iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, January 28, 2016

ဘန်ကောက်မြို့  နံမည်ကြီး ဇိမ်ခန်းများ ပိုင်ရှင် လွှတ်တော်အမတ် ထောင်ဒဏ်၂နှစ်ချမှတ်ခံရ


ဇန်န၀ါရီလ ၂၈ ရက် ၂၀၁၆။

ရူဝစ် ကမွန်ဝိစစ် ဆိုရင် ထိုင်းနိုင်ငံမှာ လူကြမ်းအမတ် လို့  လူသိများတဲ့သူဖြစ် ပါတယ်၊ ဘန်ကောက်မြို့ လည်မှာမှာ ရေချိုးခန်း အနှိပ်ခန်းတွေထောင်ပြီး သန်းကြွယ် သူဌေးဖြစ်ခဲ့သူပါ။

ငွေကြေးပြည့်စုံပြီးတဲ့အခါ ထိုင်းနိုင်ငံရေးထဲဝင်ပြီး ပါတီခေါင်းဆောင် ဘ၀နဲ့  လွှတ်တော်အမတ်ဖြစ်ခဲ့သူ ရူဝစ် အသက် ၅၅ နှစ်နဲ့  သူရဲ့  အပေါင်းအပါ ၆၅ ယောက် ကို ပြည်သူပိုင် ပစ္စည်းများကို အင်အားသုံး ဖျက် ဆီးခဲ့မှုနဲ့  ထိုင်း တရားရုံးက အပြစ်ရှိကြောင်း အသီးသီးအမိန့် ချခဲ့တာဖြစ်ပါတယ်။


သူ့ ကိုထိုင်းအထက်တရားရုံးက နေ လွန်ခဲ့တဲ့၁၃ နှစ်လောက်က ဘန်ကောက်မြို့  စူကိုဗစ် လမ်း မှာရှိတဲ့ သူပိုင်မြေပေါ်မှာ လခပေးပြီး ဆိုင်ဖွင့်နေကြတဲ့ ဆိုင်ခန်းပေါင်း ၆၀ ကျော်ကို ကျူးကျော်နေ သူတွေဆိုပြီး လူမိုက်တွေငှားရမ်းကာ အင်းအားသုံး ဖျက်ဆီးပစ်ခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်မှာ ဖျက်ဆီးခံရတဲ့ ဆိုင်ပိုင်ရှင်တွေက တရားရုံးမှာ တရားလိုအဖြစ် လျှောက်ထား တရားစွဲခဲ့ပါတယ်။ ထိုင်းနိုင်ငံရေးလောကမှာ ရူဝစ်ရဲ့ နိုင်ငံရေး ရပ်တည်ချက်က သိတ်ကောင်လှတယ်တော့ မဟုတ်ပါဘူး။

အင်အား ရှိတဲ့သူကိုမြှောက်ပင့်ပြောဆိုကာ- မိမိပါတီဝင်တွေကို ဖိနှိပ်ထားပြီး သူတ ဦးတယောက် ထဲ နံမည်ကြီးအောင် လုပ်ခဲ့တာကြောင့်သူ ရဲ့ လုပ်ရပ်ကို ထိုင်း နိုင်ငံရေးလော က သားတွေကတော့ မနှစ်သက်ကြပါဘူး။

လွှတ်တော်အမတ်မဖြစ်ခင်က လူထုအခက်ခဲတွေ ကူညီမဲ့သူလို မာန်ပါပါ နဲ့ မိန့် ခွန်းတွေပြောခဲ့ပေမယ့် ပါတီခေါင်းဆောင် အမတ်ဖြစ် လာတဲ့အခါ သူရဲ့ စိတ်ရင်းမှန်ကို လက်တွေ့ ပြခဲ့တာတော့ လူထုတော် လှန်ရေး ဆန္ဒပြပွဲတွေမှာ ဘာတခုမှ အားလည်းမပေး ပါဝင်တာလည်းမတွေ့ ရပါဘူး။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW

No comments:

Post a Comment