iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Thursday, January 28, 2016

Surface Pro 4 နဲ့ Surface Book တွေအတွက် firmware update တွေကို Microsoft ထုတ်ပြန်


Microsoft ကုမ္ပဏီကတော့ သူ့ရဲ့နောက်ဆုံးထွက်ပစ္စည်းနှစ်ခုဖြစ်တဲ့ Surface Pro 4 နဲ့ Surface Book တွေအတွက် firmware ဗားရှင်းအသစ်တွေကို ထုတ်လုပ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ Microsoft ရဲ့ ထုတ်ကုန်နှစ်ခုကိုတော့ အခုလို နည်းပညာပိုင်းဆိုင်ရာအသစ်တွေကို ထပ်ပြီးချပြလိုက်ရာကနေ သုံးစွဲသူတွေ ပိုပြီး စိတ်ကျေနပ်မှုရရှိနိုင်မယ်လို့ Microsoft က ရည်ရွယ်ထားပါတယ်။

ဒီရဲ့ firmware အသစ်မှာဆိုရင်တော့ ဘက်ထရီသွင်းရာမှာပိုမိုမြန်ဆန် အထောက်အကူပြုစေမှာဖြစ်ပြီးတော့ အပူထွက်ရှိမှုကိုလည်း လျှော့ချပေးသွားနိုင်မယ့် နည်းပညာတွေကို ပိုမိုထည့်သွင်းထားပါတယ်။ လက်ဗွေစနစ်ကို ပိုမိုတိတိကျကျသိရှိနိုင်မယ့် အာရုံခံစနစ်လည်းပါဝင်လာတာကြောင့် လုပ်ဆောင်ချက်တွေက ပိုတိကျလာတော့မှာပါ။ 5Ghz အင်တာနက်အောက်ကနေပြီးတော့လည်း လုပ်ဆောင်မှုတွေကို ပိုမိုမြန်ဆန်နိုင်စေဖို့ ဝါယာမဲ့ထိန်းချုပ်မှုနဲ့ Bluetooth ထိန်းချုပ်မှုတွေကိုလည်း ထည့်သွင်းပေးသွားမှာပါ။ 

NVIDIA ရဲ့ ပိုမိုမြင့်မားလာတဲ့ ဂရပ်ဖစ်နည်းပညာတွေကတော့ surface book သုံးစွဲသူတွေကို စိတ်ကျေနပ်မှုအပြည့်ပေးနိုင်မှာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်တွေတုန်းက ဖြစ်ပွားခဲ့တဲ့ မျက်နှာပြင်ပြသမှုအချို့ရဲ့ ချွတ်ယွင်းမှုတွေကိုလည်း နောက်တစ်ခါမတွေ့ကြုံစေရဘူးလို့လည်း အာမခံထားခဲ့ပါတယ်။ Surface Pro 4 နဲ့ Surface Book တွေဟာဆိုရင်တော့ မသုံးဘဲအနားပေးထားတဲ့အချိန်တွေမှာတောင်မှ ဘက်ထရီသုံးစွဲမှုမြင့်မားနေတာကြောင့်လည်း Microsoft က ဝယ်ယူသူတွေကိုတောင်းပန်ခဲ့ရပါတယ်။

No comments:

Post a Comment