iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, January 8, 2016

Android Phone များ Virus ၀င်ရောက်မှု့ကြောင့် Software ပိုင်းသာမက Hardware ပိုင်းပါထိခိုက်လာနိုင်

hardware

Android Phone များကို Virus ၀င်ရောက်မှု့ကြောင့် Android Phone အသုံးပြုသူတော်တော်များများစိတ်ညစ်နေရပါတယ်။
ယခုထပ်ပြီး Android Phone များရဲ့ Virus ၀င်ရောက်မှု့ပာာ Hardware ပိုင်းတွေကိုပါ ထိခိုက်စေနိုင်လာတယ်လို့သိရပါတယ်။
အရင်ကဆို Virus ၀င်ပြီဆိုနောက်ဆုံးအခြေအနေမှာ Software ပြန်တင်လိုက်ရုံနဲ့ အဆင်ပြေမှု့ရှိပေမဲ့ အခုနောက်ပိုင်းမှာတော့
Firmware ပြန်တင်ပြီးပေမဲ့ ဘာမှမပျက်သွားတာတို့ Firmware တင်ပြီးရင် IMEI ပျောက်တက်တာတို့ စတဲ့ Error တွေကြုံတွေ့
ကြရပါတယ်။ ဒီလိုဖြစ်လာရင်တော့ EMMC ပိုင်းကိုစိုးရိမ်ရပါတယ်။ ခုနောက်ပိုင်း Android Phone များရဲ့ Virus များပာာ
EMMC ကိုပါ ထိခိုက်စေနိုင်လာပါတယ်လို့ သိရှိရပါတယ်။ ဒါကြောင့် Android Phone အသုံးပြုသူများ Virus မ၀င်စေရန် သတိ
ထားကြဖို့လိုအပ်ပါတယ်။
သတိထားနိုင်အောင် ကျတော်အကြံပြုပေးချင်ပါတယ်။ ကျတော်တို့ Android OS ပာာ Open Source ဆိုတော့ Application တွေ
Game တွေကို အလွယ်တကူ Download ရယူလို့ရနေတော့ User တော်တော်များများ ဆန်းဆန်းပြားပြား application လေးတွေဆို
Download ရယူတက်ကြပါတယ်။ နောက်ပိုင်းမှာ Launcher app တွေပာာလည်းတော်တော်လေးကို များပြားစွာထွက်ပေါ်လာပါတယ်။
Virus ၀င်တက်တဲ့နည်းလမ်းတွေကတော့ စုံနေတာပါပဲ။ ဒါပေမဲ့ ကျတော် Launcher app လေးတွေနဲ့ ဥပမာထားပြီး ပြောပြပေးတာပါ။
ကိုယ်သုံးတော့မယ်ဆို ကိုယ်သုံးမဲ့ app ကိုအဆင်မပြေနိုင် ပြေနိုင်စစ်ဆေးပြီးမှ သုံးတာကောင်းပါတယ်။ Launcher တွေထဲမှာတော့
ကောင်းလဲကောင်းပြီး လူကြိုက်များတဲ့ GO Launcher တို့ Next Launcher တို့လောက်သာအသုံးပြုစေချင်ပါတယ်။ အခြား app တွေတော့
အဆင်ပြေတာတွေရှိပေမဲ့ ကျတော်ကတော့ GO Launcher လေးသာအသုံးပြုပါတယ်။ နောက်ပြီး Broswer app တွေနဲ့လည်းညှိတက်ပါတယ်။အခြား ဖြစ်တက်တဲ့ အကြောင်းအရာရာများစွာ ရှိပါသေးတယ်။ နောက်ပြီး အရေးကြီးတာကတော့ 18+ app များ 18+ Link များကနေ
အလွယ်တကူ ၀င်ရောက်နိုင်ပါသေးတယ်။ ဒါကြောင့် Android Phone အသုံးပြုသူများအနေနဲ့ ကိုယ့်ဖုန်းအား Virus မ၀င်နိုင်စေရန် သေချာလေးဂရုတစိုက်အသုံးပြုကြပါလို့ အကြံပြုပေးလိုက်ရပါတယ် ခင်ဗျာ။
Ko Htoo ( MMAS )

No comments:

Post a Comment