iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, December 14, 2015

မန်ယူနည်းပြ Van Gaal ကို ကစားသမားဟောင်း Ferdinand အားမနာတမ်းဝေဖန်


အိုးထရက်ဖို့ဒ်ရဲ့ ကစားသမားဟောင်း Rio Ferdinand ကတော့ မန်ယူအသင်းရဲ့ ကစားပုံဟာ ယုံကြည်မှုပျောက်ဆုံးနေပြီး နည်းပြ Van Gaal ရဲ့ နည်းစနစ်တွေဟာ ပွဲအတွင်းမှာ အပြောင်းအလဲမရှိ ပျင်းစရာကောင်းလှတယ်လို့ ဝေဖန်လိုက်ပါတယ်။ " အသင်းရဲ့ ကစားသမားတွေဟာ အခွင့်အရေးနည်းနည်းပိုယူပြီး ကစားလိုက်ရင် ရလာနိုင်တဲ့ အကျိုးဆက်တွေကို ကြောက်ရွံ့နေတယ် " လို့ Ferdinand က ပြောပါတယ်။ 

သူဆိုလိုတဲ့ အကျိုးဆက်ဆိုတာကတော့ နည်းပြ Van Gaal ဟာ ကစားသမားတွေကို သူ့ရဲ့ နည်းစနစ်အတိုင်း မကစားနိုင်ရင် ဆူပူကြိမ်းမောင်းလေ့ ရှိတာကို ပြောတာပါ။ 

" ယူနိုက်တက်ကတော့ အနောက်ကိုပဲ ထပ်ဆုတ်သွားပြန်ပြီ။ ဒီနည်းပြ မပြောင်းလဲရင် ကျွန်တော်တို့လဲ အသင်းရဲ့ အပြောင်းအလဲတွေကို မြင်နိုင်မှာ မဟုတ်ဘူး။ ကစားသမားတွေမှာ စိတ်ကြိုက်ကစားနိုင်ဖို့ အခွင့်အရေးမရထားဘူး။ " လို့ Ferdinand က နည်းပြ Van Gaal ကို ဝေဖန်လိုက်ပါတယ်။ 

မန်ယူအသင်းဟာ ဘုန်းမောက်အသင်းကို နှစ်ဂိုး တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ နောက်ဆုံးငါးပွဲအတွင်း နိုင်ပွဲ မရရှိသေးပါဘူး။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း အုပ်စုအဆင့်ကနေ ထွက်ခွာရတဲ့အထိ ဖြစ်ခဲ့တာကြောင့် အခြေအနေတွေက ပိုဆိုးဝါးလာတာလည်း ဖြစ်ပါတယ်။ 

မန်ယူအသင်းဟာ ဂိုးသွင်းနှုန်းတွေ အလွန်အမင်းကျဆင်းနေတာကြောင့်လည်း ဝေဖန်ခံနေရပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၆ ပွဲမှာ  ၂၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ လက်စတာအသင်းနဲ့ မန်စီးတီးအသင်းတို့ထက် ၁၁ ဂိုးအထိ လျော့နည်းနေတာလည်း ဖြစ်ပါတယ်။ 

Ferdinand ကတော့ " လာမယ့်နွေရာသီမှာ Pep Guardiola နဲ့  Carlo Ancelotti တို့ကတော့ နည်းပြနေရာအတွက် ဖြစ်နိုင်ချေရှိတယ်။ သူတို့က Van Gaal ထက်တော့ ကောင်းမယ်လို့ ထင်မိတယ်။ အသင်းပိုင်ရှင်နဲ့ ဘုတ်အဖွဲ့ကတော့ Van Gaal ကို လုံးဝ ယုံကြည်နေပြီး ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးလုပ်ထားပေးတယ်။ ဒါပေမယ့် သူကတော့ ယူနိုက်တက်အတွက် အကောင်းဆုံးကို ပြန်မပေးနိုင်သေးဘူး။ ထိပ်ဆုံးလေးနေရာကိုသာ 

လွဲချော်ခဲ့မယ်ဆိုရင်တော့ မန်ယူအတွက် ဆုံးရှုံးမှု ကြီးမားလိမ့်မယ်။ အဲလို အခြေအနေသာဖြစ်လာရင်တော့ Guardiola နဲ့ Ancelotti လည်း လာနည်းပြမှာ မဟုတ်ဘူး။ ဒါ့အပြင် ကစားသမားတွေကို ဆွဲဆောင်ဖို့ ပိုခက်ခဲသွားနိုင်တယ်။ လာမယ့်ခြောက်လကတော့ အသင်းအတွက် အရမ်းအရေးကြီးတယ် " လို့ ပြောပါတယ်။ 



(Paing A K)

No comments:

Post a Comment