iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, December 18, 2015

ဇော်​ဂျီ​က​နေ ​ယူ​နီ​ကုတ်​ကို ​ပြောင်း​သုံး​မယ်​ဆို​လျှင် (FROM -ညီနေမင်း)


မ​င်္ဂ​လာ​ပါ ​ဇော်​ဂျီ​အ​သုံး​ပြု​သူ​များ
 သင့်​အ​နေ​ဖြင့် ​ဝင်း​ဒိုး​တွင် ​ယူ​နီ​ကုဒ် ​အ​သုံး​ပြု​ချင်​လျှင် ​အောက်​ပါ​ညွှန်​ကြား​ချက်​များ​ကို ​လိုက်​နာ​ပါ.. ​သင်​အ​ဆင်​ပြေ​သွား​ပါ​လိမ့်​မည်..


Windows ​မှာ ​မြန်​မာ​ယူ​နီ​ကုတ် ​ကို ​အ​သုံး​ပြု​ချင်​သူ​များ​အ​တွက် ​နည်း​လမ်း​များ​နဲ့ ​အ​မှန်​မ​ထင် ​ကြုံ​တွေ့​လေ့​ရှိ​တဲ့ ​အ​ခက်​အ​ခဲ​များ​ကို ​အောက်​မှာ ​လေ့​လာ​ကြည့်​နိုင်​ပါ​တယ်... 

Windows ​မှာ ​မြန်​မာ​ယူ​နီ​ကုဒ် ​ထည့်​နည်း​နှင့် ​ထည့်​တဲ့​အ​ချိန်​မှာ ​ဖြစ်​တတ်​သော ​အ​ခက်​အ​ခဲ​များ။

အောက်​ပါ​အ​တိုင်း​လုပ်​ဆောင်​ပေး​ပါ။

၁။ ​ယူ​နီ​ကုဒ်​ဖောင့် ​တ​ခု​ခု​ကို ​ဒေါင်း​ပြီး install ​လုပ်​ပါ။


 အောက်​ဖော်​ပြ​ပါ ​ဖောင့်​များ​သည် Unicode ​စံ​သတ်​မှတ်​ချက်​အ​တိုင်း ​အ​ပြည့်​အ​ဝ ​လိုက်​နာ​သော ​ဖောင့်​များ​ဖြစ်​သ​ဖြင့် ​မိ​မိ​စက်​အ​တွင်း ၄င်း​ဖောင့်​များ​တစ်​ခု​ခု​ရှိ​နေ​ရုံ​မျှ​ဖြင့် ​မည်​သည့် Unicode ​စာ​သား​များ​ကို​မ​ဆို ​ဖတ်​ရှု​နိုင်​မည်​ဖြစ်​သည်...

(​က) PyidaungSu Font

 ဗ​မာ, ​သ​က္က​တ/​ပါ​ဠိ, ​မွန်, ​ရှမ်း, ​စ​ကော​က​ရင်, ​ပိုး​က​ရင်(​အ​နောက်​ပိုင်း), ​ပိုး​က​ရင် (​အ​ရှေ့​ပိုင်း), ​ပ​အိုဝ်း, ​က​ယား, ​အ​ရှို​ချင်း, ​ပ​လေး​ပ​လောင်, ​ရူ​မာည်း​တ​အောင်း,​ခ​န္တီး​ရှမ်း, Aiton & Phake, ​တိုင်း​လျမ်​ခေါ်​ရှမ်း​နီ, ​ရွှေ​ပ​လောင်.)
ဒေါင်း​လုဒ်​လင့် --
http://goo.gl/hz9MvA

( ​ခ) Myanmar 3 Font (​တိုင်း​ရင်း​သား​စာ​များ ​မ​ပါ) ၊ ​ဒေါင်း​လုဒ်​လင့်
http://goo.gl/BAcFTw

( ​ဂ) ​သာ​လွန်​ဖောင့် (Burmese, Mon, Shan, Karen, Pa'o, Asho Chin, Kayah and Karenni) 
http://goo.gl/YszwuJ


(​ဃ) ​အ​ခြား​ယူ​နီ​ကုဒ်​ဖောင့်​များ 
http://goo.gl/Ntlf72


အ​ထူး​သ​ဖြင့် Windows 8, 8.1 ​တို့​တွင် Myanmar text Unicode font ​သည် ​အ​လို​လျှောက် ​ထည့်​သွင်း​ပြီး​သား​ဖြစ်​ပါ​သည်....

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

၂။ Unicode font ​ထည့်​သွင်း​ပြီး​သည်​နှင့် ​စာ​ရိုက်​စ​နစ် ​ကီး​ဘုတ် ​တ​ခု​ခု​ကို ​ထဲ့​သွင်း​ရ​ပါ​မည်။

(​က) ​သင်​ပုန်း​ကြီး​အ​တိုင်း​ရိုက်​ချင်​ရင် KeyMagic ​က ​မြန်​စံ ​လက်​ကွက် ​ကို ​သုံး​ပါ။

Keymagic
http://goo.gl/0RwIm5

( ​ခ) Windows 8 , 8.1 ​တွင် Unicode ​စည်း​မျဉ်း​အ​တိုင်း ​ရိုင်​နိုင်​သည့် ​မြန်​မာ​လက်​ကွက် ​အ​လို​လျှောက်​ထည့်​သွင်း​ပြီး​သား​ဖြစ်​သည်.. ​ထို့​ကြောင့် Control panel > Language ​ထဲ​သို​သွား​၍ Add Languages ​ခ​လုတ်​ကို​နှိပ်​ပါ.. ​ထို့​နောက် ​ရှာ​ဖွေ​သည့် Search ​နေ​ရာ​တွင် burmese ​ဟု ​ရိုက်​၍ ​ရှာ​ဖွေ​ပါ.. ​မြန်​မာ​စာ / Burmese ​ဆို​သည်​ဖိုင်​လေး​ပေါ်​လာ​သည်​ကို​တွေ့​လျှင် ၄င်း​အား​ရွေး​ချယ်​၍ Add ​ကို ​နှိပ်​လိုက်​ပါ​က ​မြန်​မာ​စာ Unicode ​စာ​ရိုက်​စ​နစ်​ထည့်​သွင်း​ပြီး​သွား​မည်​ဖြစ်​ပါ​သည်.. ​စာ​ရိုက်​လို​ပါ​က Alt + Shift ​ဖြင့် ​ပြောင်း​ပြီး​ရိုက်​နိုင်​ပါ​သည်။

( ​ဂ) Windows XP , 7 ​တို့​တွင် Window 8 ​မှာ​ပါ​သည့် ​ကီး​ဘုတ် ​လက်​ကွက်​အ​တိုင်း ​အ​သုံး​ပြု​ချင်​ရင်

ယူ​နီ​ကုဒ် ​စာ​လုံး​စီ​ပုံ​အ​တိုင်း​ရိုက်​နိုင်​တဲ့ ​ကီး​ဘုတ်
http://goo.gl/4PhZSX

xxxxxxxxxxxxxxxxxxxxxxxx

၃။ browser ​မှာ ​ဖောင့် ​ပြောင်း​ပေး​ပါ။

Chrome ​အ​သုံး​ပြု​သူ​များ​အ​တွက်

Menu button >> Settings >> Show Advanced Setting >> Web content ​ဆို​တဲ့ ​နေ​ရာ​မှာ Customize Font ​ကို​နှိပ်​ပြီး Sans-serif Font ​နေ​ရာ​မှာ ​ယူ​နီ​ကုဒ်​ဖောင့် ​တ​ခု​ခု ​ရွေး​လိုက်​ရင် ​ရ​ပါ​ပြီ။ Encoding ​ကို Unicode(UTF-8) ​ပြောင်း​ထား​ပါ။

Chrome ​မှာ Unicode ​ရော ​ဇော်​ဂျီ​ရော ​တစ်​ပြိုင်​တည်း​ဖတ်​ချင်​ရင် Chrome Extension ​ဖြစ်​တဲ့ Parallel Universe ​ဆို​တာ​ကို ​သုံး​နိုင်​ပါ​တယ်.. ​အောက်​က​လင့်​ကို ​နှိပ်​ပါ ​ပြီး​လျှင် Add to Chrome ​ကို​နှိပ်​ပါ.. Add ​ပြီး​သွား​လျှင် Chrome browser ​၏ ​ညာ​ဘက်​အ​ပေါ် ​ထောင့်​တွင် ​က​ကြီး​ခ​ခွေး ​အိုင်​ကွန်​လေး​ပေါ်​နေ​ပါ​လိ့မ်​မယ် .. ​အဲ​ဒါ​ကို​နှိပ်​ပြီး ​ဇော်​ဂျီ​ဖြစ်​ဖြစ် unicode ​ဖြစ်​ဖြစ် ​တစ်​ပြိုင်​တည်း​ကြည့်​လို့​ရ​ပါ​မယ် 
http://goo.gl/UvFTwi

Mozilla Firefox ​အ​သုံး​ပြု​သူ​များ​အ​တွက်

Menu button > Options> Content Tab>
Default Font ​မှာ ​သွင်း​ထား​တဲ့ ​မြန်​မာ ​ယူ​နီ​ကုဒ်​ဖောင့် ​တ​ခု​ခု​ကို ​ရွေး​ပြီး OK ​နှိပ်​လိုက်​ရင် ​ရ​ပါ​ပြီ။
Firefox ​မှာ Unicode ​ရော ​ဇော်​ဂျီ​ရော ​တစ်​ပြိုင်​တည်း​ဖတ်​ချင်​ရင် Firefox Addon ​တစ်​ခု​ဖြစ်​တဲ့ Parallel Universe ​ဆို​တာ​ကို ​သုံး​နိုင်​ပါ​တယ်.. ​အောက်​က​လင့်​ကို ​နှိပ်​ပါ ​ပြီး​လျှင် Download Now ​ကို​နှိပ်​ပြီး ​သွင်း​လိုက်​ပါ..
http://goo.gl/ZJidbT

Maxthon ​အ​သုံး​ပြု​သူ​များ​အ​တွက်
Maxthon menu button (Alt +F) > Settings > Advanced ​ကို​သွား​ပြီး Webpage Display ​နေ​ရာ​မှာ Web page font ​ကို Select ​ခ​လုတ်​က​နေ Unicode ​ဖောင့်​တစ်​ခု​ခု​ရွေး​ပေး​လိုက်​ရင် ​ရ​ပါ​ပြီ။

IE ​အ​သုံး​ပြု​သူ​များ​အ​တွက်
Control panel > Internet Options ​ကို​သွား​ပြီး Fonts ​ခု​လုတ်​ကို​နှိပ်​၍ Unicode font ​တစ်​ခု​ခု​ကို ​ရွေး​ပေး​လိုက်​ပြီး OK ​နှိပ်​ပါ၊ ​ထို့​နောက် Accessibility ​ခ​လုတ်​ကို ​ထပ်​နှိပ်​၍ User Style sheet ​ဆို​တဲ့​နေ​ရာ​မှာ Format documents using my style sheet ​ဆို​တာ​ကို ​အ​မှန်​ခြစ်​ဖြုတ်​လိုက်​ပါ OK ​နှိပ်​လိုက်​ပါ .. ​အ​စ​က​တည်း​က ​အ​မှန်​ခြစ်​မ​ထား​ရင်​လည်း ​ဒီ​တိုင်း​ပဲ Ok ​နှိပ်​လိုက်​ပါ..

****************
အဲ​ဒါ​တွေ ​လုပ်​ပြီး​ရင် ​ယူ​နီ​ကုဒ်​ကို ​မြင်​နိုင်​ပါ​ပြီ။
*************************

ကြုံ​တွေ့​နိုင်​သော ​အ​ခက်​အ​ခဲ​များ

( ၁) ​အ​ရင် ​က PC Viber ​သုံး​လို့​ပဲ ​ဖြစ်​ဖြစ် GTalk ​သုံး​လို့​ပံ ​ဖြစ်​ဖြစ် ​ဇော်​ဂျီ​စာ ​မြင်​ရ​ဖို​အ​တွက် ​နို​ဂို ​စက်​ထဲ​ပါ​သော Arial ​ဖောင့်​ကို Zawgyi ​နဲ့ ​အ​စား​ထိုး​ထား​သည်​များ​ရှိ​ပါ​သည်။ ​ထိုarial Zawgyi ​ဖောင့်​ရှိ​ပါ​က ​မည်​သည့်​နေ​ရာ​တွင်​မှ ​မြန်​မာ​ယူ​နီ​ကုဒ်​စာ​များ ​မ​မှန်​ကန်​ပါ။ Addon ​များ​မှာ​လဲ ​အ​ဆင်​မ​ပြေ​ဖြစ်​တတ်​ပါ​သည်။

