iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, December 17, 2015

ဂျာမနီ က Facebook ရုံးခွဲကို တိုက်ခိုက်ဖျက်ဆီးခံရ



ဖျက်ဆီးရေးသမားတွေဟာ ဂျာမနီနိုင်ငံ ၊ ဟမ်းဘတ် မြို့မှာရှိတဲ့ Facebook ရုံးခွဲကို မှန်တွေ ရိုက်ခွဲခြင်း ၊ နံရံပေါ်မှာ "Facebook Dislike" ဆိုတဲ့စာသားများကို မှုတ်ဆေးဘူးများဖြင့် ရေးသားခြင်း စတဲ့ လုပ်ရပ်တွေနဲ့ ထိခိုက်နစ်နာစေခဲ့တယ်လို့ ဟမ်းဘတ်မြို့ရဲ တပ်ဖွဲ့က ဆိုပါတယ်။

အခုလို လူမှု ကွန်ရက် ရုံးခန်းတစ်ခုကို ညကြီးအချိန်မတော် တိုက်ခိုက်ဖျက်ဆီးခဲ့မှုကို လူဦးရေ ၁၅ ယောက်နေ ၂၀ ကြားရှိတဲ့ အဖွဲ့တစ်ဖွဲ့ က ဆောင်ရွက်ခဲ့တာဖြစ်ပြီး သူတို့အားလုံးဟာ အနက်ရောင် အ၀တ်အစားတွေနဲ့ ခေါင်းစွပ်တွေ ၀တ်ထားကြတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းရေးသားထားပါတယ်။ စုံစမ်းစစ်ဆေးမှုကတော့ စတင်နေပြီဖြစ်ပါတယ်။

Facebook ကုမ္မဏီ ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က ပြောကြားခဲ့တာကတော့ အဆိုပါ ဖြစ်ရပ်မှာ တစ်စုံတစ်ယောက်မှ ထိခိုက်နာကျင်ခဲ့ခြင်းမရှိဘူးဆိုတာပါပဲ။

ဂျာမနီမှာရှိတဲ့ Facebook ရဲ့ ဥရောပ တိုက်ဆိုင်ရာ ရုံးချုပ် ဟာ လူမှုကွန်ရက်ရဲ့ လူမျိုးရေးခွဲခြားတဲ့ စကားတွေကို Facebook ပေါ်က ဖယ်ရှားပေးဖို့ ပျက်ကွက်ခဲ့မှုအတွက်လည်း စုံစမ်းစစ်ဆေးခြင်း ခံနေရပါတယ်။ ထို စုံစမ်းစစ်ဆေးမှုကို ပြီးခဲ့တဲ့ လ က စတင်ခဲ့တာဖြစ်ပြီး ဂျာမနီနိုင်ငံရေးသမားတွေနဲ့ အနုပညာရှင်တွေက နိုင်ငံခြားသားတွေကို ဆန့်ကျင်ပြီး လူမျိုးရေးခွဲခြားနေတဲ့ ထင်မြင်ချက်တွေကို Facebook ပေါ်ကနေ ဖယ်ရှားပေးဖို့တောင်းဆိုခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ Facebook ရဲ့ ဥရောပ တိုက်ဆိုင်ရာ စီမံခန့်ခွဲရေး ဒါရိုက်တာ Martin Ott ကတော့ လူမျိုးရေးခွဲခြားတဲ့ ပြောဆိုမှုတွေကို လူမှုကွန်ရက်ပေါ်မှာ တားမြစ်နိုင်မယ့် စနစ်တစ်ခုကို ထုတ်လုပ်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ဒီကိစ္စမှာ တာဝန်အရှိဆုံး ပုဂ္ဂိုလ်အဖြစ် အမှု ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

( Mario )

No comments:

Post a Comment