iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, January 1, 2016

မြိတ်မြို့ ကျွဲကူး ကျေးရွာ ဧရာနဒီလွန်းကျင်းတွင် ငါးကဲ့လှေအား ကာပျဉ်ကွေးရန် ဂက်စ်အိုးဖြင့်အပူပေးရာမှ မီးလောင်မှုဖြစ်ပွား


မြိတ် ဒီဇင်ဘာ ၃၁

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူး ကျေးရွာ ဧရာနဒီလွန်းကျင်းတွင် ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ထက်ထက်ပိုင်ငါးကဲ့လှေကို ကာပျဉ်ကွေးရန် ဂက်စ်အိုးဖြင့် အပူပေးရာမှ ငါးကဲ့လှေနှစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြိတ်မြို့ စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးကျေးရွာတွင် ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ဧရာနဒီလွန်းကျင်း၌ ပိုင်ရှင်ဦးဘီ ပိုင်ဆိုင်သော ထက်ထက်ပိုင်အမည်ရှိ ငါးကဲ့လှေ အလျား ပေ ၈ဝ၊ အနံ ၂၃ ပေ၊ ရေစူး ပေ ၂ဝ (လှိုင်းဖြူ)ကို ကာပျဉ်ကွေးရန် ဂက်စ်အိုးဖြင့် အပူ ပေးရာမှ အနီးရှိအမှိုက်များပေါ်သို့ မီးပွားကျပြီး ယိုစိမ့်နေသောဆီများသို့ မီးကူးစက်လောင်ကျွမ်းရာမှ ငါးကဲ့လှေနှစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေး၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးသန်းဦး၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းတို့ဦးစီး၍ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် သုံးစီး၊ ရေသယ်ယာဉ် သုံးစီး၊ အုပ်ချုပ်မှုယာဉ် တစ်စီး၊ လူနာတင်ယာဉ်တစ်စီး၊အရန် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ခြောက်စီး၊ ရေသယ်ယာဉ် ငါးစီး၊ နယ်မြေခံ တပ်မှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် သုံးစီး စုစုပေါင်း မီးသတ် ယာဉ်နှင့် ရေသယ်ယာဉ် ၂၁ စီးတို့ဖြင့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၂ဝ၊ နယ်မြေခံတပ်ရင်းမှ တပ်ဖွဲ့ဝင် ၁၅ဝ၊ ရဲတပ်ဖွဲ့ဝင် ၂၅ ဦး၊ ကြက်ခြေနီ ၂ဝ စုစုပေါင်း ၃၁၅ ဦးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၅ မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ ၅ နာရီ ၄၅ နာရီခန့်တွင် မီးငြှိမ်း သွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် ထက်ထက်ပိုင်နှင့် တိုးတက်အောင် အမည်ရှိ ငါးကဲ့လှေနှစ်စင်းတို့၏ လှေပေါင်းမိုးနှင့် အတွင်းပိုင်း မီးလောင်ကျွမ်းခဲ့သဖြင့် ထွန်းဝင်းအောင် (၃၂နှစ်) ကျွဲကူးကျေးရွာ မြိတ်မြို့နေသူကို မြိတ်မြို့မ ရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်ဦး (မြိတ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment