iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Saturday, July 18, 2015

အမှိုက်ပုံးအတွင်း မွေးကင်းစကလေးအသေတစ်ဦး လာရောက်စွန့်ပစ်


 ရန်ကုန် ဇူလိုင် ၁၅

 ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်၌ မွေးစကလေးအသေကို အထုပ်ထုပ်ကာ အမှိုက်ပုံးအတွင်း လာရောက်စွန့်ပစ် ထားမှု ဇူလိုင် ၁၄ ရက်က ဖြစ်ပွားခဲ့ပြီး စွန့်ပစ်သူအား ဖော်ထုတ်အရေးယူရန် မြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ် အောက်ကြည့်မြင်တိုင်လမ်းမဘေး ဘောဂရပ်ကွက် မီးရထားလမ်း လူကူးတံတားအောက်ရှိ စည်ပင်အမှိုက်ပုံးအတွင်း လာရောက်စွန့်ပစ်ခဲ့ခြင်းဖြစ်သည်။ သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးကြီးတစ်ဦးက အမှိုက်ပုံးမှ အမှိုက်များကို စုစည်းထားရာသို့ သယ်ဆောင်လာစဉ် တွေ့ရှိရာ အမှိုက်ကန်တာဝန်ခံမှတစ်ဆင့် မြို့နယ်သန့်ရှင်းရေး တာဝန်ခံ ဦးဇော်လှိုင်ဦးထံ အကြောင်းကြားခဲ့သည်။

မြို့နယ်သန့်ရှင်းရေးတာဝန်ခံက မြို့နယ်ရဲစခန်းသို့ ဆက်လက်သတင်းပေးပို့ခဲ့သဖြင့် မြို့နယ်ရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူးတိုးရွှေနှင့် အဖွဲ့က လာရောက်စစ်ဆေးခဲ့ရာ အမျိုးသမီးဝတ်လုံချည်နှင့် အင်္ကျီများဖြင့် ပတ်ထားသည့် ကိုယ်ဝန်ခုနစ်လအရွယ် အချင်းမဖြတ်ရသေးသော မိန်းကလေး(အသေ)ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

 ထို့အပြင် ကလေးအသေတွင် ပတ်ထားသည့် အဝတ်များကြားမှ စက္ကူပေါ်တွင် လက်ရေးဖြင့်ရေးဆွဲထားသည့် လမ်းညွှန် မြေပုံစာရွက်တစ်ခုကိုလည်း ပူးတွဲတွေ့ရှိရကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် ကလေးအသေကို လာရောက်စွန့်ပစ် သွားသူအား အမြန်ဆုံးဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဘော်ဂါသွေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment