iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, January 8, 2016

ရေနုတ်မြောင်းတူးဖော်ရာမှ စစ်ကျန်တင့်ကားပစ်ဗုံးသီးဟောင်း ၄၁ လုံးတွေ့ရှိ


ရေတာရှည် ဇန်နဝါရီ ၇

စစ်ကျန်တင့်ကားပစ်ဗုံးသီးဟောင်း ၄၁ လုံးကို ဇန်နဝါရီ ၇ ရက် နံနက် ၈ နာရီခွဲက ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ အမှတ်(၄)ရပ်ကွက် ကရင်ချောင်းလမ်းတောင်ဘက်ရှိ နေအိမ်ရှေ့ ခြံစည်းရိုးအနီး ရေနုတ်မြောင်းတူးဖော်စဉ် တွေ့ရှိခဲ့ကြောင်း သိရသည်။

ခြံအမှတ်(၇)နေ ဦးသက်ခိုင်ထွန်း (၃ဝ)နှစ်သည် ၎င်း၏နေအိမ်ရှေ့ရှိ ခြံစည်းရိုးအနီး ရေနုတ်မြောင်းတူးဖော်စဉ် အလျား ၁၂ လက်မ၊ လုံးပတ် ၁ဝ လက်မရှိ သံချေးများတက်နေသည့် စစ်ကျန်ဗုံးသီးဟောင်းနှစ်လုံးကို စတင်တွေ့ရှိခဲ့၍ ရေတာရှည်မြို့မရဲစခန်းသို့ သတင်းပို့ခဲ့သည်။ ဗုံးသီးဟောင်းများတွေ့ရှိ သည့်နေရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဥာဏ်ဝင်းနှင့် မြို့မရဲစခန်းမှ တာဝန်ရှိသူများက စစ်ဆေးကြည့်ရှုခဲ့ပြီး ဆက်လက်တူးဖော်ခဲ့ရာ အတန်းလိုက် မြှုပ်နှံထားသော တင့်ကားပစ်ဗုံးဆန်ဟောင်း ၃၉ လုံးကို ဆက်လက်တူးဖော်တွေ့ရှိရ၍ သက်ဆိုင်ရာ စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့ တာဝန်ရှိသူများထံ လွှဲပြောင်းအပ်နှံရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုလွင်(ဆွာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment