iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, January 23, 2016

လန်ဒန်မှာ ကစားတာဆယ်နှစ်ပြည့်ခဲ့တဲ့ Walcott အပေါ် Arsene Wenger ရဲ့ အမြင်


အာဆင်နယ်အသင်းမှာ ကစားတာဆယ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ မြန်နှုန်းမြင့် Walcott နဲ့ ပတ်သက်တဲ့ အကြောင်းအရာတစ်ချို့ကိုတော့  အာဆင်နယ်နည်းပြ Arsene Wenger က ပြောပြခဲ့ပါတယ်။ Walcott ဟာအသင်းကို ၂၀၀၆ ခုနှစ် ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ရောက်ရှိခဲ့တာဖြစ်ပြီး လန်ဒန်မှာ နေထိုင်ခဲ့တာ ၁၀ နှစ်ပြည့်ခဲ့ပါပြီ။ သူ အသက် ၁၆ နှစ်အရွယ်မှာတင် ဆောက်သမ်တန်အသင်းကနေ အီမရိတ်စ်ကွင်းကို ခြေချခွင့်ရရှိခဲ့ပါတယ်။ 

သူဟာ မြောက်လန်ဒန်အသင်းမှာ လာရောက်ကစားစဉ်ကာလမှာ အများကြီးတိုးတက်ပြောင်းလဲလာတယ်လို့ Arsene Wenger က ပြောပါတယ်။ 

" Theo က အရမ်းထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ။ သူ့မှာ ဘောလုံးနဲ့ ရွေ့လျားတဲ့အချိန်မှာ ကြောက်စရာ အရည်အချင်းတွေ ရှိပါတယ်။ သူကအရမ်းကို ထက်မြက်တဲ့ကစားသမားပါ။ သူဟာ အသင်းအပေါ်လည်း သစ္စာရှိခဲ့ပြီးတော့ သူ့ရဲ့ အဆုံးသတ်ပိုင်းကလည်း အရမ်းကို ကောင်းလာပါတယ်။ ပြီးခဲ့တဲ့ ၁၀ နှစ်ကနဲ့စာရင်တော့ နှိုင်းယှဉ်ဖို့အရမ်းကို ခက်ခဲသွားပါပြီ။ သူအခုဆိုရင် အခွင့်အရေးရရင် ရသလို ဂိုးသွင်းတတ်နေပြီလေ။ သူ့ရဲ့ ဘောလုံးနည်းစနစ်တွေကတော့ ပြောစရာမလိုအောင် ပိုကောင်းလာပါပြီ " လို့ Wenger က ပြီးခဲ့တဲ့ ဆယ်နှစ်က ပုံစံနဲ့ ယှဉ်ပြီး ပြောကြားသွားခဲ့ပါတယ်။ 

" ဒီနေရာမှာ သူကစားတာ ဆယ်နှစ်ကြာခဲ့ပြီ။ သူက အာဆင်နယ်ကို အရမ်းမြတ်နိုးပြီး နောက်ထပ်လေး ၊ ငါးနှစ်လောက်အထိ ကောင်းကောင်းကစားနိုင်အုံးမှာပါ။ သူက အမြဲတမ်းအရှေ့ကို တက်လှမ်းနေပြီး သူ့မှာ ပိုကောင်းအောင် ကစားနိုင်စွမ်းတွေ ရှိနေသေးတယ်။ သူဆောက်သမ်တန်မှာ လူငယ် FA ဖလားကို ကစားနေတုန်းက စသတိထားမိခဲ့တယ်။ သူက ဘယ်ခြမ်းမှာ ကစားရတာကိုကြိုက်တယ်။ သူကအခုဘောလုံးအတိုင်းရွေ့လျားကစားနေနိုင်ပြီလေ။ သူ့ရဲ့ လျင်မြန်မှုနဲ့ ဖြတ်ထိုးဥာဏ်တွေက သူ့ကို အကောင်းဆုံးဖြစ်လာစေတဲ့ အဓိက အချက်တွေပဲ။ " လို့ ထပ်ပြီး ပြောကြားခဲ့ပါတယ်။ 

အသက် ၂၆ နှစ်ရှိခဲ့ပြီဖြစ်တဲ့ Walcott ဟာဆိုရင်တော့ လက်ရှိကစားနေတဲ့ကစားသမားတွေကြားမှာ အာဆင်နယ်အသင်းနဲ့ သက်တမ်းအရှည်ဆုံးကစားသမားဖြစ်ပြီး နောက်ထပ်ကွင်းလယ်လူဖြစ်တဲ့ Rosicky ကတော့ သူရောက်ရှိပြီး လေးလအကြာ ၂၀၀၆ ခုနှစ် မေလမှာ အသင်းကို စတင်ရောက်ရှိခဲ့တာပါ။ Walcott ဟာ အာဆင်နယ်အတွက် ၃၂၆ ပွဲကစားထားပြီး ၈၁ ဂိုးသွင်းယူပေးထားနိုင်တဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ 

No comments:

Post a Comment