iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, January 5, 2016

Jurassic World Game ကို iPad တွင်ဆော့ရန်အတွက်ကလေးများ ဒေါ်လာခြောက်ထောင်နီးပါးသုံးစွဲနေကြ


တကယ်လို့ သင့်စမတ်ဖုန်း ဒါမှမဟုတ် တက်ဘလက်တွေရှိမယ် ဆိုရင်တော့ Password ကိုသေချာအောင်ခံသင့်ပါတယ်၊ မဟုတ်လို့ရှိရင် သင့်အိမ်မှာရှိတဲ့ ကလေးက သင့် Apple ID ကိုအသုံးပြုပြီး သူ့ရဲ့အားလပ်နေတဲ့ အချိန်တွေကို ဒီဒိုင်နိုဆောဂိမ်းဆော့ပစ်နိုင်လို့ဖြစ်ပါတယ်၊ ဒီအပတ်ထဲမှာတင် iTunes ကနေပြီးတော့ ဒီဂိမ်းကို ဒေါ်လာခြောက်ထောင်နီးပါး ပေးပြီး ၀ယ်ယူဆော့ကစားနေတဲ့ ကလေးတွေရှိလာတာဖြစ်ပါတယ်၊

အင်္ဂလန်နိုင်ငံ၊ West Sussex မှာနေထိုင်တဲ့ Mohamed Shugaa ကသူ့ကလေးဟာ သူအလုပ်သွားနေတဲ့အချိန် ဒီဂိမ်းစီးရီးလိုက်ဝယ်ပြီးဆော့ပစ်တာကြောင့် ဒေါ်လာခြောက်ထောင်နီးပါး ကျွတ်သွားတာကြောင့် ဒေါသထွက်နေတာလည်းဖြစ်ပါတယ်၊ သားဖြစ်သူ Faisall ကသူ့ရဲ့ Apple ID တွေ Passcoad တွေအကုန်သိနေလို့ ဒီဂိမ်းကို ၀ယ်ယူလိုက်တာဖြစ်ပါတယ်၊

ဒီ Jurassic World ဂိမ်းဟာ ယူနီဗာဆယ်စတီရီယို ကထုတ်လုပ်တာဖြစ်ပြီး Free Download ဆွဲလို့ရနိုင်ပေမယ့် နောက်ပိုင်းတက်မယ့် အဆင့်တွေအတွက်တော့ ပိုက်ဆံပေးဝယ်ယူရတာဖြစ်ပါတယ်၊

သတင်းကောင်းတစ်ခုကတော့ Shugaa က Apple ကို သူ့သားက မတော်တဆဒီဂိမ်းကို ၀ယ်ယူမိတဲ့အကြောင်း ပြန်တင်ပြလိုက်တော့ သူ့ရဲ့ငွေတွေကို အကောင့်ထဲပြန်လွှဲပေးခဲ့ပါတယ်၊

No comments:

Post a Comment