iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Sunday, January 3, 2016

2015 ခုနှစ်တွင် ထွက်ခဲ့သမျှ ဖုန်းများအကြောင်း (ဆောင်းပါးရှည်)

BestPhones-Mar15-970-80

၂၀၁၅ အကုန် ၂၀၁၆ ကိုရောက်လာပြီဖြစ်တဲ့အတွက် ၂၀၁၅ ခုနှစ်မှာထွက်ခဲ့တဲ့ မိုဘိုင်းဖုန်းတွေအကြောင်းကို ပြန်လည်သုံးသပ်ကြည့်ကြပါစို့။ နည်းပညာဈေးကွက်ဟာလည်း တစ်နှစ်ထက် တစ်နှစ် စိန်ခေါ်မှုတွေပြင်းထန်လာသည်နှင့်အညီ နည်းပညာ ကုမ္ပဏီ တွေဟာလည်း အသစ်အသစ်သော နည်းပညာတွေကို ဖန်တီးပြီး အသုံးပြုသူတို့ရဲ့  အားပေးမှုကို အမိအရ ရယူကြပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ကမ္ဘာ့ပြိုင်ဆိုင်မှု အပြင်းအထန်ဆုံး နည်းပညာ ကုမ္ပဏီ နှစ်ခုဖြစ်တဲ့ Apple နှင့် Samsung တို့ရဲ့ ပြိုင်ဆိုင်မှုမှာတော့ အရင်နှစ်တွေကလောက် တရားစွဲဆိုမှုတွေ မရှိတာကိုတွေ့ရပါတယ်။
ဒါပေမဲ့ ၂၀၁၅ ခုနှစ်မှာ Samsung ကတော့  Apple ကို ယှဉ်ပြိုင်ကာ  Products တွေအများအပြားထုတ်ခဲ့တာကိုတွေ့မြင်ရပါတယ်။ အလားတူပဲ အခြား Android Smart Phone တွေလည်း အများအပြားထွက်ရှိလာပါတယ်။ ဒီအထဲကမှ လူသုံးအများဆုံးနှင့် နာမည်အကြီးဆုံး Smart Phone ၁၀ မျိုးအကြောင်းကိုဖော်ပြလိုက်ပါတယ်။
၁။ Samsung Galaxy S6
Android OS 5 , မျက်နှာပြင်အကျယ် ၅.၁ လက်မ, 1440 x 2560 Resolution, RAM 3GB, Storage 32GB/64GB/128GB, ဘက်ထရီအမျိုးအစား 2550mAh, အရှေ့ကင်မရာ 16MP နှင့် အတွင်းဘက် ကင်မရာ 5MP တို့ကို အသုံးပြုကာ ဈေးကွက်အတွင်းကိုဝင်ရောက်လာတဲ့ Samsung Galaxy S6 ဟာ ၂၀၁၅ ကို အကောင်းဆုံးပုံစံနှင့် ဝင်ရောက်လာခဲ့တဲ့ Smart Phone ဖြစ်ပါတယ်။ ၂၀၁၄ မှာ နောက်ဆုံး ထုတ်လုပ်ခဲ့တဲ့ Samsung Galaxy S5 ထက် အစပေါင်းများစွာ သာလွန်ခဲ့ပါတယ်။
QHD မျက်နှာပြင်မှာ အကောင်းဆုံး အလုပ်လုပ်နေတဲ့ Video ကလည်း အရည်အသွေးကောင်းလွန်းလှပါတယ်။ ဒါတင်မကပဲ ၅.၁ လက်မ မျက်နှာပြင်အကျယ်နဲ့ဆိုတော့ ဗီဒီယိုတွေရဲ့ ရုပ်ထွက်ဟာ လိုက်ဖတ်လွန်းလှပါတယ်။ ဒီဇိုင်းကလည်း အရင် Samsung ဖုန်းများနဲ့ လုံးဝ ကွဲထွက်သွားပြီး Samsung   ချစ်သူတို့ကို အကောင်းဆုံး စွဲဆောင်ခဲ့ပါတယ်။ အပြင်ကာဗာကို အရင်က ပလပ်စတစ်အစား သတ္တုကိုယ်ထည်ကို အသုံးပြုလိုက်တဲ့အတွက် အရင်ကနဲ့ မတူအောင် စွဲဆောင်မှုရှိနေပါတော့တယ်။ ဒီလိုအချက်အတွေနဲ့ ဈေးကွက်ထဲကို ထိုးဖောက်လာခဲ့တဲ့ Samsung Galaxy S6 ဟာ ၂၀၁၅ ခုနှစ်ရဲ့  စွဲဆောင်မှု အရှိဆုံးနဲ့ အသုံးအများဆုံး ဖုန်းတစ်လုံးအဖြစ် ရပ်တည်ခဲ့ပါတယ်။
