iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Wednesday, February 10, 2016

တရုတ်လို TWRP တွေဖြစ်နေလို့ စိတ်ညစ်နေကြသလား

12466121_931793470203476_8238567278226604582_o

အခုနောက်ပိုင်း ဖုန်းတွေအတွက် TWRP အများစုဟာ တရုတ်စာတွေနဲ့ ဖြစ်နေကြလို့ သုံးရတာ အဆင်မပြေဘူးဖြစ်နေကြသူများ အတွက် တရုတ် TWRP တွေကို English လိုမြင်ရအောင် လုပ်လို့ ရမယ့် နည်းလေး ပြောပြချင်ပါတယ် လုပ်နည်းလေးကတော့ မခက်ပါဘူး TWRP ကို Themes ပြောင်းပေးလိုက်တာပါပဲ။
လုပ်ရမှာတွေကတော့ http://www.mediafire.com/download/092x446cdig3so4/theme.zip အခုလင့်ကနေ Theme.zip ကိုဒေါင်းပြီး ဖြည်ချလိုက်ရင် theme ဆိုတဲ့ ဖိုဒါလေးကို တွေ့ရမှာပါ အဲ့ ဖိုဒါလေးကို Copy ကူးပြီး ဖုန်းရဲ့ Internal Storage ထဲမှာ ရှိတဲ့ TWRP ဆိုတဲ့ Folder ထဲကို ကူးထည့်လိုက်ပါ

ပြီးရင်တော့ TWRP ထဲ ၀င်ကြည့်လိုက်ပါ English လို ပေါ်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်

ဖုန်းတွေဟာ Resolution ကွာတဲ့ အတွက်ကြောင့် Themes တွေသုံးတဲ့အခါ တခုနဲ့ တခု တူမှာမဟုတ်ပါဘူး ကိုယ့်ဖုန်းနဲ့ သုံးကြည့်လို့ အဆင်မပြေရင် ဒေါင်းလိုက်တဲ့ Theme folder ထဲမှာ ရှိတဲ့ zip ဖိုင်လေးတွေကို ui.zip လို့ ပြောင်းလိုက်ရင်ပဲ TWRP ရဲ့ theme ပုံစံလေးတွေဟာ ပြောင်းသွားမှာ ဖြစ်ပါတယ် ဒါကြောင့် ကိုယ်နဲ့ အဆင်ပြေမယ့် Theme လေးတွေကို တခုခြင်းစီပြောင်းပြီး စမ်းကြည့်ကြပါနော်
.

No comments:

Post a Comment