iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, December 23, 2015

ကမ္ဘာ့ပထမဦးဆုံးသော Website

first web

၁၉၉၀ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့မှ စပြီး ဗြိတိသျှ သိပ္ပံပညာရှင် Berners-Lee ကသူရဲ့  ကွန်ပျူတာဖြစ်တဲ့ NeXT ကွန်ပျူတာမှ စတင်လွှင့်တင်ခဲ့တာဖြစ်ပါတယ်။ Berners-Lee ဟာ CERN ဆိုတဲ့  (European Organiztion for Nuckear Research) အဖွဲ့အစည်းရဲ့  သိပ္ပံပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ အခုဆိုရင် ကမ္ဘာ့ပထမဦးဆုံး Website လေးဟာ ၂၅ နှစ်ကိုပြည့်လာခဲ့ပါပြီ။
သူဟာ ဒီ Website ကိုတီထွင်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ၁၉၈၉ ခုနှစ်က World Wide Web ဆိုတဲ့  တီထွင်ဖန်တီးမှု ဘာသာရပ်တစ်ခုကို သုတေသနပြုရင်း တစ်ကမ္ဘာလုံးက စိတ်ဝင်စားသူတွေ ကြည့်ရှုနိုင်စေဖို့အတွက်နဲ့  သတင်းအချက်အလက်တွေ မျှဝေပေးရန်အတွက် သူ့ရဲ့  Website ကိုလွှင့်တင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့  Website မှာတော့ အရမ်းရိုးရှင်းလွန်းလှပြီး ယခု Website များကဲ့သို့ လှပသေသပ်တဲ့ ဒီဇိုင်းများလည်း မပါဝင်ခဲ့ပါဘူး။ သူ့ရဲ့  ရည်ရွယ်ချက်ကတော့ ရှင်းပါတယ် Server တစ်ခု ဘယ်လို တည်ဆောက်မလဲ၊ စာတွေကို Website ပေါ်ကနေ ဘယ်လို မျှဝေနိုင်မလဲ ဆိုတဲ့ အချက်တွေကိုသာ အသေးစိတ် ရေးသားဖော်ပြပြီး သူ့ရဲ့  Website ကို ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။
Berners-Lee ရဲ့  ကမ္ဘာ့ပထမဦးဆုံး Website ဟာ စတင်လွှင့်တင်ကစကထက် အခုလက်ရှိ ၂၀၁၃ ခုနှစ်အထိအချိန်ထိတော့ အများကြီးပြောင်းလဲ လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် CERN ဆိုတဲ့ ဗြိတိသျှ အဖွဲ့အစည်းဟာ လက်ရှိအချိန်အထိ Berners-Lee လွှင့်တင်ခဲ့တဲ့ မူလ ဆာဗာမှာပဲ သူ့ရဲ့  ပထမဦးဆုံး Website ကို မူလ Web  လိပ်စာအတိုင်း အသုံးပြုလွှင့်တင်ထားလို့ဖြစ်ပါတယ်။
Ref : TNW
Aung Ko Htet (MMA)

No comments:

Post a Comment