iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, January 7, 2016

ရန်ကုန်ကားဈေးကွက်ဈေးတန်းများ သိန်း၂၀ မှ သိန်း ၃၀ ထိမြင့်တက်


 ရန်ကုန်ကားဈေးကွက်အတွင်း ယခုရက်ပိုင်းကာလ တွင်ကားဈေးများ ယခင်ဈေး တန်း ထက် ၁၅ သိန်း၊ သိန်း၂၀ မှ သိန်း ၃၀ ခန့်အထိ မြင့်တက် သွားကြောင်း သိရသည်။ သက်ဆိုင်ရာဌာနမှ ဒီဇင်ဘာ ၁၉ ရက်တွင် နိုင်ငံပိုင် သတင်း စာများ၌ တရားဝင်ကြေညာချက်ထုတ်ပြန်ပြီးချိန်မှ စတင်၍ ကားဈေး များ သိသိသာသာ မြင့်တက်သွားခဲ့ကြောင်း သိရ သည်။

၂၀၁၆ ခုနှစ် အတွင်း ကားတင်သွင်းမှု မူဝါဒများ ပြောင်းလဲမှုအရ ယခုကဲ့သို့ ကားဈေးနှုန်းများမြင့်တက်လာစေ ရန်အကြောင်း ဖြစ်ပေါ်လာကြောင်း ၀ါရင့် ယာဉ်ဝယ်ရောင်း များမှ ပြောသည်။ ယခုပြောင်းလဲလိုက်သော ၂၀၁၆ ခုနှစ်မှ စတင်၍ ကျင့်သုံးမည့် မူဝါဒသည်ကားလေးများတင်သွင်းခွင့် ရရှိထားသည့် ဖရီးပါမစ်ဈေးကွက်ကိုစည်းကမ်းများစွာ တင်း ကြပ်လိုက်သည့် သဘောဖြစ် သွားပြီး ဤထုတ်ပြန်ချက်မတိုင်မီ က သိန်း ၁၀၀ ၀န်းကျင် သိန်း ၁၁၀ ၀န်း ကျင် သာရှိသော ကား များမှာ တရားဝင်ထုတ်ပြန်ပြီးချိန်မှစတင်၍ သိန်း ၁၃၀ သိန်း ၁၄၀သို့ဖြစ်သွားကြောင်း၊ ယင်းသို့ဝယ်ရောင်းများနှင့် ကား အရောင်းစင် တာ များမှ ကားဈေးတိုးမြှင့်သတ်မှတ်ရခြင်း မှာ ရှေ့နှစ်ဖြစ်ပေါ်မည့်ဈေးကွက် အခြေအနေအရ ဖရီးပါမစ်ကား ဈေးများ ယာဉ်ဟောင်းအပ်နှံစလစ်ဖြင့်သာ တင်သွင်းခွင့်ပြု လျှင် စလစ်ဈေးနှုန်းထပ်မံဖြည့်စွက်ရမည့် အခြေအနေကို ကြို ကာကြခြင်းဖြစ်ကြောင်း၊ ဈေးတန်းမှာ ယခုအတိုင်း မရပ်တန့် နိုင်သေးဘဲ ပို၍ပင်မြင့်တက်လာနိုင်ကြောင်း ၎င်းင်းတို့မှပြောသည်။ကားဈေးတန်းမြင့် တက် လာခြင်းနှင့် အတွဲအဖက်အနေ ဖြင့် ကားစလစ်ဈေးတန်းများနှင့် ကား ပါကင်နေရာအတွက် ပါမစ်ဈေးတန်း မြင့်တက်လာပြီးနှစ် ၂၀ အပ်ကား စလစ် မှာ ၈၂ သိန်း ၈၃ သိန်း ရန်ကုန်ကားပါကင် ၁၃ သိန်းမှ ၁၅ သိန်း အထိမြင့် တက် လာကြောင်း၊ ဖရီးပါမစ်ကားလေးများအား ယခုနှစ် ဒီဇင်ဘာ ၂၄ ရက်နောက်ဆုံးထား၍ ကားပါကင်နေရာ ပြသပြီး ရန်ကုန်လိုင်စင်လျှောက်ရ မည်ဖြစ်၍ ဈေးများလိုအပ် ချက်အရ မြင့်တက်သွားခြင်းဖြစ်ပြီး လိုအပ်ချက် ကုန် သွားမှ သာဈေးပြန်အေးသွားနိုင်ကြောင်း၊ ယာဉ်ဟောင်း အပ်နှံစလစ် မှာမူ ''၂၀၁၆'' မူဝါဒအရတစ်ပတ်ရစ် ကားများဆိုလျှင် စလစ် ကပ်တင်သွင်းရ မည်ဖြစ်ပြီး မိုဒယ်(လ်)မြင့် Brand New ကား များမှာလည်း ဘယ်မောင်းသာ တင်သွင်းရမည်ဖြစ်သဖြင့် စလစ်လိုအပ်ချက်မှာ ဆက်လက်များပြားမည်ဖြစ် ရာ အပ် ကား ရှားပါးသည်ထက် ရှားပါးလာပြီး စလစ်ဈေးနှုန်းမြင့်တက် ဖို့သာရှိကြောင်း၊ ''၂၀၁၆'' ကားဈေးကွက် အလားအလာမှာ လက်ထဲကား ကိုင်ထားသူက ဈေးမြင့်ခေါ်ဝယ်မည့်သူက လည်း ကြိုက်ဈေး၊ စစ်ဈေးတန်း မရသဖြင့် မ၀ယ်နိုင်ဖြစ်သော ကြောင့် အခြေအေ နစောင့်ကြည့် ပြီး ဈေး ကွက်ေ အးမည့် သဘောဖြစ်နေကြောင်း ၀ါရင့်ဝယ်ရောင်းအကျိုးဆောင်များ မှပြောသည်။

SN
‪‎Commerce‬
http://www.commerce.gov.mm

No comments:

Post a Comment