iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Friday, June 21, 2019

ပေါင်သန်း ၃၀ ရရှိပါက အိုဇေးလ်အား အာဆင်နယ် ရောင်းချသွားရန် အသင့်

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်မှာ လုပ်အားနှုန်းနဲ့ ဖန်တီးမှု တဖြည်းဖြည်းလျော့ကျလာခဲ့တဲ့ အိုဇေးလ်ဟာ အသင်းရဲ့ အနာဂတ်အစီအစဉ်တွေမှာ မပါဝင်တော့တာကြောင့် သူ့ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းရင် ရောင်းချသွားမယ်လို့ အာဆင်နယ်ဘက်က ဆိုလိုက်ပါတယ်။
နည်းပြ အမ်မရီရဲ့ နည်းစနစ်နဲ့ အံမဝင်သလို သူ့အတွက် တစ်သီးတစ်သန့် ပြောင်းလဲစဉ်းစားပေးနေရမယ့် ဗျူဟာကိုလည်း စပိန်နည်းစနစ်မှူးက အလိုမရှိတာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ဖြစ်နိုင်သမျှ မြန်မြန်ရောင်းထုတ်သွားဖို့လည်း ရှိနေပါတယ်။
ဒါပေမယ့် အိုဇေးလ်ရဲ့ ပေါင်သုံးသိန်းခွဲဆိုတဲ့ လစာငွေကတော့ အာဆင်နယ်အတွက် ကြီးမားတဲ့ အခက်အခဲဖြစ်နေပြီး အသင်းမှာ ဆက်ထားဖို့ရော ရောင်းထုတ်ဖို့အတွက် အတားအဆီးလို ဖြစ်နေခဲ့တာပါ။
အေးဂျင့်ဖြစ်သူ အာကွတ် ဆိုဂတ်ရဲ့ အဆိုအရတော့ အိုဇေးလ်ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်နှစ်နှစ်ကျန်နေသေးတာကြောင့် ထွက်ခွာဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့ သိရပြီး သူ့ရဲ့လစာငွေကို ပေးချေနိုင်ပြီး ပုံရိပ်တစ်ခုတည်းကိုသာ မျှော်လင့်မယ့် တရုတ်ဆူပါလိဂ်ကိုသာ ကစားသမားအနေနဲ့ ရွေးချယ်မယ့်တစ်လမ်းကိုပဲ စောင့်ကြည့်ရတော့မယ်လို့ ဘောလုံးအသိုင်းအဝိုင်းက သုံးသပ်ထားကြပါတယ်။

REF: RED LONDON & FOOTY EXTRAS
PHOTOS CREDIT
HTUK AWNG LYNG
ARSENAL MYANMAR.

No comments:

Post a Comment