iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, January 25, 2016

Fernando Torres ကို ကမ္ဘာ့အမြင့်ဆုံးလစာနဲ့ လာရောက်ကမ်းလှမ်းထားတယ်လို့ အေးဂျင့်ဖြစ်သူပြော




လီဗာပူးလ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း Torres ဟာဆိုရင်တော့ အက်သလက်တီကိုအသင်းမှာ ဆက်ရှိနေဖို့ မသေချာတော့ပါဘူး။ အဲ့လို အနာဂတ်လှုပ်ခတ်နေတဲ့ တိုက်စစ်မှူးကိုတော့ လာရောက်ကမ်းလှမ်းထားတဲ့အသင်းရှစ်သင်းလောက်ရှိပြီး တစ်သင်းကတော့ အမြင့်မားဆုံးလစာတစ်ရပ်ကို ပေးချေဖို့တောင် အဆင်သင့်ဖြစ်နေတယ်လို့ သူ့ရဲ့ အေးဂျင့်ဖြစ်သူရဲ့ အဆိုအရသိရပါတယ်။ 

ဒီရဲ့ စပိန်လက်ရွေးစင်တိုက်စစ်မှူးဟောင်းကိုတော့ ကမ္ဘာအနှံ့ကလပ်တွေက လာရောက်ကမ်းလှမ်းထားကြပြီးတော့ တရုတ်စူပါလိဂ်ကလည်း အပါအဝင်ဖြစ်တယ်လို့ သိရပါတယ်။ Torres ဟာ လောလောဆယ်မှာတော့ အက်သလက်တီကို မက်ဒရစ်အသင်းမှာ ကစားနေဆဲဖြစ်ပြီး ခြေစွမ်းကတော့ သာမန်ထက်တော့ မပိုခဲ့ပါဘူး။ Torres ဟာ နီးစပ်နေတဲ့ အနာဂတ်တစ်ခုအတွက် အကောင်းဆုံးနေရာတစ်ခုမှာ ကစားလိုနေပြီး အသင်းနည်းပြ Simeone နဲ့ အသင်းကနေ ထွက်ခွာဖို့ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အက်သလက်ပရိသတ်တွေကတော့ သူ့ကို အသင်းမှာ ဆက်ရှိနေမယ့် စကားမျိုးကိုသာ ပြောနေစေလိုတယ်လို့ သိရပါတယ်။ 

" မက်ဒရစ်က ပရိသတ်တွေကတော့ သူ့ကိုအသင်းမှာပဲ ဆက်ရှိနေစေချင်တယ်။ သူ့ကို ကမ္ဘာ့လစာအကောင်းဆုံး ကစားသမားဖြစ်လာအောင်လုပ်ပေးမယ့် အသင်းတစ်သင်းကလည်း ကမ်းလှမ်းထားပါတယ်။ သူအသင်းပြောင်းဖြစ် မပြောင်းဖြစ်ကတော့ အသင်းပေါ်မှာ မူတည်နေပါတယ်။ အသင်းရဲ့ နည်းပြတွေ ၊ ဒါရိုက်တာအဖွဲ့ဝင်တွေအားလုံးကလည်း Fernando ရဲ့ မိတ်ဆွေတွေချည်းပါပဲ။ အသင်းရဲ့ ပရိသတ်တွေကတော့ သူ့ကို အသင်းမှာ ဆက်ရှိ မရှိဆိုတာ အဆုံးအဖြတ်ပေးမယ့်သူတွေပါ " လို့ အေးဂျင့်ဖြစ်သူက ပြောပါတယ်။ 

No comments:

Post a Comment