iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Sunday, December 13, 2015

မန်ယူရဲ့ ကစားဟန်ကို မှတ်စုစာအုပ်တစ်အုပ်နဲ့ သတ်နေတဲ့ နည်းပြ Van Gaal


မန်ယူနည်းပြ  Van Gaal ဟာ သူ့ရဲ့နည်းစနစ်အတိုင်း မကစားနိုင်တဲ့ ကစားသမားတွေကို သူ့ရဲ့ မှတ်စုစာအုပ်ထဲမှာ အမှားကျူးလွန်တဲ့သူအဖြစ် ထည့်သွင်းမှတ်သားထားလေ့ရှိပြီး အမှားများတဲ့ ကစားသမားတွေကို နောက်ပိုင်းပွဲတွေမှာ ချန်လှပ်ခဲ့တယ်လို့ အသင်းသားတွေက လျို့ဝှက်ဖြေကြားခဲ့ကြတယ်လို့ သိရပါတယ်။ မန်ယူနည်းပြ Van Gaal ရဲ့ အသင်းကို ကိုင်တွယ်ပုံဟာ ကစားသမားတွေအတွက် အမှားမကျူးလွန်ရဲလောက်အောင်ကို တင်းကြပ်နေတာကြောင့် မန်ယူကစားသမားတွေဟာ သူ့ကို ဘောင်ကျော်ပြီး မကစားရဲကြဘူးလို့ သိရပါတယ်။

 နည်းပြ Van Gaal ရဲ့ ကစားသမားတွေကို ချိုးနှိမ်ထားတဲ့ တရားသေ ကစားကွက်ဟာ ကစားသမားတွေရဲ့ ကိုယ်ပိုင်တီထွင်မှုကို ပျောက်ဆုံးစေပြီးတော့ နည်းစနစ်အတိုင်းသာ ကစားရတဲ့ ရုပ်သေးရုပ်ကစားတွေအဖြစ်သာ ကျန်နေခဲ့ပြီး တစ်ဦးချင်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကို ထိခိုက်လာစေတယ်လို့ ဝေဖန်နေကြပါတယ်။

မန်ယူအသင်းက ကစားသမားတွေဟာ ကစားကွက်အတိုင်းမကစားနိုင်ခဲ့ရင် ပွဲအပြီးမှာ video replay တွေကို ပြန်ပြပြီး အမှားလုပ်ထားတဲ့ ကျောင်းသားတွေလို အဆူခံရတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် မန်ယူအသင်းရဲ့ ကစားသမားတွေဟာ အသင်းကို စိတ်ပျက်ခဲ့ပြီး ထွက်ခွာသွားကြတာ အခုလို အကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။

 ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ မန်ယူအသင်းကို ပြောင်းရွှေ့ကစားခဲ့တဲ့ အာဂျင်တီးနား ကွင်းလယ်ကစားသမား Di Maria ဟာ Van Gaal ရဲ့ စကားတွေကို နားမထောင်နိုင်လို့ ပွဲစဉ်တွေမှာ ချန်လှပ်ခံခဲ့ရပြီး အသင်းပြောင်းခဲ့ရတဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံး သက်သေဖြစ်ခဲ့ပါတယ်။ အခုလောလောဆယ်မှာတော့ Di Maria ရဲ့ လမ်းစဉ်ကို လိုက်နေသူအဖြစ် အများက သတ်မှတ်ထားတာကတော့ ပီအက်စ်ဗွီအသင်းကနေ ပေါင် ၂၅ သန်း နဲ့ ပြောင်းရွှေ့လာတဲ့ နယ်သာလန် တောင်ပံကစားသမား Depay ဖြစ်ပါတယ်။

 ဒီလိုမျိုးဖြစ်ရပ်တွေကြောင့် မန်ယူအသင်းခေါင်းဆောင် Rooney နဲ့ လက်ထောက်ခေါင်းဆောင် Carrick တို့က ကစားသမားတွေကိုတော့ အဝတ်လဲခန်းထဲမှာ ကောင်းကောင်းမွန်မွန်ဆက်ဆံသင့်ပြီး ပေါ့ပေါ့ပါးပါးဖြစ်အောင် လုပ်ဆောင်သင့်တယ်လို့ စက်တင်ဘာလအတွင်းက ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။ ဒါ့ကြောင့် နည်းပြနဲ့ ကစားသမားကြား ဆက်ဆံရေးက အေးခဲလာပြီး အသင်းမှာ စိတ်ဝမ်းကွဲမှုတွေဖြစ်ပေါ်နေပြီလို့ သတင်းတွေလည်း ထွက်လာခဲ့တာပါ။ 

ပြီးခဲ့တဲ့အပတ်ကမှ ထွက်ပေါ်လာတဲ့ ပြဿနာကတော့ ကစားသမားတွေကို ကစားပွဲကစားပြီးချိန်အသင်းရဲ့ ဟိုတယ်မှာ ညတွင်းချင်း အစည်းအဝေးလုပ်ခဲ့တာပါ။ အစည်းအဝေးကို ည ၁၀ နာရီလောက်အထိ ပြုလုပ်ခဲ့ပြီး  အစည်းအဝေးအတွင်းမှာ  ကစားသမားတွေကို အဆာပြေအဖြစ် ပေါင်မုန့်မီးကင်နဲ့ ကွေကာ အချို့သာ ကျွေးမွေးဖို့ Van Gaal က ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

 ဒီလို ကစားသမားတွေကို မှတ်စုတစ်အုပ်နဲ့ သတ်နေတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး Van Gaal က " ကျွန်တော့်မှာ ဒီမှတ်စု စာအုပ်နဲ့ အမြဲမှတ်နေရတာ။ ဒီဟာက ကျွန်တော့်အတွက် အဖိုးမဖြတ်နိုင်တဲ့ အထောက်အကူတစ်ခုပဲ။ အသင်းရဲ့အမှားတွေကို မှတ်ပြီး ကစားကွက်ကို ပြန်စီစဉ်တာပါ။ ဒါက အရေးကြီးပါတယ်။ ပြီးတော့ ကစားသမားတွေရဲ့ တစ်ဦးချင်းအမှားတွေကို မှတ်တယ်။ ပြီးတော့ အထဲမှာ ပြန်ပြီးပြောပြတယ်လေ။ အချို့အချက်တွေက လျစ်လျူရှုလို့မရဘူးလေ။ သင်သာ စာရွက်မှာ ရေးမမှတ်ရင် တစ်ခုခုတော့မေ့မှာပဲ " လို့ ပြောပါတယ်။ဒါပေမယ့်လည်း သူ့ရဲ့မှတ်စုစာအုပ်ကြီးက မန်ယူအသင်းကို သတ်ဖြတ်သလိုဖြစ်နေတာတော့ အမှန်ပါပဲ။



No comments:

Post a Comment