iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, January 7, 2016

Apple ID ကိုနိုင်ငံပြောင်းပြီးသုံးချင်တယ်ဆိုရင် ပြောင်းရတာဟာ လွယ်ကူပါတယ်


 Apple ID ကိုနိုင်ငံပြောင်းပြီးသုံးချင်တယ်ဆိုရင် ပြောင်းရတာဟာ လွယ်ကူပါတယ်.. ဒါပေမယ့် မူလအကောင့်ထဲမှာ Amount ရှိနေသေးတယ်ဆိုရင်တော့ ဘယ်လိုမှ ပြောင်းလို့ရမှာမဟုတ်ပါဘူး...

ဒါ့ကြောင့် အရင်ဆုံး Apple Support (Live Chat) နဲ့ဆက်သွယ်ပြီး လက်ကျန်အကောင့်ထဲက Amount ကို ဖျက်ပေးရပါမယ်....

- အောက်တွင်ပေးထားသော Link ကိုသွားရောက်ပါ...
   https://getsupport.apple.com/

- ထို့နောက် Apple ID ကိုရွေးပါ


- ပြီးလျှင် iTunes Store and App Store ကိုရွေးပါ


- ထို့နောက် Issues with account verification ကိုရွေးပါ


- ပြီးလျှင် Chat ကိုနှိပ်ပါ... Chat နှိပ်ပြီးရင် တခါတရံ၌အချိန်အနည်းငယ်စောင့်စားရပါတယ်...


- Live Chat Box ဟာ New Windows Tab တခုအနေနဲ့တက်လာမှာဖြစ်ပြီး 
Thanks for contacting AppleCare chat support. My name is Blah Blah Blah. Please give me a moment to look over your information. ဆိုပြီးစလာပါလိမ့်မယ်...

- ထိုအခါမှာ ဘာကူညီရမလဲဆိုတာ မေးပါလိမ့်မယ်..

- I would like to remove the amount which is in my account to change into other Store account. ဆိုပြီးပုံစံတူ ပြန်ပြောလိုက်ပါ..

- Apple Live Chat Support မှ သင့် Ampunt Remove လုပ်ချင်တဲ့ Apple ID Address ကိုမေးပါလိမ့်မယ်.

- ပြီးလျှင် ၂-၃မိနစ်ခန့်စောင့်ခိုင်းပါလိမ့်မယ်.. ထိုအချိန်မှာ မပိတ်လိုက်ပါနဲ့ဦး

- မကြာခင်မှာပဲ Live Chat မှ Amount ကို Remove လုပ်ပြီးပြီဖြစ်ကြောင်းကို Reply လာပါလိမ့်မယ်...

- ဒါဆိုရင်တော့ သင့်အကောင့်ထဲက iTunes Gift Card နဲ့ ထည့်ထားတဲ့ လက်ကျန်ငွေပမာဏဟာ ပျောက်ဆုံးသွားပြီဖြစ်ပြီး သင် ပြောင်းလဲချင်တဲ့ နိုင်ငံရဲ့ အကောင့်ကိုလွယ်ကူစွာပြောင်းလဲနိုင်ပြီပဲဖြစ်ပါတယ်...

Apple Store မှာနိုင်ငံပြောင်းလဲပြီး Store တွေက App တွေရယူချင်သူများအတွက် မည်သို့မည်ပုံအလွယ်ပြောင်းလဲနည်းကိုတော့ ဤနေရာ မှာသွားရောက်ဖတ်ရှုနိုင်ပါတယ်


အဆင်ပြေကြပါစေ . . .

No comments:

Post a Comment