iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, July 21, 2015

သစ်ပင်ပြိုလဲရာမှ ရွှေဒင်္ဂါးများ၊ငွေဒင်္ဂါးများနှင့်ရွှေအိုးငယ်တစ်ခုကို တွေ့ရှိ (ဒွါရာဝတီနယ် သံတွဲမြို့နယ် ဂျိတ္တောရပ်ကွက်)


ဒွါရာဝတီနယ် သံတွဲမြို့နယ် ဂျိတ္တောရပ်ကွက်နေ ဦးနိုင်ကြွယ်ဆိုသူသည် လွန်ခဲ့သော တစ်နှစ်နီးပါးခန့်မှ သံပရာကျေးရွာရှိ၎င်းပိုင်တောင်၌ သစ်ပင်ပြိုလဲရာမှ ရွှေဒင်္ဂါးများ၊ငွေဒင်္ဂါးများနှင့်ရွှေအိုးငယ်တစ်ခုကို တွေ့ရှိခဲ့ရသည်ဟုဆိုပါသည်။
သို့အတွက် ယနေ့ ၂၀.၇.၂၀၁၅ တွင်
ဒွါရာဝတီသံတွဲမှ ရခိုင်သမိုင်းသုတေသီ ဦးကောသလ္လကိုယ်တိုင် ဂျိတ္တောသို့ ရောက်ရှိလာကာ ၄င်းဦးနိုင်ကြွယ်အိမ်သို့ သွားရောက်ခဲ့ပါသည်။
ဆရာတော်က ၄င်းရရှိထားသော ရှေးဟောင်းဒင်္ဂါးများအား ကြည့်ရှုလေ့လာမှတ်တမ်းတင်ခွင့်တောင်းရာ ၄င်းက ငွေဒင်္ဂါး ၅ ပြားနှင့် ရွှေအိုးငယ်တစ်ခုကိုသာ ထုတ်ပြပြီး ကျန်ရွှေဒင်္ဂါးများနှင့်ငွေဒင်္ဂါးများမှာ ဘဏ်၌အပ်ထားကြောင်းပြောပြပါသည်။
ဦးနိုင်ကြွယ်က ၄င်းသည် ရခိုင်မှရှေးဟောင်းသုတေသနဌာနနှင့်ဆက်သွယ်ခဲ့ရာ နေပြည်တော်ဌာနမှသာလျှင်တာဝန်ယူနိုင်မည်ဟု ဆိုသည့်အတွက် နေပြည်တော်ရှေး/သာ ဌာနနှင့်ဆက်သွယ်ခဲ့ရာ ဌာနမှတာဝန်ရှိသူများရောက်ရှိလာပြီး ရွှေဒင်္ဂါးများ၊ငွေဒင်္ဂါးများကိုချိပ်ပိတ်ကာ ဘဏ်၌အပ်ခဲ့ကြောင်း ၄င်းသည်မနက်ဖြန် ၂၁.၇.၂၀၁၅ ၌ နေပြည်တော်ကိုသွား၍ ရှေး/သုဌာနထံ တာဝန်သိပြည်သူတစ်ယောက်အနေနှင့် အပ်နှံမည်ဟုဆိုပါသည်။
ဆရာတော်က ၄င်း၏အစိုးရထံအပ်နှံမည့်ကိစ္စအားဆက်လက်ဆောင်ရွက်ပါ၊ သို့ရာတွင် ဘဏ်၌အပ်နှံထားသည်ဟုဆိုသော ရွှေဒင်္ဂါးငွေဒင်္ဂါးများကို ကြည့်ရှုလေ့လာမှတ်တမ်းတင်ခွင့်ပြုပါဟု တောင်းဆိုရာ ၄င်းဦးနိုင်ကြွယ်ကငြင်းဆိုခဲ့ပါသည်။
ဦးနိုင်ကြွယ်ထုတ်ပြသော ငွေဒင်္ဂါးများသည် ရခိုင်ဝေသာလီခေတ်မှဒင်္ဂါးများဖြစ်သည်ဟု ဆရာတော်ကမိန့်ကြားပါသည်။
ကြည့်ခွင့်မရခဲ့သော ရွှေဒင်္ဂါးများ၏ဓာတ်ပုံကို ၄င်းကိုယ်တိုင်ဓာတ်ပုံရိုက်ယူခဲ့သည်ဟုဆိုသော ဂျိတ္တောမှ ကိုအရှည်ကြီးထံမှ ရွှေဒင်္ဂါးပုံကို ဆရာတော်ကကြည့်ရှုကာ ဝေသာလီခေတ်ဒင်္ဂါးဖြစ်ကြောင်းအတည်ပြုခဲ့ပါသည်။
ဆရာတော်က ရခိုင်သမိုင်း၊ ဒွါရာဝတီသမိုင်းကို လွန်စွာအထောက်အကူပြုနိုင်သော ရွှေဒင်္ဂါးများကို ကြည့်ရှုလေ့လာခွင့်ဆုံးရှုံးရသည်မှာ ရခိုင်တိုင်းရင်းသားများအတွက်လည်းကောင်း ဒွါရာဝတီသားများအတွက်လည်းကောင်း ကြီးမားသောနစ်နာမှုဖြစ်သည်ဟု အလွန်တရာ စိတ်မကောင်းဖြစ်နေပါသည်။
တွေ့ရှိသူသည် ၄င်းရသင့်ရထိုက်သော တန်ဖိုးနှင့်ဆုကြေးတို့ကို ခံစားရယူခွင့်ရှိသကဲ့သို့ မိမိတို့ရခိုင်တိုင်းရင်းသားများ။ဒွါရာဝတီသားများအနေနှင့်လည်း မိမိတို့သမိုင်းဆိုင်ရာအထောက်အထားကို မိမိရခိုင်ပြည်နယ်ပြတိုက်တွင်သာ ထိန်းသိမ်းခွင့်၊အများပြည်သူကြည့်ရှုခွင့်၊ ပညာရှင်များလေ့လာခွင့်တို့ကို ရရှိသင့်သည်ဟု ဆရာတော်ကဆိုပါသည်။






No comments:

Post a Comment