![]() |
| FIFA Ballon d'Or ဆုကို ငါးကြိမ်မြောက်ရခဲ့တဲ့ Messi |
ဘာစီလိုနာတိုက်စစ်မှူး Messi ကတော့ မနေ့ညက ချီးမြှင့်ခဲ့တဲ့ ၂၀၁၅ အတွက် FIFA Ballon d'Or ဆုပေးပွဲမှာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး Ronaldo နဲ့ အသင်းဖော် ကစားသမား Neymar တို့ကို ကျော်ဖြတ်ပြီး FIFA Ballon d'Or ဆုကို ငါးကြိမ်မြောက် ရယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာ စူပါစတားအတွက်တော့ အကောင်းဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ဒဏ်ရာပြဿနာတွေအနည်းငယ်ရှိနေခဲ့ပေမယ့်လည်း ဒီဆုကို ရယူနိုင်ခဲ့တာပါ။
![]() |
| Messi ရဲ့ ဇနီးသည်ကို လက်ဆွဲနှုတ်ဆက်နေတဲ့ Ronaldo |
နောက်ပိုင်းနှစ်နှစ်ဆက်တိုက် ပြိုင်ဘက် Ronaldo ရဲ့ ကျော်ဖြတ်မှုကို ခံခဲ့ရပြီးနောက်မှာတော့ Messi က အခုလို ရယူနိုင်ခဲ့တာပါ။ Messi ဟာ မဲပေးရွေးချယ်ခဲ့ရာမှာတော့ မဲအားလုံးရဲ့ ၄၁.၃၃ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး ၊ Ronaldo နဲ့ Neymar တို့က ၂၇.၇၆ ရာခိုင်နှုန်းနဲ့ ၇.၈၆ ရာခိုင်နှုန်း အသီးသီးရယူနိုင်ခဲ့ကြပါတယ်။ Messi ဟာ ၂၀၁၅ ခုနှစ်အတွင်းမှာ ၆၁ ပွဲကစားခဲ့ပြီး ၅၂ ဂိုးသွင်းယူ ၂၆ ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး အဓိက ဆုဖလားငါးခုအထိ ရယူနိုင်ခဲ့တာတွေက အခုလို အောင်မြင်မှုလမ်းဆီ ရောက်ရှိသွားခဲ့တာပါ။
![]() |
| ဆုလက်ခံရယူနေသည့် Messi |
" အရင်နှစ်တွေက Cristiano (Ronaldo) ဆုယူတာကို ကြည့်ခဲ့ရပေမယ့် ဒီနှစ်တော့ စင်ပေါ်ကို ပြန်ရောက်လာလို့ အရမ်းကို စပါယ်ရှယ်ဖြစ်တဲ့ အခိုက်အတန့်ပါပဲ။ ကျွန်တော့်ရဲ့ မယုံနိုင်စရာ ငါးကြိမ်မြောက်ပဲ။ ကျွန်တော် ကလေးဘဝတည်းက အိပ်မက်မက်ခဲ့တဲ့ဆုပါ။ ကျွန်တော့်ကို မဲပေးခဲ့ကြတဲ့သူတွေနဲ့ အသင်းဖော်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို ဒီဆုရဖို့အားပေးနေတဲ့ ဘောလုံးလောကတစ်ခုလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အကောင်းနဲ့အဆိုးနှစ်မျိုးလုံးက ကျွန်တော့်ကို ပိုသင်ယူစေပြီး ပိုတိုးတက်စေပါတယ်။ " လို့ Messi က ဆုလက်ခံစကား ပြောခဲ့ပါတယ်။
ပွတ်ရှ်ကပ်ဆုကိုတော့ ဘရာဇီးလ်တိုက်စစ်မှူး Wendell Lira က ရရှိခဲ့ပါတယ်။
![]() |
| တစ်နှစ်တာအကောင်းဆုံးအမျိုးသမီးဆုရ Carli Lloyd |
အဲ့ဒီနောက်မှာတော့ တစ်နှစ်တာအကောင်းဆုံး အမျိုးသမီးဆုကို အမေရိကန်အမျိုးသမီးလက်ရွေးစင်တိုက်စစ်မှူး Carli Lloyd ရရှိခဲ့ပြီး တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံးဘောလုံးအသင်းကို ထုတ်ပြန်ခဲ့ရာမှာတော့ ပရီးမီးယားလိဂ်ကတစ်ယောက်မှ ပါဝင်လာခြင်းမရှိတာကိုလည်း အခုလိုပဲတွေ့ရပါတယ်။
![]() |
| ကမ္ဘာ့အကောင်းဆုံးအသင်းကစားသမားများ |






No comments:
Post a Comment