iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, December 17, 2015

နည်းပြ Guardiola နဲ့ ရှုပ်ထွေးနေအုံးမယ့် အနာဂတ်





ဒီစပိန်သားနည်းပြကတော့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ လာမယ့်နွေမှာ စာချုပ်သက်တမ်းကုန်တော့မှာပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေ ရယူနိုင်နေတဲ့ ဒီနည်းပြကို အမဲဖျက်သလို ဝိုင်းဆွဲကြဖို့ အသင့်စောင့်နေတာကတော့ ပရီးမီးယားလိဂ်အသင်းတွေပါ။ သူကတော့ သူ့ရဲ့အနာဂတ်ကို မကြာခင်မှာ ထုတ်ဖော်ပြောကြားမယ်လို့ ပြောကြားထားပါတယ်။ သူဟာ မန်စီတီး ၊ မန်ယူ ၊ ချယ်လ်ဆီးစတဲ့ အသင်းတွေကိုလည်း ပြောင်းရွှေ့သွားနိုင်သလို အလိုင်းယန့်အရီနာမှာလည်း ဆက်နေသွားဖို့ အလားအလာတွေလည်း ရှိနေပါတယ်။ 

လာမယ့်တနင်္ဂနွေနေ့မှာ ဘာဗေးရီးယန်းအသင်းနဲ့ စပိန်သားတို့ကတော့ အနာဂတ်ကို ဆုံးဖြတ်ဖို့အတွက် အစည်းအဝေးတစ်ခုပြုလုပ်သွားမယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။ ဒီကိစ္စရပ်ဟာ ပဟေဠိဆန်လွန်းတယ်လို့ ထင်ရပြီး ဘယ်သူမှ အတိအကျမပြောနိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ Sky Sports က သုံးသပ်ပါတယ်။ 

Guardiola ဟာ ဘာစီလိုနာကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့လာတုန်းကလည်း သူ့ရဲ့ဆုံးဖြတ်ချက်ကို ဘယ်သူကမှ မသိခဲ့ရပဲ လျို့ဝှက်စီစဉ်ခဲ့တာပါ။ ဒါ့ကြောင့် အခုအခြေအနေဟာလည်း ဘာစီလိုနာအသင်းကနေ Guardiola  ပြောင်းရွှေ့ခဲ့သလို တိတ်တဆိတ်အနေအထားတစ်ခုနဲ့ ဘာမဆိုဖြစ်သွားနိုင်တယ်လို့လည်း သုံးသပ်နေကြပါတယ်။ ဒါ့ကြောင့် နည်းပြ Guardiola ရဲ့ အနာဂတ်ကတော့ သူကိုယ်တိုင်ဆုံးဖြတ်မှပဲ အသေအချာသိရမှာပါလို့ ပြောပါတယ်။ 

No comments:

Post a Comment