iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, January 1, 2016

ယာဉ်တိုက်မှုကြောင့် တာချီလိတ်၌ ရဲတပ်ကြပ်တစ်ဦး သေဆုံး


 မိုင်းလင်း နယ်မြေ ရဲကင်းမှ တာချီလိတ်သို့ ရဲတပ်ဖွဲ့ဝင်တစ်ဦး မောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်နှင့် ဟွေခိုက်ရွာဘက်မှ မယ်ယန်းရွာဘက်သို့ မောင်းလာသည့် ဆီဘောက်ဆာ(Boxer)ကားတို့ တိုက်မိပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး ဆေးရုံအရောက်တွင် ကွယ်လွန်သွားကြောင်း သိရသည်။


၂၀၁၆ ဇန်န၀ါရီ(၁)ရက်နေ့ နံနက်(၁၁)နာရီကျော်က တာချီလိတ် ၀မ်လုံးကျေးရွာအနီး ဟွေခိုက် လမ်းပေါ်တွင် ဆီဘောက်ဆာ(Boxer)ကား နှင့် မော်တော်ဆိုင်ကယ်တို့ တိုက်မိရာမှ မော်တော်ဆိုင်ကယ် မောင်းလာသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှာ သေဆုံးသွားခြင်းဖြစ်သည်။

"နံနက်(၁၁)နာရီလောက်က ဆီဘောက်ဆာနဲ့ တိုက်မိကြတာပါ၊ အခု ရင်ခွဲရုံမှာ စစ်ဆေးချက်အရတော့ အသဲနှစ်ခြမ်းကွဲသွားတယ်၊ ဦးခေါင်းထိသွားပါတယ်.."ဟု တာချီလိတ် နာရေးကူညီမှုအသင်းမှ မညိုထွေးက ပြောသည်။

 ယာဉ်တိုက် မှုကြောင့် နယ်မြေရဲကင်းမှ ရဲတပ်ကြပ် တင်မောင်ဝေ စီးနင်း လာသော HONDA Wave အမျိုးအစား မော်တော် ဆိုင်ကယ်မှာ ရှေ့ပိုင်း ပျက်စီး သွားပြီး ဆီဘောက်ဆာ မောင်းနှင် လာသော ယာဉ်မောင်း ဇော်မင်းထွန်းအား မော်တော်ယာဉ်အား မိမိလက်ျာဘက်မှ ကပ်၍ မောင်းနှင်ခြင်း မပြုဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိ၍ လူသေဆုံးစေအောင် တိုက်ခဲ့သဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၁/၂၀၁၆၊ ပြစ်မှုပုဒ်မ(၃၀၄-က)ဖြင့် အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။

ဓါတ်ပုံ။ ။ စိုင်းအွမ်ခမ်း( Oun Kham )
Tachileik News Agency
http://www.tachileik.net

No comments:

Post a Comment