iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, January 11, 2016

ခြောက်လအတွင်း APPLE MUSIC ကို အခပေးသုံးစွဲသူ ၁၀ သန်းကျော်ရှိလာ



iOS, Mac, PC, Android နှင့် Apple TV ပေါ်မှ Apple Music ကို အခပေးသုံးစွဲသူဦးရေသည် ခြောက်လအတွင်း ၁၀ သန်းကျော်ရှိလာကြောင်း၊ ပြိုင်ဘက် Spotify သည် ၎င်းစံချိန်ကို ရရှိရန်အတွက် ၆ နှစ်နီးပါး အချိန်ယူခဲ့ရကြောင်း Financial Times မှ ဖော်ပြခဲ့သည်။
၂၀၁၅ ခုနှစ် ဇွန်လ ၃၀ ရက်က နိုင်ငံပေါင်း ၁၀၀ ကျော်ထံ မိတ်ဆက်ပေးခဲ့သော Apple Music သည် Spofity ၏နောက် ကမ္ဘာ့ဒုတိယအကြီးဆုံး အွန်လိုင်းသီချင်းဝန်ဆောင်မှုအဖြစ် ရပ်တည်လျက်ရှိသည်။ Apple ၏ အွန်လိုင်းဝန်ဆောင်မှု အသုံးမပြုနိုင်မီတွင် Spotify ကို အခပေးသုံးစွဲသူမှာ သန်း ၂၀ ကျော်ရှိကြောင်း ကြေညာခဲ့သည်။

Spotify သည် အွန်လိုင်းသီချင်းဈေးကွက်သို့ အစောပိုင်းကတည်းက ဝင်ရောက်ခဲ့သူဖြစ်ပြီး ၎င်း၏ဝန်ဆောင်မှုကို ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင် ဥရောပ၌ မိတ်ဆက်ပေးခဲ့သည်။

အဆိုပါဝန်ဆောင်မှုသည် နာမည်ကျော် သီချင်းကုမ္ပဏီများနှင့် ဆွေးနွေးမှုကြန့်ကြာခဲ့သောကြောင့် ၂၀၁၁ ခုနှစ် ဇူလိုင်လမတိုင်မီအထိ အမေရိကန်ဈေးကွက်သို့ ဝင်ရောက်နိုင်ခဲ့ခြင်း မရှိပေ။ ထို့နောက်တွင်မူ Spotify ကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၀၀ နီးပါးခန့်သို့ မိတ်ဆက်ပေးခဲ့သည်။ Apple Music နှင့် မတူသည်မှာ Spotify က desktop နှင့် မိုဘိုင်းအတွက် ကြော်ငြာမပါဝင်ဘဲ feature များကန့်သတ်ထားသော ဗားရှင်းကို ထောက်ပံ့ပေးထားသည်။

တေးဂီတလုပ်ငန်း လေ့လာဆန်းစစ်သူ မာ့ခ်မူလီဂန်၏ ပြီးခဲ့သည့်လ ခန့်မှန်းချက်အရ Apple Music ကို အခပေးသုံးစွဲသူဦးရေသည် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၈ သန်းအထိ ရှိလာမည်ဖြစ်ပြီး ယခုနှစ်ကုန်တွင်မူ သန်း ၂၀ အထိ ရှိလာမည်ဟု သိရသည်။ ထိုခန့်မှန်းချက်အရ Apple Music ကို အခပေးသုံးစွဲသူဦးရေသည် ၂၀၁၇ ခုနှစ်တွင် Spotify ထက် ကျော်လွန်သွားဖွယ်ရှိသည်။

Apple ကမူ Apple Music အခပေးသုံးစွဲသူဦးရေ သန်း ၁၀၀ အထိ ရှိလာရန် ရည်မှန်းထားကြောင်း သိရသည်။

Ref: MacRumors
Credit to  internetjournal
သီဟထိုက်
www.thihahtike.com

No comments:

Post a Comment