#htmlcaption1 Go UP! Pure Javascript. No jQuery. No flash. #htmlcaption2 Stay Connected

zawgyi သို့ မဟုတ် unicode

Thursday, January 7, 2016

Apple ရဲ့ Wi-Fi Assit ကြောင့် Apple ကို တရားစွဲကြ

apple assit
Apple အနေနဲ့ အားလုံးအဆင်ပြေစေဖို့ Wi-Fi Assit ကိုထည့်ပေးလိုက်တဲ့အခါမှ တရားစွဲဆိုမှုပေါင်းများစွာ လက်ခံရရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စု တစ်ခုထဲမှာတင် ငွေကြေးတန်ဖိုး လျော်ကြေးအားဖြင့် အတောင်းခံရတာ အမေရိကန်ဒေါ်လာ ၅ သန်းကျော်သွားပါပြီ။ ဖြစ်ပုံက ဒီလိုပါ။
 
iOS 9 နောက်ပိုင်းဗားရှင်းတွေမှာ Wi-Fi သုံးတဲ့အခါ အင်တာနက်မကောင်းရင် Cellular Data ကို Turn On လုပ်ပေးတဲ့ နည်းပညာတစ်ခုကို ထည့်သွင်းပေးထားပါတယ်။ သူက iOS 9 ကို တင်လိုက်ပြီဆိုတာနဲ့ ယင်း Turn On လုပ်ပေးတဲ့ Wi-Fi Assit ဆိုတာလေးက အလိုအလျောက် on ပြီးသား ဖြစ်ပါတယ်။ သူ့ကို သွားပိတ်ချင်ရင် Setting ထဲကိုဝင်၊ Cellular ထဲကိုဝင်ပြီး ဟိုး အောက်ဆုံးကို သွားပြီးတော့ Wi-Fi Assit ကို သွားပိတ်ရမှာ ဖြစ်ပါတယ်။ တော်ရုံလူ ဆိုရင် အဲ့ဒါဟာကို မြင်ရမှာ မဟုတ်ပါဘူး။ အထူးသဖြင့် App များများ ထည့်ထားသူများအနေနဲ့ အဲ့ဒီဟာကို လိုက်ရှာကြည့်ဖို့ အတော်လေး အောက်ဆွဲရမှာ ဖြစ်ပါတယ်။
 
ကျွန်တော်လည်း ဒီရက်ပိုင်း ၃ ရက်ကို 1GB လောက်သုံးမိနေပါတယ်။ အရင်တုန်းက 1GB ကို ၁၀ ရက်လောက်သုံးရပါတယ်။ အကြောင်းက ရုံးဝိုင်ဖိုင် နဲ့ အခြား ဖုန်းကနေ Wi-Fi လွင့်ပြီးတော့ ဆွဲဆွဲသုံးလို့ပါ။ အမေရိကန်က teenager တစ်ယောက်ဟာ တစ်လကို ဒေါ်လာ ၂၅၀ ပဲ ကုန်တဲ့ အင်တာနက် bill ဟာ အခု တစ်လကို ဒေါ်လာ ၂၀၀၀ ကျော်ဖြစ်သွားတာကြောင့် ပေါက်ကွဲပြီးတော့ တရားစွဲခြင်း ဖြစ်ပါတယ်။ သူ့လိုပဲ အခြားသော မကျေနပ်သူပေါင်း ၁၅ ဦးထပ်မကက တရားစွဲကြပါတယ်။
 
ကျွန်တော်ကတော့ ကိုယ့်အပြစ်နဲ့ကိုယ့်မို့ ဒီစာမရေးခင် အတောတွင်းလေးတင်ပဲ Wi-Fi Assit ကို turn off လုပ်လိုက်ပါတယ်။ သူက ဘယ်လိုအချိန်မှာ အလုပ်လုပ်လည်းဆို အင်တာနက်သုံးတဲ့အခါ loading ကြာတဲ့အခါ Cellelur Data ရဲ့ Speed နဲ့ ယှဉ်ကြည့်ပါလိမ့်မယ်။ အကယ်၍ Cellular Data ရဲ့ Speed က Wi-Fi speed ထပ်မြန်တယ်ဆိုရင် Cellular Data/ Mobile Data က ပွင့်သွားပါလိမ့်မယ်။ အင်တာနက်ကို ကောင်းကောင်း Surf လုပ်ချင်သူများအတွက်ကတော့ ဖွင့်ထားသင့်ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

0 comments:

Post a Comment