၂။ LG G4
Android OS 5.1 , မျက်နှာပြင်အကျယ် 5.5 လက်မ, 2560 x 1440 Resolution, RAM 3GB, Storage 32 GB, ပြောင်းလဲ တပ်ဆင်နိုင်တဲ့ ဘက်ထရီ 3000 mAh, အပြင်ဘက်ကင်မရာ 16MP, အတွင်းဘက် ကင်မရာ 8MP တို့ကို အသုံးပြုထားတဲ့ LG G4 ဟာလည်း အသုံးပြုတို့ရဲ့ ကြိုက်နှစ်သက်မှုကို ရယူထားတဲ့ Smartphone တစ်မျိုးဖြစ်ပါတယ်။ Smartphone ကို အသုံးပြုသူတို့အများဆုံးရွေးချယ်ကြတဲ့ Feature တစ်မျိုးဖြစ်တဲ့ ကင်မရာကို အကောင်းဆုံးအသုံးပြုကာ ဈေးကွက်အတွင်းကို ဝင်ရောက်လာတဲ့ LG G4 နဲ့ ရိုက်ထားတဲ့ ဓါတ်ပုံ အရည်အသွေးတွေဟာ ကောင်းမွန်လွန်းလှပါတယ်။
အပြင်ကာဗာကလည်း ကြည့်လိုက်ရင် စမတ်ချ လှပစေရန် သားရေ အသားနဲ့ ပြုလုပ်ထားတဲ့အတွက် ပလပ်စတစ်ကာဗာထက်စာရင် သာလွန်ကောင်းမွန်ပြီး စမတ်ကျလှပလွန်းလှပါတယ်။ ကင်မရာကလည်း 16MP ကို အသုံးပြုထားတဲ့အတွက် ဓါတ်ပုံရိုက်တဲ့အခါမှာလည်း laser auto-focus နဲ့ ရိုက်ကူးနိုင်ပါတယ်။ ဒီလိုအချက်တွေကြောင့် LG G4 ဟာလည်း 2015 ရဲ့ အကောင်းဆုံး Smartphone တစ်မျိုးမှာပါဝင်နေပါတော့တယ်။
၃။ Samsung Galaxy S6 Edge
Android OS 5, မျက်နှာပြင်အကျယ် 5.1 လက်မ , 1440 x 2560 Resolution, RAM 3GB , Storage 32GB/64GB/128GB, 2560 mAh အမျိုးအစားကို အသုံးပြုထားတဲ့ ဘက်ထရီ ၊ အပြင်ဘက်ကင်မရာ 16MP နှင့် အတွင်းဘက်ကင်မရာ 5MP တို့ကို အသုံးပြုထားတဲ့ Samsung Galaxy S6 Edge ဟာ သူ့ရဲ့ ဒီဇိုင်းအသစ်ကြောင့် S6 နည်းတူ နာမည်ရခဲ့ပါတယ်။ အများနဲ့ မတူတဲ့အချက်ကတော့ Screen ရဲ့ ညာဘက်အခြမ်း အစွန်ဘက်မှာ အနည်းငယ် ကွေးနေတာပဲဖြစ်ပါတယ်။  Samsung Galaxy S6 Edge မှာ ရှိတဲ့ Function တွေဟာ အရင်က ရှိတဲ့ S6 မှာပါဝင်တဲ့ Function တို့အပြင် အခြား Function တွေကိုနောက်ထပ် အများအပြားထပ်သွင်းခြင်းမရှိပဲ ပုံစံ ဒီဇိုင်းကိုသာ အနည်းငယ် ပြောင်းလဲ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
တကယ်လို့ S6 ရဲ့  ဒီဇိုင်းကို မကြိုက်တဲ့ အသုံးပြုတို့အတွက်တော့ S6 Edge ကို ဒီဇိုင်းပိုင်းအရ ရွေးချယ်ကြပါတယ်။ ဒါကြောင့် 2015 ရဲ့လူသုံးအများဆုံး Smartphone စာရင်းထဲမှာ ပါဝင်လာခဲ့ပါတယ်။
၎။ iPhone 6S
