iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Sunday, December 20, 2015

Google Translate Application အသုံးပြုစရာ မလိုတော့ပဲ Translate လုပ်နိုင်တော့မည်

Google-Tap-to-Translate

လက်ရှိအချိန်မှာ ဘာသာစကားတစ်ခုမှ အခြား ဘာသာစကားတစ်ခုသို့ ကူးပြောင်းဖို့ရန်အတွက် Android ဖုန်းတွေမှာ  Google Translate Application က ဝန်ဆောင်မှုပေးထားပါတယ်။ ဘာသာစကားပေါင်းမြောက်များစွာကို ပြောင်းလဲ ပြုလုပ်နိုင်တဲ့ Google Translate ကို အသုံးပြုဖို့အတွက် မိမိပြောင်းလိုတဲ့ စာသားကို ကူးယူပြီး Google Translate Application ထဲသို့ ထည့်ကာ မိမိပြောင်းလိုတဲ့ ဘာသာစကားကို ကူးပြောင်းနိုင်ရန်ရွေးချယ်ရပါတယ်။ ဒါကြောင့် နယူးဒေလီမှာ ကျင်းပပြုလုပ်တဲ့Google for India ဆိုတဲ့ Event ပွဲမှာ Google ရဲ့  Product Manager က Google Translate ကိုဘာသာစကားမြောက်မြားစွာကူးပြောင်းရာမှာလွယ်ကူစွာကူးပြောင်းနိုင်စေရန်အတွက်ပြုလုပ်လိုက်ပြီဖြစ်ကြောင်းကြေငြာလိုက်ပါတယ်
အိန္ဒိယ နိုင်ငံမှာရှိတဲ့ Google Translate အသုံးပြုသူတို့ဟာ ဟင်ဒီ ဘာသာစကားမှာ အင်္ဂလိပ်ဘာသာစကားသို့ အကြိမ်အရေအတွက် မြောက်များစွာ ပြောင်းလဲအသုံးပြုနေကြပါတယ်။ သူတို့ရဲ့ အခက်အခဲကတော့ မိမိပြောင်းလဲလိုတဲ့ ဘာသာစကား စာကြောင်းကို ကူးယူပြီး Google Translate Application သို့ ထည့်ကာ ဘာသာစကားရွေးချယ်ပြောင်းလဲရခြင်းက အရမ်းကို အလုပ်ရှုပ်စေတဲ့အပြင် အချိန်လည်း အရမ်းကြာပါတယ်။ ဒါကြောင့် Google အနေနဲ့ Google Translate ကို Android ဖုန်းတွေမှာ လွယ်ကူစွာ အသုံးပြုနိုင်ရန်အတွက် Floating Window Application အဖြစ်ပြောင်းလဲကာထုတ်လုပ်တော့မှာဖြစ်ပါတယ်။
Googles-Tap-to-Translate-makes-it-easy-to-understand-and-reply-to-messages-in-other-languages
ဘာသာစကားကူးပြောင်းလိုသူဟာ Application တစ်ခုမှ တစ်ခုသို့ ပြောင်းလဲ အသုံးပြုစရာ မလိုတော့ပဲ မိမိပြောင်းလဲလိုတဲ့ ဘာသာစကားကို Google Translate Floating Window feature ဖြင့် လွယ်ကူစွာ ပြောင်းလဲ အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။ ၄င်း Feature ပါဝင်တဲ့ Google Translate Application ကို 2016 ခုနှစ်ပထမလေးလပတ်မှာထုတ်လုပ်ပေးသွားမှာဖြစ်ပါတယ်။
Ref : TNW

No comments:

Post a Comment