ဖြေ​ရှင်း​နည်း 
မူ​ရင်း Arial ​ဖောင့်​ကို ​ပြန်​ထဲ့​ပေး​လိုက်​ပါ။
http://goo.gl/edRoUH

Replace ​လုပ်​မည်​ပြော​လာ​ပါ​မည်။ OK ​နှိပ်​လိုက်​ပါ။
ယူ​နီ​ကုဒ်​စာ​များ ​မ​မြင်​ရ​သေး​ပါ​က Restart ​ချ​ပါ။ ​မြင်​ရ​လျှင် ​ပြီး​ပါ​ပြီ။

( ၂) Arial ​ပြန်​ထဲ့​ရုံ​ဖြင့် ​အ​ဆင်​မ​ပြေ​သေး​ပါ​က PC Viber ​နောက် version ​အ​တွက် mmsd-viber.ttf ​ကို ​ထည့်​ထား​တာ​ဖြစ်​နိုင်​ပါ​သည်။ Control Panel > Fonts > ​ထဲ​မှာ KaYin2014 ​ဆို​တဲ့ ​ဖောင့်​ကို ​ရှာ​ပါ။ ​တွေ့​လျှင်​ဖျက်​လိုက်​ပါ။ ​အ​ပေါ်​က​အ​တိုင်း ​ယူ​နီ​ကုဒ်​စာ​များ ​မြင်​ရ​လား ​စစ်​ပါ။ ​မ​မြင်​ရ​သေး​လျှင် Restart ​ချ​ကြည့်​ပါ။ ​မြင်​ရ​လျှင် ​ပြီး​ပါ​ပြီ။

( ၃) ​အ​ပေါ်​က ၂​နည်း​အ​တိုင်း​အ​ဆင်​မ​ပြေ​သေး​ဘူး​ဆို​လျှင်
Window 8 ​တွင် ​ဆို​လျှင် Registry ​ကို​ပြင်​ကြည့်​ပါ​မည်။
https://www.facebook.com/groups/mmUnicode/968916099785563/
ဒီ​အ​ထဲ​က ​အ​တိုင်း​လုပ်​ကြည့်​ပါ။
restart ​ချ​ကြည့်​ပါ။ ​အ​ဆင်​ပြေ​ရ​ပါ​မည်။ (​မှတ်​ချက် Window 8 ​နှင့် 8.1 ​အ​တွက်​သာ)

