iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, December 24, 2015

MTK Device များ Flashtool Firmware နဲ့ Firmware ပြန်တင်တဲ့အခါ Firmware တင်ခြင်းအောင်မြင်ပေမဲ့ Vibrate တစ်ချက်သာတုန်ပြီး Power မတက်တာဘာကြောင့်လဲ ???

MediaTek

MTK Device များမှာဖြစ်တက်တဲ့ Flashtool Firmware နဲ့ Firmware တင်တဲ့အခါ Firmware တင်ခြင်းအောင်မြင်ပေမဲ့ Vibrate တစ်ချက်သာတုန်ပြီး Power မတက်တဲ့အခြေအနေနဲ့ကြုံတဲ့ အခါဘာကြောင့် ဖြစ်တာလဲဆိုတာလေးကို ကျတော်တွေ့ကြုံသိရှိထားသလောက်လေး ပြန်လည်အကြံပြု မျှဝေပေးချင်ပါတယ် ခင်ဗျာ။ ကျတော်တွေ့ကြုံရင်း အဆင်ပြေတာလေးကိုပြန်လည် မျှဝေပေးတာဖြစ်တာကြောင့် အဆင်မပြေတာရှိရင် နားလည်ပေးစေချင်ပါတယ်။ ကျတော်တွေ့ကြုံဖူးတာကတော့ ကျတော် G730-U00 မှာ Firmware ကို dload နဲ့တင်တာမရတာနဲ့ အကောင်းတစ်လုံးကနေ Back-up ဆွဲထုတ်ပြီး Back-up Firmware နဲ့ Firmware တင်ကြည့်ပါတယ်။ အားလုံးအဆင်ပြေပြေနဲ့ SP Flashtool မှာ Firmware တင်တာအောင်မြင်ပါတယ်။ ဒါပေမဲ့ ဖုန်းမှာတော့ Vibrate တစ်ချက်တာတုန်ပြီး Power ဆက်မတက်လာတော့ပါဘူး။ ဒါနဲ့ ကျတော်လဲနောက်တစ်ခေါက် တင်ကြည့်ပါတယ်။ ဒီတိုင်းပါပဲ မရဘူး။ ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားရင်းနဲ့နောက်ဆုံး Firmware ကြောင့်လားဆိုပြီး Firmware ကိုပြန်စစ်ကြည့်ပါတယ်။ Firmware ကလည်းဖိုင်စုံပါတယ်။ ဒါနဲ့တခြား Firmware ကို SP Flashtool ထဲထည့်ကြည့်လိုက်တယ်။ အဲဒီခါကျမှကျတော်လဲသတိထားမိတော့တာပါပဲ။
ကျတော်ထုတ်ထားတဲ့ Firmware ကို SP Flashtool ထဲထည့်ကြည့်တော့ uboot ဆိုတဲ့နေရာမှာ အမှန်ခြစ်လေးမပေါ်ပါဘူး။ အခြား Firmware တစ်ခုထည့်ကြည့်တော့ uboot ဆိုတဲ့နေရာမှာ အမှန်ခြစ်လေးပေါ်ပါတယ်။ ဒါနဲ့ကျတော်လဲ ဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားရင်းနဲ့ နောက်ဆုံး scatter file လေးကိုပြောင်းကြည့်ပါတယ်။ ပြီးတော့ SP Flashtool မှာ ပြန်ပြီးထည့်ကြည့်ပါတယ်။ အဲဒီခါကျမှ uboot နေရာမှာအမှန်ခြစ်လေးပေါ်လာပါတယ်။ ဒါနဲ့ကျတော်လဲ Firmware တစ်ခေါက်ထပ်တင်ကြည့်လိုက်ပါတယ်။ အဲဒီခါကျမှပဲ အဆင်ပြေပြေနဲ့ Firmware ပြန်တက်လာတာတွေ့ရပါတယ်။
ဒါကြောင့် MTK Device များ Flashtool Firmware နဲ့ Firmware ပြန်တင်တဲ့အခါ Firmware တင်ခြင်းအောင်မြင်ပေမဲ့ Vibrate တစ်ချက်သာတုန်ပြီး Power မတက်ဖြစ်ခဲ့ရင် Firmware ကို SP Flashtool မှာထည့်တဲ့အခါ ဖိုင်စုံလား မစုံလားစစ်ကြည့်ပါ။ မစုံသေးရင် စုံအောင်ထည့်ပေးပါ။ Firmware မှာ ဖိုင်စုံပါပေမဲ့ SP Flashtool ထဲကိုထည့်တဲ့အခါ လမ်းကြောင်းပေးတဲ့ scatter ဖိုင်မှာ လမ်းကြောင်းမပြည့်စုံရင် လမ်းကြောင်းပြည့်စုံအောင် support ပေးနိုင်တဲ့ scatter ဖိုင်နဲ့ပြောင်းထည့်ပြီး SP Flashtool မှာ ဖိုင်စုံအောင်ထည့်ပေးပြီး Firmware တင်ခြင်းဖြင့် Firmware တင်ခြင်းအောင်မြင်ပေမဲ့ Vibrate တစ်ချက်သာတုန်ပြီး Power မတက်တဲ့ Error ကိုဖြေရှင်းနိုင်ပါတယ် ခင်ဗျာ။

remark >>> ကျတော့်လိုအဆင်မပြေသူများအတွက် အဆင်ပြေစေရန် စမ်းသပ်နိုင်ရန် အကြံပြုရေးသားပေးဖြင်းဖြစ်တာကြောင့် အမှားပါခဲ့ရင်နားလည်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

Ko Htoo ( MMAS )

No comments:

Post a Comment