iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, December 23, 2015

ဟောလိဝုဒ် မော်ဒယ် Kim Kardashian ရဲ့ Emoji iOS application

kim

kim 1

kim 2

kim 3

မြောက်မြားစွာသော Emoji application တွေကို အသုံးပြုဖူးကြမှာ အသေချာပါပဲ။ ဒါ့အပြင် iOS ရော ၊ Android ရော OS နှစ်မျိုးစလုံးက ပေးထားတဲ့ Emoji တွေကလည်း များပြားလွန်းတာကြောင့် အမျိုးမျိုးသော Emoji ကို မြင်ဖူးပြီးသားဖြစ်ကြပါတယ်။ အခုနောက်ပိုင်းမှာလည်း Application ကုမ္ပဏီ တော်တော်များများက မြောက်များစွာသော Emoji တွေကို ထည့်သွင်းအသုံးပြုခွင့်ပေးနေကြပါပြီ။ Facebook ကလည်း ချစ်စရာကောင်းတဲ့  Emoji တွေကို ထည့်သွင်းတဲ့အခါ ပေးသလို ၊ Apple ကလည်း သူတို့ရဲ့  Products တိုင်းမှာ မြန်မာနိုင်ငံရဲ့ အလံကို Emoji အဖြစ် အသုံးပြုခွင့်ပေးထားပါတယ်။ ဒါ့အပြင် မကြာသေးမီက Whatsapp application ကလည်း လက်ခလယ်ထောင်တဲ့ Emoji ကို အသုံးပြုခွင့်ပေးထားပါသေးတယ်။
ဒါပေမဲ့ မိုဘိုင်းဖုန်းအသုံးပြုသူတို့ အနေနဲ့  ဟောလိဝုဒ် မော်ဒယ်တစ်ယောက်ရဲ့  ကိုယ်ခန္ဓာ အစိတ်အပိုင်း နဲ့  သူမရဲ့ ပြောစကားတွေကို Emoji အဖြစ်ဖန်တီးထားတာကိုတော့ တစ်ခါမှ တွေ့ဖူးမှာမဟုတ်ပါဘူး။ ဒီအတွက်ကြောင့် Apple က App Store မှာ ဟောလိဝုဒ် မော်ဒယ်တစ်ယောက်ရဲ့  ကိုယ်ခန္ဓာအစိတ်အပိုင်းနဲ့ သူမရဲ့ ပြောစကားများကို Emoji အဖြစ်ဖန်တီးထားတဲ့ Application ကို တင်ခွင့်ပေးပြီး ရောင်းချ အသုံးပြုခွင့်ပါ ပေးခဲ့ပါတယ်။ ၄င်း မော်ဒယ်ကတော့ ဟောလိဝုဒ်မှာ ညှို့အားပြင်းတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ နာမည်ကြီးနေတဲ့ Kim Kardashian ပဲဖြစ်ပါတယ်။
iOS အသုံးပြုသူတို့အနေနဲ့ Kim Kardashian ရဲ့  ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ သူမရဲ့ ပြောစကား များကို ဖန်တီးထားတဲ့ Emoji Application ကို App Store မှာ ၁.၉၉  ဒေါ်လာနဲ့ ဝယ်ယူ အသုံးပြုနိုင်ပြီး မိမိရဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီကို Kim Kardashian ရဲ့  Emoji လေးတွေ ပေးပို့နိုင်ပါပြီ။ မော်ဒယ် Kim Kardashian ရဲ့  Emoji ကို Whalerock Digital Media ဆိုတဲ့ ကုမ္ပဏီ တစ်ခုက ပြုလုပ်ခဲ့တာဖြစ်ပြီး application ရဲ့ အမည်ကိုတော့ Kimoji App  လို့ အမည်ပေးထားပါတယ်။ Kimoji ကိုတော့ အောက်က Link မှာ ဝယ်ယူ အသုံးပြုနိုင်ပါတယ်။
App Store Link >>> https://itunes.apple.com/us/app/kimoji/id1068019093?mt=8
Ref : TNW
Aung Ko Htet (MMA)
#aungkohtet_mma

No comments:

Post a Comment