![]()  | 
| ပတ်သ်မြို့ရှိWoodside ရုံး (Credit: ABC) | 
သြစတြေးလျပိုင် Woodside ကုမ္ပဏီဟာ ရခိုင်ပြည်နယ်က ရွှေရည်ထွန်း အမှတ်တစ် တွင်းမှာ ရှာဖွေ တူးဖော်မှုလုပ်တုန်း တွေ့ရှိတာ ဖြစ်ပါတယ်။
အဲဒီနေရာမှာ စီးပွားဖြစ် ထုတ်ယူနိုင်မယ့် သဘာဝ ဓာတ်ငွေ့ကို တွေ့ရှိတဲ့အတွက် အလားအလာကောင်းတယ်လို့ ယူဆတာ ဖြစ်ပါတယ်။
အဲဒီလို တွေ့ရှိမှုကြောင့် အဲဒီ ဒေသတဝိုက်မှာ ရှာဖွေ တူးဖော်မှုတွေ ပိုများလာဖို့ ရှိနေပါတယ်။
Woodside အနေနဲ့ အာဖရိက၊ နယူးဇီလန် အစရှိတဲ့ နိုင်ငံတွေမှာလည်း ရှာဖွေ တူးဖော်ခွင့် ရထားပေမယ့် အောင်မြင်မှုတွေ သိပ်မရတဲ့အချိန်မှာပဲ မြန်မာနိုင်ငံမှာ စီးပွားဖြစ် ထုတ်ယူနိုင်မယ့် အနေအထား တွေ့ရတဲ့အတွက် ကျေနပ်နေကြပါတယ်။
ရွှေရည်ထွန်း အမှတ်တစ် တွင်းကို Woodside က ၄၀% ပိုင်ဆိုင်ပြီး ပြင်သစ်နိုင်ငံက Total ကုမ္ပဏီက ၄၀%နဲ့ မြန်မာနိုင်ငံက MPRL ကုမ္ပဏီက ၂၀% ပိုင်ဆိုင်တယ်လို့ သိရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese

No comments:
Post a Comment