#htmlcaption1 Go UP! Pure Javascript. No jQuery. No flash. #htmlcaption2 Stay Connected

zawgyi သို့ မဟုတ် unicode

Saturday, January 9, 2016

The Bodyguard from Beijing (1994) မြန်မာစာတန်းထိုး


ဂျက်လီရဲ့အကောင်းဆုံးဇာတ်ကားထဲကတစ်ကားအပါအ၀င်ဖြစ်ပါတယ်.ငယ်ငယ်တုန်းကလည်း ကျွန်တော်
အရမ်းသဘောကျနှစ်သက်တဲ့ ဇာတ်ကားဖြစ်တာနဲ့အညီ ဒီဘက်ခေတ်မှာလည်း ပြန်ကြည့်ရဖို့မလွယ်
ကူတော့တဲ့အတွက် ကိုယ်တိုင်ဘာသာပြန်ပြီး ထပ်မံတင်ဆက်ပေးလိုက်ပါတယ်..အကောင်းဆုံးကွာလတီ
ကိုရှာပြီးတင်ပေးထားပါတယ်..ကြည့်ရှုသူတွေစိတ်ကျေနပ်မယ်လို့မျှော်လင့်ပါတယ်

တခုပြောစရာရှိတာက Subtitle ကိုဘာသာပြန်တဲ့အခါမှာ မူရင်း English Subtitle မထွက်ပါဘူး...
ထွက်တဲ့ဗားရှင်းကလည်းကျွန်တော်ဒေါင်းထားတဲ့အကြည်ဆုံး Movie Version နဲ့မကိုက်တဲ့အတွက်
တရုတ်စာဖိုင်ကိုသာ Google Translate သုံးပြီး English ကိုပြောင်း..ထို English ကမှ တဆင့်
မြန်မာဘာသာပြန်ထားတာဖြစ်တဲ့အတွက် အနည်းငယ်လွဲမှားမှုများရှိခဲ့ပါလျှင် သည်းခံပေးကြပါလို့
ပြောချင်ပါတယ်..

ဇာတ်လမ်းအကျဉ်း - Hui Ching-yeung  ဟာ အင်မတန်တော်တဲ့ ဘေကျင်းကသက်တော်စောင့်တစ်ဦး
ဖြစ်ပါတယ်..တစ်ရက်မှာသူ့အလုပ်တာဝန်တခုကျရောက်လာပါတယ်..ဒါကတော့ ဟောင်ကောင်က
လူသတ်မှုတစ်ခုမှာ မျက်မြင်သက်သေဖြစ်ခဲ့တဲ့ မီရှယ်ယောင်ကို ကာကွယ်ရမယ့်တာဝန်ပါ...
လူသတ်မှုမှာ မျက်မြင်သက်သေ ၃ ဦးရှိပေမယ့် ကျန်တဲ့၂ဦးက မတော်တဆ မှု တွေနဲ့သေဆုံးသွားပြီး
မီရှယ်တစ်ယောက်သာကံကောင်းလို့လွတ်ထားတာမို့ Hui Ching-yeung  ကသေချာစောင့်ရှောက်ပြီး
တင်းကျပ်စွာထိန်းချုပ်ထားတာမို့မီရှယ်က သဘောမကျလို သူ့ရည်းစားကိုလည်း သက်တော်စောင့်
လဲပေးဖို့ အတင်းပြောပါတယ်..တစ်နေ့ စူပါမားကတ်မှာ မီရှယ်ကို Hui Ching-yeung  က ကယ်
တင်ခဲ့လို့ မီရှယ်တစ်ယောက်အမြင်တွေပြောင်းလဲသွားပါတယ်..တဖြေးဖြေးနဲ့ Hui Ching-yeung  ကိုလည်း သံယောဇဉ်တွယ်လာပါတယ်...ဒီလိုသံယောဇဉ်တွေနဲ့ Hui Ching-yeung  တစ်ယောက်
ဘယ်လိုရုန်းထွက်မလဲ..မီရှယ်ကြုံလာရမယ့် အကြီးမားဆုံး အန္တရာယ်ကဘာလဲ..ဘယ်လိုတွေဆက်ဖြစ်
နိုင်မလဲဆိုတာ အသေးစိတ်ဆက်လက်ကြည့်ရှုကြပါ


Filesize : 950 MB
Quality : DvdRip
Format : mp4
Run Time : 1h 29min
Subtitle : Myanmar Subtitle (Hardsub)
Translated By LK
Encoded By LK

channelmyanmar.com

0 comments:

Post a Comment