iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, December 17, 2015

မန်ယူမှာကစားဖို့ 'တစ်' ရာခိုင်နှုန်းလောက်သာရှိတော့လို့ မန်ယူကိုစွန့်ခွာလာတယ်ဆိုတဲ့ Hernandez


မန်ယူနည်းပြ Van Gaal ဟာ သူ့ကို အခွင့်အရေးမပေးနိုင်တော့တာကြောင့် အသင်းကို စွန့်ခွာလာတာဖြစ်တယ်လို့ လေဗာကူဆင် တိုက်စစ်မှူး Hernandez က ပြောပါတယ်။ Hernandez  ဟာ နည်းပြ Van Gaal ရဲ့ ရှေ့ဆက်အစီအစဉ်တွေမှာ မပါဝင်နိုင်တော့ဘူးလို့ အသိပေးခဲ့ပြီးတော့ မန်ယုအသင်းက လေဗာကူဆင်အသင်းကို ရောင်းချခဲ့တာပါ။ဒီမက္ကဆီကို တိုက်စစ်မှုးဟာ လေဗာကူဆင်အသင်းမှာ ခြေစွမ်းပြ ကစားနေပြီး နောက်ဆုံး၁၂ပွဲမှာ ၁၅ဂိုးအထိသွင်းယူထားနိုင်ပြီး မန်ယူအသင်းဟာ နောက်ဆုံး ၁၂ ပွဲမှာ သွင်းဂိုး ဆယ်ဂိုးသာရှိခဲ့တာကြောင့် ပြောစရာတွေဖြစ်လာခဲ့ပါတယ်။  

ဒါ့ကြောင့် မန်ယူအသင်းပရိသတ်တွေက Hernandez ကို ရောင်းချလိုက်တာကို စိတ်ပျက်လျက်ရှိနေကြပြီး ဂိုးရဖို့အတွက် Martial တစ်ယောက်တည်းကို အားပြုနေရတာတွေကို ထောက်ပြလာကြပါတယ်။ 

Van Gaal ဟာ ရာသီအစမှာ ဖာဂူဆန်လက်ထက် မန်ယူတိုက်စစ်မှူးတွေဖြစ်တဲ့ Van Persie , Hernandez တို့ကို အသင်းကနေ ရုံခါပစ်ခဲ့ပါတယ်။ ဒါ့အပြင် လူငယ်တိုက်စစ်မှုး James Wilson ကိုလည်း Brighton အသင်းကို အငှားချပစ်ခဲ့ပါတယ်။ Chicharito (ပဲစိမ်းလုံးလေး) လို့ မန်ယူဖန်တွေ
ချစ်စနိုးခေါ်လေ့ရှိတဲ့ Hernandez ကတော့ လက်ရှိနည်းပြ Van Gaal ဟာ Ferguson ရဲ့ ခြေရာကို လုံးဝမမှီဘူးလို့လည်းပြောပါတယ်။ 

“Van Gaal က ကျွန်တော့်ကိုပြောပါတယ်။ သူ့မှာ လက်ရုံးတိုက်စစ်မှူးတွေ ရှိနေပြီး ကျွန်တော့်ကို အသင်းမှာ နေချင်ရင်နေ မနေချင်ရင်ပြောင်းဆိုတဲ့ ပုံစံမျိုးနဲ့ ကျွန်တော့်ကို ပ,ထုတ်ခဲ့ပါတယ်။ဘုတ်အဖွဲ့ကလည်း ရီးရဲလ်မက်ဒရစ်ကို အငှားသွားနိုင်ကြောင်းပြောခဲ့ပါတယ်။ ကျွန်တော်လည်း မငြင်းပဲသွားခဲ့ပါတယ်။ပြီးတော့ ကျွန်တော်မန်ယူကို ပြန်လာခဲ့ပါတယ်။ ”


" ကျွန်တော်အခွင့်အရေးတွေ ပိုရလာမယ်လို့လည်း မျှော်မှန်းလာခဲ့ပါတယ်။ ဒါပေမယ့်  ကျွန်တော့်မှာ ကစားခွင့် ရဖို့ အခွင့်အရေး ၁%ပဲရှိကြောင်း ဗန်ဟားက တစ်နေ့မှာ ကျွန်တော့်ကိုခေါ်ပြောပါတယ်။ ဒါ့ကြောင့် ကျွန်တော် လေဗာကူဆင်ကိုပြောင်းခဲ့တာပါ။ ဒီအသင်းကို စရောက်ကတည်းက ကျွန်တော်အရေးပါသလို စခံစားရပြီး ဂိုးတွေသွင်ဖို့လည်း ယုံကြည်မှုရခဲ့ပါတယ်။ ကျွန်တော်  Ferguson ကိုတော့ လုံးဝကျေးဇူးတင်ပါတယ် သူဟာ အသင်းကိုကိုင်တွယ်ရာမှာ သမိုင်းတစ်လျှောက်အကောင်းဆုံးနည်းပြပါပဲ။ သူ့လက်ထက်မှာ ကစားသမားတိုင်းအခွင့်အရေးရှိပါတယ်။ အနိမ့်ဆုံး ကစားသမားတောင်တစ်ရာသီကို ၁၅ပွဲလောက် အနည်းဆုံးကစားရပါတယ်။ သူနဲ့ တွဲခဲ့ရတာ ကျွန်တော့်ဘဝရဲ့ အကောင်းဆုံး အတွေ့အကြုံ
ပါပဲ။ သူဟာ ကျွန်တော့်ကို ဥရောပဘောလုံးလောကဆီခေါ်ခဲ့ပြီး ကျွန်တောလည်း ဖလားနှစ်ကြိမ်ကိုင်မြှောက်ခွင့်ရခဲ့ပါ
တယ်။ " 

မန်ယူအသင်းရဲ့ ပရိတ်သတ်တွေကတော့ ဗန်ဟားရဲ့ လုပ်ပုံတွေကို သဘောမကျဖြစ်နေပါတယ်။ သန်း၂၅၀လောက်သုံးခဲ့ပြီး တည်ဆောက်ခဲ့တဲ့ အသင်းဟာ ၇.၅သန်းနဲ့ရောင်းထုတ်ခဲ့တဲ့ မန်ယူဖန်တွေရဲ့အချစ်တော် Hernandez တစ်ယောက်တည်းသွင်းတဲ့ ဂိုးကိုတောင် မမီနိုင်တာဟာ အတော်ကို ခံပြင်းစရာကောင်းနေခဲ့ပါတယ်။

No comments:

Post a Comment