iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, January 4, 2016

တော်ဝိကျေးရွာအနီးဆီဘောက်ဆာယာဉ်တိမ်းမှောက်


ညောင်လေးပင် ဇန်နဝါရီ ၃

ပဲခူးတိုင်းဒေသကြီး ညောင်လေး ပင်မြို့နယ် တော်ဝိစံပြကျေးရွာ အနီး ဇန်နဝါရီ ၃ ရက် နံနက် ၅ နာရီ မိနစ် ၄ဝ ခန့်က ဆီတင် ဘောက်ဆာယာဉ် တိမ်းမှောက်ခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ညောင်လေးပင်မြို့ နယ် တော်ဝိစံပြကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်း မိုင်တိုင် အမှတ် (၁ဝ၃/ဝ)နှင့် (၁ဝ၃/၁)အကြားတွင် ရန်ကုန်ဘက်မှ မန္တလေး ဘက်သို့ ယာဉ်မောင်းဇော်ဇော်ဝင်း (၃၁ နှစ်) ဟင်္သာတမြို့နေသူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် လိုက်ပါ လာသူ ကျော်လင်းထက် (၃ဝ နှစ်) မှော်ဘီမြို့နယ်နေသူတို့ မောင်းနှင်လာ သော ဟွန်ဒိုင်းအမျိုးအစား ဖြူနီကြား ဆီဘောက်ဆာ ၁ဝ ဘီးယာဉ်သည် အောက်တိန်းဆီများ တင်ဆောင်လာ စဉ် လမ်း၏ ဘယ်ဘက်ခြမ်းသို့ တိမ်း မှောက်သွားရာ ယာဉ်ပေါ်လိုက်ပါ လာသူ ကျော်လင်းထက်တွင် ဒဏ်ရာ များရရှိသဖြင့် ညောင်လေးပင် ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိ ကြောင်း သိရသည်။

သို့ဖြစ်၍ ယာဉ်ကိုမဆင်မခြင် မောင်းနှင်သူ ဇော်ဇော်ဝင်းအား မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။ နေလင်း(ညောင်လေးပင်)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment