iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, December 21, 2015

Guardiola အား မန်စီးတီးအသင်းနည်းပြအဖြစ်ရာသီကုန်တွင် ခန့်အပ်ရန်သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း ဂျာမန်ရုပ်သံဆို


ဘိုင်ယန်မြူးနစ်အသင်းနည်းပြ Pep Guardiola အားရာသီကုန်တွင် အသင်းနည်းပြအဖြစ်ခန့်အပ်ရန်သဘောတူညီမှုရခဲ့ပြီဖြစ်ကြောင်း ဂျာမန်သတင်းဌာနတစ်ခု တွင်ဖော်ပြခဲ့သည်၊ Guardiola အနေဖြင့် 2016-2017 ရာသီမှစတင်ကာ မန်စီးတီးအသင်းအား စတင်ကိုင်တွယ်ရန် သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်၊

Guardiola ဟာပြီးခဲ့တဲ့ စနေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဟန်နိုဗာအသင်းနဲ့ အဝေးကွင်းပွဲစဉ်အပြီးမှာ မီဒီယာတွေက သူရဲ့အနာဂါတ်နဲ့ပတ်သက်ပြီးမေးခွန်းထုတ်ရာမှာ မနက်ဖြန်တနင်္ဂနွေနေ့ကျမှ သိရမယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်၊ သူဟာတနင်္ဂနွေနေ့မှာ ဘိုင်ယန်မြူးနစ်ကနေထွက်တော့မယ့်အကြောင်းကို ကြေငြာဖို့များနေပြီး သူ့နေရာမှာ လက်ရှိအသင်းလက်မဲ့ ဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဟောင်း Carlo Ancelotti ကအစားထိုးခန့်အပ်ခံရဖို့ ရေပန်းစားနေတာဖြစ်ပါတယ်၊

ဘိုင်ယန်မြူးနစ်အသင်းရဲ့ တာဝန်ရှိသူတွေကလည်း Guardiolaအနေနဲ့ သူတို့အသင်းနဲ့အတူ အတူသုံးနှစ်အကြာလက်တွဲပြီး ဘွန်ဒစ်လီဂါချန်ပီယံဆု အပါအ၀င် အခြားဖလားများရယူနိုင်ခဲ့ပြီးတော့ သက်တမ်းထပ်မံတိုးမြှင့်ဖို့ မဖြစ်နိုင်တော့ဘူးလို့ သိထားကြပြီး သူ့နေရာမှာရေရှည်အစားထိုးဖို့အတွက် Ancelotti ကိုခန့်အပ်ဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်၊ ဒီရာသီအစမှာ Ancelotti ကိုခန့်အပ်နိုင်ဖို့ စာချုပ်စာတမ်းကိစ္စတွေအတွက် သဘောတူညီမှု ရနိုင်အောင် သူတို့ရဲ့ အီတာလျှံကိုယ်စားလှယ်တစ်ဦးကို လွှတ်ပြီးကြိုးပမ်းနေကြတယ်လို့သိရပါတယ်၊


No comments:

Post a Comment