iCon
zawgyi သို့ မဟုတ် unicode
Saturday, July 18, 2015
ကျိုင်းတုံမြို့၌ ငွေဒင်္ဂါးအတု လိမ်လည်ရောင်းချသူများ ဖမ်းဆီးရမိ
ကျိုင်းတုံ ဇူလိုင် ၁၅
ကျိုင်းတုံမြို့၌ ငွေဒင်္ဂါးအတုများ လိမ်လည်ရောင်းချ နေသည့်အမျိုးသမီးလေးဦးကို ဇူလိုင် ၁၄ ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန် ၂ ရက် ညနေ ၅ နာရီခန့်က ကျိုင်းတုံမြို့ရပ်ကွက်(၃)၌ နေထိုင်သူ ဒေါ်နန်းနွန်းနေအိမ်သို့ အမျိုးသားငါးဦးနှင့် အမျိုးသမီး တစ်ဦးရောက်ရှိလာပြီး ၄င်းတို့နေအိမ်ဟောင်းဖျက်ရာ မှ ရရှိလာသည့်ငွေဒင်္ဂါးများကို ရောင်းချလိုကြောင်း ညှိနှိုင်းရာ ဒေါ်နန်းနွန်းက ငွေဒင်္ဂါးပြားအကြီး ၇၉၄ ပြားကို တစ်ပြားလျှင် ငွေကျပ် ၈၂ဝဝ ဖြင့် လည်းကောင်း၊ ငွေဒင်္ဂါးပြားအလတ် ၁၇၂ ပြားကို တစ်ပြားလျှင် ငွေကျပ် ၆၈ဝဝ ဖြင့်လည်းကောင်း၊ ငွေဒင်္ဂါးပြားအသေး ၄၉၇ ပြား ကို တစ်ပြားလျှင် ငွေကျပ် ၄ဝဝဝ ဖြင့်လည်းကောင်း၊ ၃၃ဝ ဂရမ်ခန့်ရှိ ငွေတုံးအကြီးနှစ်တုံးကို တစ်တုံးလျှင် ငွေကျပ် ၄ဝဝဝဝဝ ဖြင့်လည်းကောင်း၊ ၁၄ဝ ဂရမ်ခန့်ရှိ ငွေတုံးအလတ်ခုနစ်တုံးကို တစ်တုံးလျှင် ငွေကျပ် ၂၂ဝဝဝဝ ဖြင့်လည်းကောင်း၊ ၂၄ ဂရမ်ခန့်ရှိ ငွေတုံး အသေး ခြောက်တုံးကို တစ်တုံးလျှင် ငွေကျပ် ၃ဝဝဝဝ ဖြင့်လည်းကောင်း ဝယ်ယူခဲ့သည်။
ဒေါ်နန်းနွန်းက ဝယ်ယူပြီး ငွေဒင်္ဂါးပြားနှင့် ငွေတုံးများ ကို ဇွန် ၃ ရက်တွင် မြို့မဈေးအတွင်းရှိ ငွေဟောင်း နှင့်ပတ်သက်၍ ကျွမ်းကျင်သူထံ သွားရောက်ပြသခဲ့ရာ အတုများဖြစ်ကြောင်းသိရှိရသည်။ အဆိုပါရောင်းချသူ များအား လိုက်လံစုံစမ်းခဲ့ပြီး ဇူလိုင် ၁၄ ရက် နံနက် ၉ နာရီတွင် ၄င်းနှင့်ဆွေမျိုးတော်စပ်သူ ကျိုင်းတုံမြို့ ရပ်ကွက် (၅) ၌ နေထိုင်သော ဦးစိုင်းဆမ်ထံသို့ အမျိုးသမီး လေးဦး ငွေဒင်္ဂါးပြားများ လာရောက်ရောင်းချနေကြောင်း သိရှိရသဖြင့် တာဝန်ရှိသူများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ငွေဟောင်းပြားအတုများနှင့်အတူ ရောင်းချ သူ ဒေါ်ယေ့ပလုတ်၊ ဒေါ်အုတ်နွဲ့၊ ဒေါ်အီသောင်း၊ ဒေါ်အမ်တိုင်း၊ ဝမ်ဟုန်ရပ်၊ မိုင်းဆတ်မြို့နေသူတို့ကို ဖမ်းဆီးရမိခဲ့ပြီး ကျိုင်းတုံမြို့မရဲစခန်းက ဆက်စပ်ပြစ်မှုကျူးလွန်သူများဖမ်းဆီးရမိရေးနှင့် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
(ပြည်နယ် ပြန်/ဆက်)
ဓာတ်ပုံ-လော်ဂူး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Labels:
သတင်း နှင့် ဟာသများ စုစည်းမှု
Subscribe to:
Post Comments (Atom)

No comments:
Post a Comment