Facebook က မကြာမီကပဲ Messenger ကို အသုံးပြုသူ သန်း ၈၀၀ ကျော်သွားပြီလို့ ကြေညာပါတယ်။ Facebook Messenger ကို မိသားစု၊ သူငယ်ချင်းများ ဆက်သွယ်ရာမှာ အသုံးပြုနေသလို အလုပ်ကိစ္စများအတွက် ဆွေးနွေးခြင်း၊ ဖိုင်များ ပေးပို့ခြင်းများအတွက်လည်း အသုံးပြုနေကြပါတယ်။ အနောက်နိုင်ငံများမှာ Facebook Messenger ကနေ ငွေလွှဲနိုင်ပါပြီ။ Facebook က Messenger မှာ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကိုလည်း ထည့်သွင်းပေးတော့မှာဖြစ်ပါတယ်။ အဲဒီအတွက် Facebook Messenger ကို ကျင်လည်စွာ အသုံးပြုတတ်ဖို့ လိုအပ်ပါတယ်။
ဓါတ်ပုံများကို Facial Recognition နည်းပညာဖြင့်ပေးပို့ပါ။
ဒါကတော့ Photo Magic လို့ ခေါ်တဲ့ စမ်းသပ်ဆဲ စွမ်းဆောင်ချက်တစ်ခုပါ။ Photo Magic က ဓါတ်ပုံများမှ မျက်နှာများကို ခွဲခြမ်းစိတ်ဖြာတဲ့ နည်းပညာကို အသုံးပြုပါတယ်။ သင့်ဖုန်းမှာ ရှိတဲ့ ဓါတ်ပုံများမှ လူများကို Messenger က သိရှိပြီး သက်ဆိုင်ရာ လူထံ ဓါတ်ပုံများပေးပို့ဖို့ အကြံပြုပေးမှာပါ။ အဲဒီအတွက် ဓါတ်ပုံများကို လိုက်ရှာစရာမလိုတော့ပါဘူး။ ဒီစွမ်းဆောင်ချက်ကို အသုံးပြုဖို့ Settings ထဲသွားပါ။ Photos & Media ထဲသွားပြီး Photo Magic ကို On ပေးပါ။ Photo Magic ကို မတွေ့ရင်တော့ သင့်နိုင်ငံမှာ ဒီစွမ်းဆောင်ချက်ကို အသုံးပြုလို့မရသေးပါဘူး။
Notification Preview ကို ပိတ်ပါ။
သင့်ထံ သူငယ်ချင်းတစ်ယောက်က စာပို့ရင် Chat Head ပေါ်လာမှာဖြစ်ပြီး Message ကိုလည်း Preview ပြသပေးမှာပါ။ အခြားလူများက အဲဒီ Message ကို မမြင်စေချင်ရင် Settings > Notifications & Sounds ထဲသွားပါ။ Notification Preview မှာ Off လုပ်ပါ။
1
သင့်ရဲ့ တည်နေရာကို မျှဝေပါ။
သင်ဟာ စားသောက်ဆိုင်တစ်ခုမှာ သူငယ်ချင်းများနဲ့ တွေ့ဆုံဖို့ ချိန်းဆိုထားတယ်ဆိုပါစို့။ သင်က စားသောက်ဆိုင်ကို အရင်ဆုံး ရောက်ရှိနေပြီး သူငယ်ချင်းများထံ စားသောက်ဆိုင် တည်နေရာကို ပေးပို့ချင်တယ်ဆိုရင် လိပ်စာကို Messenger မှာ ရိုက်ထည့်ပြီး ပေးပို့စရာမလိုပါဘူး။ Location Button ကို နှိပ်လိုက်တာနဲ့ သင့်တည်နေရာကို မြေပုံမှာ ရှာဖွေပေးပြီး ပေးပို့ပေးမှာပါ။
2
အရွယ်ကြီးတဲ့ Likes ပေးပို့ပါ။
Facebook Messenger မှာ လက်မထောင်နေတဲ့ ပုံကို ပေးပို့လေ့ရှိကြပါတယ်။ အကြောင်းအရာတစ်ခုကို လက်ခံ သဘောကျကြောင်း ပြသတာပါ။ ဒါပေမယ့် လက်မအကြီးကြီးပေးပို့နိုင်တဲ့ နည်းလမ်းကိုတော့ လူသိနည်းပါတယ်။ လက်မ အိုင်ကွန်ကို ဖိထားပြီး အရွယ်ကြီး လက်မကို ပေးပို့နိုင်ပါတယ်။
3
ဒတ်စတော့ကနေ Messenger ကို အသုံးပြုပါ။
Facebook က Messenger အတွက် Web App ကိုလည်း ပြုလုပ်ပေးထားပါတယ်။ ဒတ်စတော့ ကွန်ပြူတာများမှာ Messenger.com ကိုသွားပြီး အသုံးပြုနိုင်ပါတယ်။
ဖုန်းနံပါတ်နဲ့ အသုံးပြုပါ။
Facebook Messenger ကို အသုံးပြုဖို့ Facebook Account မလိုအပ်တော့ပါဘူး။ သင့်ရဲ့ ဖုန်းနံပါတ်နဲ့ Signup လုပ်နိုင်ပါတယ်။
4
ဖုန်းနံပါတ်ဖြင့် Contacts များထည့်သွင်းပါ။
Facebook Messenger မှာ သူငယ်ချင်းရဲ့ ဖုန်းနံပါတ်ကို ထည့်သွင်းပြီး ရှာဖွေနိုင်ပါတယ်။ အပေါ်ထိပ်မှ တတိယမြောက် Tab ထဲသွားပြီး ညာဘက်အောက်ထောင့်မှ အပေါင်း လက္ခဏာ အိုင်ကွန်ကို နှိပ်ပါ။
5
သင့်ရဲ့ Message ကို ဖတ်ပြီးပြီလားဆိုတာ စစ်ဆေးပါ။
Messenger မှာ Message တစ်ခု ပေးပို့လိုက်ရင် တစ်ဖက်လူက ဖတ်ပြီးပြီလားဆိုတာကို ပြသပေးပါတယ်။ အပြာရောင် စက်ဝိုင်းကတော့ သင့်ရဲ့ Message ကို ပေးပို့နေတယ်လို့ ဆိုလိုပါတယ်။ အပြာရောင် စက်ဝိုင်းမှာ အမှန်ခြစ်ပါရင်တော့ သင့်ရဲ့ Message ကို ပေးပို့ပြီးပြီလို့ ပြောနေတာပါ။ စက်ဝိုင်းထဲမှာ အပြာရောင်ဖြင့် ဖြည့်စွက်ထားရင် တစ်ဖက်လူထံ ရောက်ရှိပြီလို့ ဆိုလိုပါတယ်။ တစ်ဖက်လူရဲ့ ဓါတ်ပုံကို ပြသရင်တော့ တစ်ဖက်လူက ဖတ်ပြီးကြောင်း ပြသတာပါ။
6