iOS 9 , မျက်နှာပြင်အကျယ် 4.7 inch, 1334 x 750 Resolution, RAM 2GB , Storage 16GB/64GB/128GB, ဘက်ထရီအမျိုးအစား 1715 mAh, အရှေ့ဘက် ကင်မရာ 12 MP, အတွင်းဘက် ကင်မရာ 5MP တို့ကို အသုံးပြုထားတဲ့ iPhone 6S ဟာ ၂၀၁၅ ခုနှစ်ရဲ့  စက်တင်ဘာလမှာ ထုတ်လုပ်ခဲ့ပြီး လူကြိုက်များခဲ့တဲ့ iPhone 6 ရဲ့  Feature တွေအတိုင်းထုတ်လုပ်ခဲ့ပြီး အချို့ Feature အနည်းငယ်ကိုသာ ပြောင်းလဲ ထုတ်လုပ်ခဲ့ပါတယ်။ အခြားဖုန်းများနဲ့ မတူတဲ့အချက်ကတော့ 3D Touch ပါဝင်ပြီး အခြားဖုန်းများကို ကျော်လွန်ပြီး ကမ္ဘာ့အကောင်းဆုံး စမတ်ဖုန်း ဆိုတဲ့ နာမည်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း အပြောင်းအလဲ အများအပြားကို မျှော်လင့်နေတဲ့ iPhone ချစ်သူတွေကတော့ iPhone 6 နဲ့သိပ်မကွာတဲ့ iPhone 6S ကို မဝယ်ကြတော့ပဲ iPhone 7 ကိုသာ အသုံးပြုဖို့ စောင့်နေကြပါတော့တယ်။ iPhone 6S  ဟာ 3D Touch နည်းပညာကြောင့်  ဘက်ထရီသက်တမ်းဟာ အနည်းငယ် တိုတောင်းလွန်းလှပါတယ်။ ဒီအချက်ကသာ iPhone 6S ရဲ့  အကြီးမားဆုံး ထောက်ပြစရာ အချက်တစ်ချက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လက်ရှိအချိန်ထိတော့ ၂၀၁၅ ရဲ့ အကောင်းဆုံး Smartphone စာရင်းမှာ နံပါတ် ၁ နေရာကနေ ယူထားဆဲဖြစ်ပါတယ်။
၅။ Sony Xperia Z5
Android OS 5.1, မျက်နှာပြင် အကျယ် 5.2 လက်မ, 1920 x 1080 Resolution, RAM 3GB , Storage 32GB , ဘက်ထရီအမျိုးအစား 2900 mAh,အရှေ့ဘက်ကင်မရာ 23 MP နှင့် အတွင်းဘက်ကင်မရာ 5.1 MP တို့ကို အသုံးပြုထားတဲ့ Sony Xperia Z5 ဟာ သူရဲ့ အားသာချက်ဖြစ်တဲ့ ကင်မရာကို အကောင်းဆုံး အသုံးပြုကာ ၂၀၁၅ ရဲ့  ဈေးကွက်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။
အဓိကကတော့ Snapdragon 810 processor ကို အသုံးပြုထားခြင်း၊ 3GB RAm ကို အသုံးပြုထားခြင်းတွေကြောင့် အခြား Sony ဖုန်းများထက် သွက်လက်စွာ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ရေဆိုခံနိုင်အောင် ဖန်တီးထားတဲ့အတွက်လည်း အခြားဖုန်းများနဲ့ မတူပဲ အကောင်းဆုံးဖုန်းအဖြစ်ရပ်တည်နေခြင်းဖြစ်ပါတယ်။
၆။ iPhone 6S Plus
iOS 9, မျက်နှာပြင်အကျယ် ၅.၅ လက်မ၊ 1920 x 1080 resolution, RAM 2GB, Storage 16GB,64GB,128GB , ဘက်ထရီအမျိုးအစား 2750 mAh, အပြင်ဘက်ကင်မရာ 12 MP နှင့် အတွင်းဘက် ကင်မရာ 5MP တို့ကို အသုံးပြုပြီး ၂၀၁၅ ရဲ့  မိုဘိုင်းဈေးကွက်ထဲသို့ iPhone 6S နဲ့ တပြိုင်နက်ဝင်ရောက်လာတဲ့ iPhone 6S Plus ဟာလည်း ၂၀၁၅ ခုနှစ်ရဲ့ အကောင်းဆုံး Smartphone စာရင်းထဲမှာ ပါဝင်လာပါတယ်။