( ၄) Chrome ​အ​တွက်​ဆို​လျှင် ​တော့ ​ဒီ​အ​ဆင်​တွေ ​ပြီး​ရင် ​ရ​သင့်​နေ​ပါ​ပြီ။
Mozilla Firefox ​မှာ ​ဖောင့် ​ပြောင်း​ပြီး​လို့ ​မ​ရ​သေး​ဘူး ​ဆို​လျှင်-
- Firefox ​ကို ​ဖွင့်​ပါ။
- address bar ​မှာ about:config ​ဟု​ရိုက်​ထဲ့​ကာ Enter ​ခေါက်​ပါ
- ​ပေါ်​လာ​တဲ့​အ​ထဲ​မှာ address bar ​အောက်​နား​မှာ Search : ​ဆို​တာ ​ရှိ​ပါ​သည်။
- ​အဲ​ဒီ​အ​ထဲ​မှာ font.name ​ဟု ​ရိုက်​ထဲ့​လိုက်​ပါ။ ​စာ​လုံး​အ​မဲ​ဖြင့် Bold ​ဖြစ်​နေ​သော ​တန်​ဖိုး​များ​က ​ပြင်​ထား​သော ​အ​ရာ​များ ​ဖြစ်​ပါ​သည်။ ​အဲ​ဒီ​တွေ​အ​ထဲ​မှာ Zawgyi ​ကို ​လိုက်​ရှာ​ပါ။ ​တွေ့​လျှင် ​အဲ​ဒီ​တန်​ဖိုး​အ​ပေါ်​မှာ double click ၂​ချက်​နှိပ်​လိုက်​ပါ။ ​ပြီး​လျှင် ​ပေါ်​လာ​တဲ့ text box ​ထဲ​က ZawgyiOne ​ဆို​တဲ့ ​တန်​ဖိုး​ကို ​ဖျက်​လိုက်​ပါ။ ​တွေ့​သ​မျှ ​အ​ကုန်​ဖျက်​ပါ။ ​တန်​ဖိုး​တ​ခု​လုံး​ကို ​ဖျက်​ခိုင်း​တာ ​မ​ဟုတ်​ပါ​ဘူး။ ​အ​ထဲ​က ​တန်​ဖိုး​ကို​ပဲ ​ဖျက်​လိုက်​ပါ။
- ​အ​ဓိ​က ​က​တန်​ဖိုး​က
font.name.serif.x-unicode ​အဲ​ဒီ​တန်​ဖိုး​ဖြစ်​ပါ​သည်။ ​အဲ​ဒါ​မှာ ZawgyiOne ​တွေ့​ပါ​က ​ဖျက်​ပြစ်​လိုက်​ပါ။ default ​က Times New Roman ​ပါ။ ​ပြင်​ချင်​ရင် ​ပြင်​ထား​ခဲ့​ပါ။ ​တ​ကယ်​လို့ www.google.com.mm ​မှာ ​မြန်​မာ​စာ​တွေ ​လေး​ထောင့်​တုံး​တွေ​ပဲ​ပေါ်​ရင် ​အဲ​ဒီ​တန်​ဖိုး​ထဲ​မှာ ​ယူ​နီ​ကုဒ်​ဖောင့်​တ​ခု​ခု​ရဲ့ ​နာ​မည်​ကို ​ထည့်​ခဲ့​ပါ။ ​နာ​မည်​တွေ​ကို Fonts ​ထဲ့​မှာ ​ရှာ​နိုင်​ပါ​သည်။ ​ဥ​ပ​မာ Myanmar3, Pyidaungsu, Tharlon ​ပါ။ Firefox fonts Setting ​ကို Options > Content tab ​ထဲ​မှာ ​နောက်​တ​ခါ setting ​ပေး​ပါ။ ​ယူ​နီ​ကုဒ်​ဖောင့် ​တ​ခု​ခု​ကို ​ပြန်​ပြောင်း​ပေး​လိုက်​ပါ။ ​ဒါ​မှ ​မ​ရ​လျှင် ​မ​ရ​တာ ​ထပ်​တာ ​လာ​မေး​တော့ ​ဗျာ။
Zawgyi ​နဲ့​သာ ​ပေါက်​တတ်​က​ရ ​လုပ်​မ​ထား​ခဲ့​ဘူး​ဆို​လျှင် ​မြန်​မာ​ယူ​နီ​ကုဒ်​ဖောင့်​ထည့်​ထဲ့​တာ​ကော ​ဇော်​ဂျီ​ဖောင့်​ကို ​ပြန်​ပြောင်း​တာ​ကော ​အဲ​လောက် ​မ​ခက်​တော့​ပါ။ ​ဖြစ်​နိုင်​လျှင်​တော့ ​ကိုယ်​လုပ်​တာ ​ကိုယ်​မှတ်​ထား​တာ ​အ​ကောင်း​ဆုံး​ပါ​ပဲ​ဗျာ။

ယ​ခု​ပို့စ်​အား ​အ​သေး​စိတ်​ရေး​သား​ပေး​သော ​ကို​ဆန်း​လင်း​နိုင်​အား ​အ​ထူး​ပင်​ကျေး​ဇူး​တင်​ရှိ​ပါ​ကြောင်း

No comments:

Post a Comment