iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, December 24, 2015

Sinister 2 (2015) မြန်မာစာတန်းထိုး

 ဒါရိုက်တာ စီရာယန်ဖွိုင်းရဲ့ လက်ရာသဘာဝလွန်ထိတ်လန့် စရာရုပ်ရှင်ကား သြဂုတ် ၂၁ ရက် က ထွက်ရှိထားတာမို့ ပရိသတ် တွေအကြိုခံစားကြည့်ရအောင် ဖော်ပြပေးလိုက်ပါတယ်။

မိသားစုတစ်စုဟာ ပြောင်းဖူး ခင်းထဲမှာ စာခြောက်ရုပ်တွေလို ချိတ်ဆွဲခံရထားပြီး အရှင်လတ် လတ်မီးရှို့ခံရတဲ့ မြင်ကွင်းနဲ့ စထားတာမို့ စကြည့်ကြည့်ချင်းပဲ ကြက် သီးထရမှာပါ။ အဲဒီမြင်ကွင်းက တော့ (၉) နှစ်အရွယ် ဒီလန်ကော လင်း အိပ်မက်မက်နေတာပါ။ နောက်တစ်နေ့မှာတော့ ဒီလန်က သူ့ရဲ့ အမြွှာညီအစ်ကိုဇက်ခ်ျ၊ သူ့ အမေကော်တနီတို့နဲ့ ဈေးဝယ် ထွက်ရာမှာ အမျိုးသားတချို့က ကွက်ကြည့်ကွက်ကြည့်နဲ့ အကဲ ခတ်နေတာကို ကော်တနီ သတိပြုမိခဲ့တာကြောင့် အိမ်ပြန်ခဲ့ကြပါတယ်။

ဒီလန်ဟာ မကြာခဏဆိုသလို သရဲကလေးလေးတွေကို အိပ်မက်မက်နေပြီး အိပ်မက်ထဲမှာ မိုင်လိုဆိုတဲ့ ကလေးတစ်ယောက်က အိမ်မြေအောက်ထပ်က Super 8 ဆိုတဲ့ မိသားစုတွေ အသတ်ခံရတဲ့ ရုပ်ရှင်ကားကြည့်ဖို့ တိုက်တွန်းတာမျိုး အိပ်မက်မက်ခဲ့ပါတယ်။  အရင်ဇာတ်ကားထဲက လူသတ်မှုကို စုံစမ်းနေတဲ့ စုံထောက်ဟာ အမှုကို ဆက်စုံစမ်းတဲ့အခါမှာ အဲဒီအိမ်ကို မိသားစုတွေ ပြောင်းလာတိုင်း လူစားလဲနိုင်ဖို့အတွက် ယခင်ဖြစ်ရပ်မျိုး ဖန်တီးသတ်ဖြတ်တာကို ခြေရာခံမိတဲ့နောက် အိမ်ကိုမီးရှို့ဖျက်ဆီးဖို့လုပ်တဲ့အခါ ကော်တနီတို့ မိသားစုရှိနေတာကြောင့် သူက အလွတ်စုံထောက်ဖြစ်ကြောင်း ရှင်းပြတာကို ကော်တနီက လူရမ်းကား သူ့ခင်ပွန်းက လင့်လွှတ်လိုက်တဲ့ သူလို့ အထင်မှားခဲ့ပါတယ်။ ဒါပေမဲ့လည်း စုံထောက်ရဲ့ စကားကို နားထောင်ပြီး အိမ်မှာ စုံစမ်းစစ်ဆေးတာလုပ်ဖို့ ခွင့်ပြုခဲ့ပါတယ်။

အဲဒီနေ့ခင်းပိုင်းမှာ ကော်တ နီရဲ့ ခင်ပွန်းကလင့်ဟာ ရဲနှစ် ယောက်နဲ့အတူ အဲဒီအိမ်ကို ရောက်လာပြီး အမြွှာသားနှစ် ယောက်ကို အတင်းအဓမ္မခေါ်ဖို့ လုပ်ခဲ့ပါတယ်။ တရားရုံးက တရားဝင်ဆင့်ခေါ်စာမပါဘဲနဲ့ ကလေး တွေကို ခေါ်ဆောင်လို့ မရကြောင်းအိမ်မှာ ရောက်နေတဲ့ စုံထောက် က ပြောတာမို့ ရဲတွေ တပ်ခေါက် သွားခဲ့ရပြီး ကလင့်ကတော့ ကျန် ရစ်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း ဇက်ခ်ျ ဟာ သရဲကလေးလေးတွေက ဒီလန်ကိုပဲ လာရှာလို့ မနာလိုဖြစ် နေခဲ့ပါတယ်။ သရဲလေး မိုင်လိုက သူတို့မိသားစု အသတ်ခံရတဲ့ ဗီဒီ ယိုတွေကို ဆက်တိုက်ကြည့်ခိုင်း နေလို့ ဒီလန်ငြင်းဆိုခဲ့တာကြောင့် သရဲလေးတွေ ဇက်ခ်ျဘက်လှည့် သွားခဲ့ပါတယ်။

အဲဒီနောက် ဇက်ခ်ျသရဲပူးခံ ရပြီး ကော်တနီ၊ ဒီလန်နဲ့ ကလင့် ကို ယာတောအိမ်နားက ပြောင်း ခင်းထဲမှာ စာခြောက်ရုပ်တွေ လို ချိတ်ထားကာ ဇက်ခ်ျက ကလင့် ကို မီးရှို့ခဲ့ပါတယ်။ စုံထောက် အိမ်ကို ရောက်တဲ့အခါ တစ် ယောက်မှ မတွေ့တာကြောင့် ပြောင်းခင်းဆီကို လိုက်သွားခဲ့ပြီး သရဲပူးနေတဲ့ ဇက်ခ်ျကို ကားနဲ့ ၀င်တိုက်ခဲ့ပေမယ့် ဇက်ခ်ျမသေခဲ့ ပါဘူး။ စုံထောက်က ကော်တနီနဲ့ ဒီလန်ကို ကယ်ဆယ်ခဲ့ပြီး အိမ်ကို ပြန်ပြေးခဲ့ပါတယ်။

ဇက်ခ်ျနဲ့ သရဲလေးတွေက အရင်မိသားစုတွေလိုသေအောင် ကော်တနီတို့ကို သတ်ဖြတ်ဖို့ ကြိုးပမ်းတဲ့အခါ ဒီကြမ္မာဆိုးက အလွတ်ပြေးနိုင်ပါ့မလားဆိုတာ ရင်ခုန်စိတ်လှုပ်ရှားရင်း ကြည့် လိုက်ကြပါဦး။

( ရုပ်ရှင်အညွှန်းမှာ 7daydaily မှဖြစ်ပါသည် )

Filesize : 532 MB
Quality : Bluray720p

Format : mp4
Run Time : 1hr 32min
Subtitle : Myanmar Subtitle ( Hardsub )
Encoded By LK

channelmyanmar.com

No comments:

Post a Comment