iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Monday, February 8, 2016

LOVE မဂ္ဂဇင်းအတွက် အလန်းစားဓာတ်ပုံတွေ ရိုက်ခဲ့တဲ့ Gigi Hadid နဲ့ Kendall Jenner


စူပါမော်ဒယ်မလေးတွေဖြစ်တဲ့ Gigi Hadid နဲ့ Kendall Jenner တို့ကတော့ သူတို့ရဲ့ ကောက်ကြောင်းတွေကို ဖော်ပြထားတဲ့ ဓာတ်ပုံတွေကို LOVE မဂ္ဂဇင်းအတွက် အရိုက်ခံခဲ့တယ်လို့ သိရပါတယ်။

Gigi Hadid ကတော့ သူမရဲ့ ရင်သားအလှတွေကို ဖော်ပြထားတဲ့ အလန်းစားဓာတ်ပုံကို LOVE မဂ္ဂဇင်းအတွက် အရိုက်ခံခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၀ အရွယ် ဒီမော်ဒယ်ဟာဆိုရင်တော့ သူမရဲ့ သားမြတ်ခေါင်းပေါ်လောက်တဲ့အထိ ပို့စ်အပေးကြမ်းခဲ့ပါတယ်။




Gigi ဟာ ရှေးဟောင်းကော်ဇောတစ်ခုပေါ်မှာ ခြေထောက်နှစ်ချောင်းကို ကားထားပြီး လုံးဝကို sexy ဖြစ်နေတဲ့ ဓာတ်ပုံထွက်လာအောင် အရိုက်ခံခဲ့ပါတယ်။ Gigi ဟာ မိုးပြာရောင် အတွင်းခံ အပေါ်က ရွှေရောင် ဂျာကင်တစ်ခုကို ဓာတ်ပုံရိုက်ချိန်မှာ ဝတ်ဆင်ထားခဲ့ပါတယ်။




Kendall Jenner ကတော့ သူမရဲ့ ကောက်ကြောင်းအလှကို ဝတ်စုံနက်နဲ့ ဆွဲဆောင်မှုအားအကောင်းဆုံး ဖြစ်နေအောင် ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။

လာမယ့်ကာလတွေမှာ Selena Gomez လည်း ပါဝင်ပြီး LOVE မဂ္ဂဇင်းအတွက်  ဓာတ်ပုံမော်ဒယ်အဖြစ်ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

No comments:

Post a Comment