ထူးခြားချက်ကတော့ မျက်နှာပြင်အကျယ်ကိုကြိုက်နှစ်သက်တဲ့ iPhone အသုံးပြုသူတို့အတွက် မျက်နှာပြင်အကျယ်ဟာ ၅.၅ လက်မအသုံးပြုထားခြင်းဖြစ်ပါတယ်။ Apple ရဲ့  ဒုတိယမြောက် phablet ဖုန်းလို့တောင် အမည်တပ်ခေါ်ဝေါ်ကြပါသေးတယ်။ ဓါတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်းများအတွက်ပိုမိုတွင်ကျယ်စွာ အသုံးပြုနိုင်ပြီး Screen ကြီးကြီးနဲ့ အသားကျနေကြတဲ့ Apple ချစ်သူတို့အတွက်တော့ အကောင်းဆုံး Smartphone ဖြစ်ပါတယ်။
၇။ Samsung Galaxy S6 Edge+
Android OS 5.1, မျက်နှာပြင်အကျယ် 5.7 လက်မ, 1440 x 2560 resolution, RAM 4GB, Storage 32GB,64GB, Battery 3000mAh, အပြင်ဘက် ကင်မရာ 16MP, အတွင်းဘက် ကင်မရာ 5MP တို့ကို အသုံးပြုကာ ဈေးကွက်အတွင်းဝင်ရောက်လာတဲ့ Samsung Galaxy S6 Edge+ ဟာ Samsung ချစ်သူတို့အတွက် နောက်ထပ် ရွေးချယ်စရာ အမျိုးအစား အသစ်တစ်ခု ရရှိလာခြင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးအစားပေါင်းများစွာကို ထုတ်လုပ်ပြီး အသုံးပြုသူတို့ရဲ့  အာရုံစိုက်မှုကို ရယူနေတဲ့ Samsung ဟာ Smartphone ကောင်းကောင်းအသုံးပြုလိုသူတွေအတွက်တော့ အနည်းငယ် ဇဝေဇဝါဖြစ်စေပါတယ်။
ဒါပေမဲ့ Samsung Galaxy S6 Edge ကို အနည်းငယ် အထူးပြု အပြောင်းအလဲ ပြုလုပ်ထားခြင်းဖြစ်တဲ့အတွက်ကြောင့် S6 Edge ထက်တော့ Feature အနည်းငယ်စုံလာခြင်း၊ မျက်နှာပြင် ညာဘက် အစွန်ကွေးနေတဲ့ အပိုင်းမှာ သေသပ်လှပစွာ ဖန်တီးလာခြင်း၊ စတဲ့အချက်တွေနဲ့ ထိုးဖောက်လာခဲ့ပါတယ်။ Samsung ချစ်သူတို့အတွက်တော့ Samsung Galaxy S6 Edge+ ဟာ 2015 ခုနှစ်ရဲ့ အကောင်းဆုံး Smartphone အဖြစ် နေရာယူထားပါတယ်။
၈။ Nexus 6P
Android OS 6, မျက်နှာပြင်အကျယ် 5.7 လက်မ, 2560 x 1440 resolution, RAM 3GB, Storage 32GB,64GB,128 GB, ဘက်ထရီအမျိုးအစား 3450 mAh, အပြင်ဘက်ကင်မရာ 12.3 MP နှင့် အတွင်းဘက် ကင်မရာ 8MP ဆိုတဲ့ specification တွေဟာ စမတ်ဖုန်းတစ်လုံး အတွက်တော့ အကောင်းဆုံး specification တွေဖြစ်ပါတယ်။ Android Smartphone တွေထဲမှာ အသုံးပြုတဲ့ Android OS ကို ထောက်ပံ့ပေးထားတဲ့ Google ဟာ သူ့ရဲ့  ကိုယ်ပိုင် product မှာတော့ အကောင်းဆုံးထဲက အကောင်းဆုံးဖြစ်အောင် ထုတ်လုပ်လာခဲ့ပါတယ်။
