iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, December 15, 2015

ရီးရဲလ်ကစားသမားဘဝတစ်လျှောက် အဆိုးဆုံး လာလီဂါဂိုးသွင်းနှုန်းကို Ronaldo ခံစားနေရ



တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဗီလာရီးရဲလ်အသင်းနဲ့ ပွဲစဉ်မှာ ရီးရဲလ်တို့ ရှုံးပွဲကြုံခဲ့ရပြီး ဖိအားတွေ တိုးခဲ့ရပါတယ်။ ပြိုင်ဘက်ဘာစီလိုနာ ခြေချော်တာကို အခွင့်ကောင်းမယူနိုင်ခဲ့ဘဲနဲ့ ကံကောင်းလို့သာ ဂိုးပြတ်ခြေပြတ်မရှုံးခဲ့တာပါ။ ဒီလိုအခြေအနေတွေကြောင့် ဘာစီလိုနာအသင်းနဲ့ ငါးမှတ်အထိ ပြန်လည်ကွာဟ သွားခဲ့ရပါတယ်။ 


အသင်းကလည်း အခုလို အကျဉ်းအကျပ်ဖြစ်နေသလို Ronaldo တစ်ယောက်လည်း သူမရချင်တဲ့ စံချိန်တစ်ခုကို ရရှိနေပါပြီ။ အဲ့ဒါကတော့ သူ့ရဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဘဝတစ်လျှောက် လာလီဂါအဖွင့်မှာ အဆိုးရွားဆုံး စံချိန်တစ်ခုကို ရောက်ရှိနေခဲ့လို့ပါ။ သူဟာ ချန်ပီယံလိဂ်မှာတော့ ပုံစံကောင်းတွေ ရနေခဲ့ပေမယ့်လည်း လာလီဂါမှာတော့ အဆိုးဆုံးအခြေအနေကို ရောက်ရှိနေပါတယ်။ 





သူ ရီးရဲလ်မက်ဒရစ်ကို စရောက်ရှိတဲ့ ၂၀၀၉ ခုနှစ်ကနေ ရေတွက်မယ်ဆိုရင်တော့ သူ့ရဲ့ ဂိုးသွင်းနှုန်းက သိသိသာသာ ကျဆင်းနေခဲ့ပါတယ်။ သူဟာ အသင်းငယ်တွေနဲ့တွေ့ရင်တော့ ခြေစွမ်းပြနိုင်ပေမယ့် တန်းတူအသင်းတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် ခြေစွမ်း သိသိသာသာ ကျဆင်းပြီး အပိုင်အခွင့်အရေးတွေကိုတော့ ဂိုးအဖြစ်မပြောင်းလဲနိုင်တာကြောင့် ဝေဖန်ခံနေရပါတယ်။ ဒါ့ကြောင့် Ronaldo ကို ကွင်းပြင်ပ လုပ်ဆောင်ချက်တွေကို လျှော့ချပစ်ဖို့ အကြံပေးမှုတွေလည်း ရှိနေခဲ့တယ်လို့ သိရပါတယ်။ 


(Paing A K)

No comments:

Post a Comment