iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, January 13, 2016

ကျွန်တော်တို့ အာဆင်နယ်ကို အနိုင်ယူနိုင်မယ်မထင်ဘူးဆိုတဲ့ Jurgen Klopp



ဂန်းနားတွေနဲ့ ကြိုးကြာနီတို့ကတော့ အန်ဖီးလ်ကွင်းမှာ မနက်ဖြန် မနက် ၂း၃၀ နာရီမှာ ယှဉ်ပြိုင်ကစားသွားကြမှာပါ။ အဲ့ဒီပွဲမှာတော့ လီဗာပူးလ်နည်းပြ Klopp က အာဆင်နယ်အသင်းကို ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲတယ်လို့ ပြောပါတယ်။လီဗာပူးလ်အသင်းဟာ အိတ်စတာအသင်းကို အက်ဖ်အေဖလားမှာ သရေကျခဲ့ပြီးတဲ့နောက်မှာတော့ ပရိသတ်တွေက အသင်းရဲ့ ရလဒ်ပိုင်းကို စိတ်ပျက်နေကြပါတယ်။
 
လီဗာပူးလ်အသင်းဟာ  Jordan Henderson, Mamadou Sakho နဲ့ Jordon Ibe တို့ ဒဏ်ရာကနေ ပြန်လည် သက်သာလာပေမယ့်လည်း နည်းပြ Klopp ကတော့ အာဆင်နယ်အသင်းရဲ့ အကောင်းဆုံး ကစားပုံကို ယှဉ်နိုင်ဖို့ ဝေးကွာနေသေးတယ်လို့ ဝန်ခံထားပါတယ်။

" အာဆင်နယ်မှာ ကိုယ်ပိုင်ကစားပုံရှိတယ်။ သူတို့က ဘောလုံးလောကရဲ့ ပရော်ဖက်ရှင်နယ်တွေပါပဲ။  ကျွန်တော်တို့အသင်းက သူတို့အသင်းလို လိုက်ကစားနိုင်မယ်ဆိုရင်တောင် ကျွန်တော်တို့အသင်းမှာ အခွင့်အရေးတွေဖန်တီးနိုင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့အသင်းက ကစားပုံကို ဟန်ချက်ညီအောင် အချိန်ကြာကြာထိန်းထားနိုင်တယ်လေ " လို့ Klopp က ရှင်းပြခဲ့ပါတယ်။

" သူတို့ဟာ ပရော်ဖက်ရှင်နယ်အဆင့်တောင်မကပဲ တန်ပြန်တိုက်စစ်ကစားပုံအရမ်းမြန်တယ်။ သူတို့ကျွန်တော်တို့ကို အနိုင်ယူနိုင်ပါတယ် " လို့ Klopp က ထပ်ပြောကြားခဲ့ပါသေးတယ်။

အာဆင်နယ်အသင်းနဲ့ ပွဲမှာတော့ Simon Mignolet, Kolo Toure, Nathaniel Clyne, Alberto Moreno, Emre Can, James Milner, Roberto Firmino, Adam Lallana နဲ့ Lucas တို့ပါဝင်ကစားနိုင်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

" Kolo (Toure) ကတော့ ကစားနိုင်ချေရှိပါတယ်။ ကျွန်တော်တို့မှာ နောက်ခံကစားသမားကောင်းတစ်ယောက်တော့ ပါဝင်နိုင်ဖွယ်ရှိပါတယ်။ Arsene Wenger ကိုလည်း တစ်နေ့ထက်တစ်နေ့ ပိုလေးစားလာပါတယ်။ သူနဲ့ နည်းဗျူဟာပိုင်း ယှဉ်ပြိုင်ရတာကတော့ စိတ်ဝင်စားစရာပါပဲ" လို့ Klopp က ပြောခဲ့ပါသေးတယ်။ Klopp ဟာ Arsene Wenger နဲ့ လေးပွဲထိပ်တိုက်ရင်ဆိုင်ဖူးခဲ့ပြီး တစ်ပွဲနိုင် ၊ နှစ်ပွဲသရေ ၊ တစ်ပွဲရှုံးရလဒ် ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

No comments:

Post a Comment