iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, December 16, 2015

လူအသုံးများတဲ့ Mozilla Firefox မှာ Website တွေဝင်ရင်ကြောငြာတက်လာကို Block ထုတ်နည်း




အကိုရေ .Website တွေ ၀င်ရင်ကြောငြာတက်လာလို့ ဘယ်လို့ လုပ်ရမလည်း ...မေးထားတဲ့ ညီငယ်လေးတစ်ယောက်အတွက် ကျနော် သိသလောက် ကွန်ပျုတာထဲ့မှာ ဘာSoftware မှ ထည့်စရာမလိုပဲ အလွယ်ဆုံး Block နည်းလေးကို တင်ပေးလိုက်ပါတယ်။ ဟုတ်ပါတယ် Website လိုက်ရင်Web Page တွေကို တချက်ကလစ်လိုက်ရင် ကြေငြာ ၃ခု ၄ခု တတ်လာတာကို လူတိုင်း ကြုံဖူးမှာပါ.အဲ့ဒီ ကြေငြာတွေကြောင့် စိတ်ညစ်ရတယ်။နိုင်ငံခြား ဆိုဒ်တွေမှာ ပိုးဆိုးပေါ့။  ဒီနည်းလမ်းကို အသုံးပြုခြင်းလည်း Internet Speed လည်းနှေးမသွားပါဘူး။သိပြီးသား သူတွေအတွက် မခက်သလို့ မသိကြသေးတဲ့ သူငယ်ချင်းတွေအတွက် အောက်မှာ ပုံနှင့် တကွပြထားပေးပါတယ် . လေ့လာကြည့်သွားပါဗျာ။


ပထမဦးဆုံး အသုံးပြုနေတဲ့ Mozilla Firefox Browser ကို ဖွင့်လိုက်ပါ။.Browser ရဲ့ အပေါ်မှာ ဘာတန်းမပေါ်သေးရင် မောက်ကိုဘယ်ဖက်ကလစ်ပါ Menu Bar ဆိုတာလေးကို နှိပ်လိုက်ပါ။ အပေါ်မှာ လုပ်ပြထားပါတယ်။


ဘာတန်းရဲ့ အပေါ်မှာ Tools ကိုနှိပ်ပြီး Add ons  ဝင်လိုက်ပါ


Add-ons.Manager  ဘောက်လေးကျလာရင်  အဲ့ဒီမှာ Search  ဆိုတာ ရှိပါတယ်။ Search နေရာမှာAdblock Edge ရေးပြီး ကီးဘုတ်က Enter တစ်ချက်ခေါက်လိုက်ပါ။


ပုံမှာပြထားတဲ့ အတိုင်း Adblock တတ်လာရင် ညာဘက်က မြားပြ ထားတဲ့  Install ကို နိပ်လိုက်ပါ။ Install ကိုနိပ်ပြီး ရင် Add-ons က Download တတ်နေပါပြီ။ ပြည့်ရင် .Browser ကို  ပိတ်ပြီးပြန်ဖွင့်လိုက်ပါ။  အခုသွင်းထားတဲ့ Adblock Edge က Website တွေ ဝင်ရင် ကောင်းကောင်းအလုပ်လုပ်ပါပြီ။ ဘယ် Website ၀င်ဝင် အာရုံနောက်စရာ ကြေငြာတွေ တတ်မလာတော့ပါဘူး။ အားလုံး အဆင်ပြေကြလိမ့်လို့ မျှော်လင့်ပါတယ် ခင်ဗျာ။


အဆင်ပြေကြပါစေ။
-------------------
 လင်း(စွယ်စုံ)
  www.linmss.org

No comments:

Post a Comment