စသည့်ဗီနိုင်းဆိုင်းဘုတ်များ ဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ခဲ့ကြကြောင်း၊မြန်မာနှင့်ထိုင်းနိုင်ငံဘက်မှအစိုးရတာဝန်ရှိသူများထံ ဆက်လက် တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

“တရားစီရင်မှုကို ပြန်ပြီးလုပ်ကိုလုပ်ရမယ်။လူငယ်လေးနှစ်ယောက်ဟာသေဒဏ်ပေးလို့မရဘူးဆိုတာ ပြောခြင်တယ်။သေဒဏ်ပေးခဲ့မယ်ဆိုရင်မြန်မာနိုင်ငံအစိုးရနဲ့ထိုင်းအစိုးရက ဥပဒကို ကျူးလွန်တယ်လို့သုံးသပ်ရလိမ့်မယ်။”ဟု ဆရာတော်က ဆက်မိန့်ကြားသည်။

တက်ကြွလှုပ်ရှားသူ ဒေါ်အမာနီက ပြောကြားရာတွင်“ ပြည်တွင်းမှာရောပြည်ပမှာလည်းအ နှိမ်ခံရတယ်။ ပြည်ပမှာပိုစိုးတယ်။ ဒီနေ့ သတင်းကြားရတာကတရားမ၀င်မြန်မာ အလုပ်သမားတွေကို စပြီးဖမ်းနေတယ်လို့ ကြားရတယ်။ဒါတွေကိုဘယ်လိုကာကွယ်ပေးမလဲ ဆိုတာမေးခွန်းထုတ်ရလိမ့်မယ်။”ဟု ဆိုသည်။

ပြစ်ဒဏ်စီရင်ခြင်းခံရသူနှစ်ဦးအတွက် ၆၆-လမ်း ကျုံးထောင့်တွင် ၂-မိနစ်ငြိမ်သက်စွာ ဆုတောင်းခဲ့ကြပြီး နောက် စုရပ်ဖြစ်သို့ ပြန်လာခဲ့ကြကြောင်း၊အလားတူ ယနေ့မွန်းလွဲ ၂-နာရီခန့်ကလည်း အိမ်တော်ရာစေတီတွင်သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ က ဆုတောင်းဝတ်ပြုခဲ့ ကြသည့်အပြင်ရွှေဖြူပလာဇာအနီးတွင် တက်ကြွလှုပ်ရှားသူ သုံးဦး က Free Them Justice Nowဗီနိုင်းများဖြင့် ဆန္ဒထုတ်ဖေါ်ခဲ့ကြောင်း သိရသည်။

( News Watch : စောင့်ကြည့်သတင်းဂျာနယ် )

https://www.facebook.com/NewsWatchJournal

No comments:

Post a Comment