Redmi Note 3 firmware တင် ဟိုကလိ ဒီကလိပြီး IMEI ပျောက်သွားသူများအနေနဲ့ SN Writer ဖြင့် ရေးလို့ရပါတယ် https://my.pcloud.com/publink/show… ဒါလေးကိုဒေါင်းပါ ပြီးရင်တော့ run ပေးပါ ပြီးရင်တော့ အောက်က ပုံတွေအတိုင်း အဆင့်ဆင့် ပြုလုပ်ပေးပါ။ အားလုံးဖြည့်ပြီး start ဆိုတဲ့ ဟာနှိပ်ပြီးမှ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ရမှာဖြစ်ပါတယ် ။
ကွန်ပျူတာနဲ့ မချိတ်ခင် ဖုန်းကို power ပိတ်ပါ သေချာအောင်လို့ volume up + volume down + power တွဲနှိပ်ထားပါ ၁၀ စက္ကန့်လောက် နှိပ်ထားရမည်။ ဒါဆို ကွန်ပျူတာနဲ့ ချိတ်ဆက်လို့ ရပါပြီ။ ကြိုးနဲ့ ချိတ်တဲ့အခါ တခုသတိထားရမှာက volume down လေးကိုနှိပ်ထားပြီး ကြိုးထိုးရမယ် ဆိုတာပါပဲ …
ပြီးရင် ခဏစောင့်လိုက်ပါ Pass ဆိုတဲ့ အစိမ်းရောင် လေးနဲ့စာတမ်းလေးပေါ်လာရင် ကြိုးဖြုတ်ပြီး power on လိုက်တယ်ဆိုရင်ပဲ IMEI ပြန်ရေးပြီးတဲ့ Redmi Note 3 ကိုပြန်လည်ရရှိသွားမှာပါ….
ရေးသားသူ – ကိုကြပ်ကလေး (MMAS)
. MMAS နဲ့ MMUG အတွက် အမြဲပေးဆပ်နေမယ့် ကိုကိုကြပ်
No comments:
Post a Comment