ကြီးမားကျယ်ပြန့်တဲ့ မျက်နှာပြင်ကို အသုံးပြုထားခြင်းနဲ့ ကိုက်ညီမှုရှိစေရန် QHD display အသုံးပြုထားပြီး ဗီဒီယိုကြည့်ရှုရာမှာလည်း ကြည်လင် ပြတ်သားတဲ့ resolution နဲ့ ကြည့်ရှုနိုင်တဲ့အပြင် Website များကို အသုံးပြုရာမှာလည်း ပြတ်သားမှု ရှိပါတယ်။ အခြား ဘယ်ဖုန်းအမျိုးအစားမှာမှ အသုံးပြုခွင့်မရှိသေးတဲ့ Andorid version 6 (Marshmallow) ကို အသုံးပြုထားခြင်း ၊ Fingerprint scanner ကိုဖုန်းရဲ့ နောက်ကျောမှာ အသုံးပြုထားခြင်းဟာ တီထွင်ဆန်းသစ်မှုတွေကို ပြသခြင်းပဲဖြစ်ပါတယ်။ တိုးမြှင့်ထားတဲ့ ကင်မရာအရည်အသွေးနှင့်အတူ ဘက်ထရီအမျိုးအစားကိုလည်း တိုးမြှင့်ပေးထားတဲ့အတွက်လိုက်ဖက်ညီမှုရှိလှပါတယ်။ ဒါပေမဲ့ ဈေးနှုန်းအရတော့ ဈေးကြီးတယ် အရင် Nexus ဖုန်းတွေထက်တော့ ဈေးကြီးပါတယ်။ ဒါပေမဲ့ နောက်ဆုံးထွက် Android Version ကိုလည်း အသုံးပြုချင်တယ် ၊ ဈေးကြီးနေလို့ အခက်တွေ့နေတယ်ဆိုတဲ့ Google ချစ်သူတွေအတွက်  ဈေးသက်သာတဲ့  Nexus 5X ကိုလည်းနောက်ဆုံးထွက် Android Version နှင့် အသုံးပြုနိုင်ပါပြီ။
၉။ HTC One M9
Android OS  5.1 , မျက်နှာပြင်အကျယ် 5-inch , 1920×1080  Resolution, 3GB RAM , Storage 32GB, ဘက်ထရီအမျိုးအစား 2840mAh, အပြင်ဘက် ကင်မရာ 20.7MP, အတွင်းဘက်ကင်မရာ  4MP တို့ကို အသုံးပြုထားတဲ့ HTC One M9 ဟာ ပြီးခဲ့နှစ်တွေတုန်းက အသံနဲ့ပတ်သက်ပြီး အကောင်းဆုံး အဖြစ် သတ်မှတ်ခံထားရတဲ့ BoomSound ကိုလက်လွတ်ဆုံးရှုံးခဲ့ပေမဲ့လည်း လက်ရှိအချိန်ထိတော့ အကောင်းဆုံး အရည်အသွေးနဲ့ ရပ်တည်နေသေးတဲ့ Smartphone ဖြစ်ပါတယ်။ ကင်မရာ အရည်အသွေးကို အခြား စမတ်ဖုန်းများထက် သာလွန်စွာ ထုတ်လုပ်ခြင်း ဒီဇိုင်းပိုင်းမှာလည်း အများနဲ့ မတူအောင်ဖန်တီးနိုင်ခြင်း စတဲ့အချက်တွေကြောင့် မိုဘိုင်းဖုန်း ဈေးကွက်ထဲမှာ အကောင်းဆုံး Smart phone အဖြစ်ရပ်တည်နေစဲဖြစ်ပါတယ်။
၁၀။ Sony Xperia Z5 Premium
Android OS 5.1, မျက်နှာပြင်အကျယ် 5.5 လက်မ၊ 2160 x 3840 resolution ,  RAM 3GB, Storage 32 GB, ဘက်ထရီအမျိုးအစား 3430 mAh, အပြင်ဘက် ကင်မရာ 23 MP နှင့် အတွင်းဘက် ကင်မရာ 5.1MP တို့ကို အသုံးပြုထားတဲ့ Sony Xperia Z5 Premium ဟာ 4K screen အမျိုးအစားကို အသုံးပြုထားပါတယ်။ အဓိကကတော့ Display ပိုင်းကိုအခြားဖုန်းများထက်အားသာအောင်ဖန်တီးထားခြင်းဖြစ်ပါတယ်။
ဒါ့အပြင် ကင်မရာအရည်အသွေးကောင်းမွန်ခြင်း ၊ ရေဆိုအကြမ်းခံခြင်း စတဲ့အချက်တွေဟာ Sony ရဲ့ အားသာချက်ဖြစ်တာကြောင့် Sony ဟာသူ့ရဲ့အားသာချက်တွေကိုအဓိကထားပြီးထုတ်လုပ်ကာအသုံးပြုသူတို့ရဲ့နှစ်သက်စွဲလန်းမှုကိုရယူပြီး၂၀၁၅ခုနှစ်ရဲ့အကောင်းဆုံးစမတ်ဖုန်းစာရင်းထဲကိုရောက်ရှိလာပါတော့တယ်။
Ref : Teachrader
Aung Ko Htet (MMA)
#aungkohtet_mma

No comments:

Post a Comment