iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, December 12, 2015

ရွှေတောင်နှင့် အင်းမကြားတွင် ယာဉ်တိုက်မှုကြောင့် လူ ၄ ဦး သေဆုံး ၇ ဦးဒဏ်ရာရ



ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ရန်ကုန်-ပြည် ကားလမ်းမကြီး ရွှေတောင်မြို့နှင့် အင်းမကြားတွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိသည့်အတွက် လူ ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ပြည်ခရိုင် ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

ရန်ကုန်မှ ဆန်အိတ်များ တင်ဆောင်၍ မောင်းနှင်လာသော Nissan အမျိုးအစားကုန်တင်ယာဉ် (တွဲကား) နှင့် ပြည်မှ မောင်းနှင်လာသော ခရီးသည်တင်ယာဉ် (Express) တို့မှာ ဒီဇင်ဘာ ၁၀ ရက် ည ၁၁ နာရီခန့်က မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာမှ ခရီးသည်တင် ယာဉ်နောက်မှ လိုက်ပါလာသည့် super custom ယာဉ်တစ်စီးကပါ ဆက်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူက အတည်ပြု ပြောဆိုသည်။
“ကုန်တင်ကားက မျက်နှာချင်းဆိုင်ကြီး ဝင်လာတာ အရှိန် တော်တော်ပြင်းတယ်။ ကုန်တင်ကားကတော့ တုံးလုံးကြီး လဲသွားတယ်။ ကျွန်မတို့ စီးလာတဲ့ကားက ကားဆရာကောင်းလို့ မှောက် မသွားတာ။ မှောက်သာသွားရင် ဒီထက် အထိအခိုက် ပိုများမှာ” ဟု ခရီးသည်တင် ယာဉ်ပေါ်တွင် ပါလာသည့် အမျိုးသမီးတစ်ဦးကပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်ပေါ်မှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ကုန်တင်ယာဉ်ပေါ်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့လေးဦးမှာ အသက်ဆုံးရှုံးခဲ့ရပြီး ခရီးသည်တင် ယာဉ်ပေါ်မှ ခရီးသည် ၇ ဦးမှာ ဒဏ်ရာအသီးသီး ရရှိခဲ့သောကြောင့် အင်းမဆေးရုံနှင့် ပြည်ဆေးရုံများသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“တွဲကားကြီး လမ်းလယ်မှာ လဲနေတာ လမ်းတွေ အကုန် ပိတ်သွားတယ်။ ဆန်အိတ်တွေအောက် ပိနေတဲ့ လူကို ဆွဲထုတ်နေတာတွေ မြင်ရတယ်။ အခုတော့ လမ်းပြန်ပွင့်သွားပြီလို့ ကြားတယ်” ဟု ရန်ကုန်-ပြည်လမ်းတွင် ပြေးဆွဲနေသည့် ယာဉ်လိုင်းတစ်လိုင်းမှ ယာဉ်မောင်း ကိုဇော်မင်းက မျက်မြင်တွေ့ရှိမှု အခြေနေကို ပြောသည်။ အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ သေဆုံးသွားသူ ယာဉ်မောင်းနှစ်ဦးဖြစ်သော တွဲကားယာဉ်မောင်း ဦးမိုးနိုင်ဌေးနှင့် ခရီးသည်တင် ယာဉ်မောင်း ဦးစိုးတင့်တို့အား (ပ) ၃၇/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က၊ ၃၃၈၊ ၃၃၇ တို့ဖြင့် အင်းမနယ်မြေ ရဲစခန်းတွင်
အမှုဖွင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

(Ladies News Journal)

https://www.facebook.com/News.TheLadies/

No comments:

Post a Comment