iCon

[​IMG]

zawgyi သို့ မဟုတ် unicode

Tuesday, July 21, 2015

How to remove Jailbreak from your iPhone, iPad and iPod touch

Jay Freeman (Saurik) မှ Jailbreak ပြုလုပ်ထား​သော iOS Device များ အလွယ်တကူ Jailbreak ဖြုတ်ရန် Cydia Package တခုကိုထုတ်​ပေးခဲ့ပါတယ်..... အဆိုပါ Package က​တော့ "Cydia Impactor" ဖြစ်ပြီး  သင့်ရဲ့  Jailbroken iDevice ကို Jailbreak  ပြန်ဖြုတ်ချင်တဲ့အခါ Mac/PC မလို... Lightning Cable မလိုပဲ Device ထဲပင် Restore လုပ်​ပေး​​စေနိုင်ပါတယ်.... 
ဒါ့အပြင် Jailbreak လုပ်ထားခဲ့တဲ့ iOS Version အတိုင်းပဲ Restore လုပ်​ပေးမှာဖြစ်ပါတယ်... iOS Version အသစ်​ထွက်​နေတဲ့အချိန်မှာ သင့်ဖုန်းဟာ Restore မဖြစ်မ​နေလုပ်ရမယ်ဆိုရင် Latest iOS Version ကို​ရောက်ရှိသွားမှာပဲဖြစ်ပါတယ်....  Jailbreak မကြိုက်နှစ်သက်​တော့သူများအတွက်က​တော့ အဆင်​ပြေ​ပေမယ့် Jailbreak ​ကိုကြိုက်နှစ်သက်သူများအတွက်က​တော့ အဆိုပါ Latest iOS Version သို့​ရောက်သွားမှာဖြစ်ပါတယ်... Latest iOS version ဟာလဲ Jailbreak မရ​သေးရင်​တော့ Default အတိုင်းပဲ ပြန်လည်သုံးရမှာပါ.....

ဤအဆင်မ​ပြေမှုများအတွက်ကြံရွယ်ကာ Jay Freeman (Saurik) မှထုတ်​ပေးထားတဲ့ Cydia Package နဲ့ဆိုရင်​တော့ Jailbreaker ​တော်​တော်များများနှစ်သက်ကြပါလိမ့်မယ်.....

တစ်ခုရှိ​တာ​တော့ အဆိုပါ Package အသစ်ဖြစ်တဲ့ Cydia Impactor ဟာ iOS 8.3 နှင့် iOS 8.4 တို့ကိုသာ Support လုပ်မှာဖြစ်ပြီး Beta Version အ​နေနဲ့ထွက်ရှိထားတာဖြစ်​ပေမယ့်လည်း Saurik ရဲ့ Cydia Repository မှာ Free ရယူနိုင်ပါတယ်....

အဆိုပါ Cydia Impactor ကိုအသုံးပြုပြီး Restore ပြုလုပ်ပုံကို​တော့ ​အောက်တွင် ပုံနှင့်တကွ ဆက်လက်ဖတ်ရှုနိုင်ပါတယ်...

၁. Cydia သို့ဝင်ပါ


၂. Search မှ Cydia Impactor ကိုရှာကာ Install လုပ်ပါ.... ပြီးလျှင် HomeScreen တွင် Impactor ကိုဝင်ပါ

၃. ​အောက်​ခြေရှိ deltet all data and unjailbreak device ကို​နှိပ်ပါ

၎. Delete All ကို​ရွေးပါ.. Delete All Data ဖြစ်သည့်အတွက် Device အတွင်းရှိ Data များအားလုံးကိုဖျက်မှာဖြစ်လို့ Backup လုပ်ထားဖို့​တော့လိုအပ်ပါတယ်...

၅. Delete All နှိပ်ပြီးရင်​တော့ Cydia Impactor မှစတင်အလုပ်လုပ်​နေပြီပဲဖြစ်ပါတယ်.... 



၆. Impactor ကိုမပိတ်လိုက်ပါနဲ့..မကြာခင် Reboot ကျပါလိမ့်မယ်

၇. Reboot ကျပြီးပြန်တက်လာရင်​တော့ သင့် Device ဟာ New iPhone အဖြစ်ပြန်လည်ဖြစ်သွားမှာဖြစ်ပြီး Activating လုပ်​ဆောင်​ပေးရမှာပါ.. ပြီးရင်​တော့ သင့် iCloud Backup က​နေ ​နောက်ဆုံး Backup ကိုယူကာ Backup လုပ်ပြီးပြန်သုံးနိုင်ပါပြီ.... 


အကယ်၍ New iPhone  အဖြစ်သုံးချင်တယ်ဆိုရင်​တော့ Activating ပြုလုပ်ပုံကို​အောက်တွင်ဖတ်ရှုနိုင်ပါတယ်



အဆင်​ပြေကြပါ​စေ . . .


THINK DIFFERENT . . . 
HtetWai(iOSKnowledgeBank.MM)

No comments:

Post a Comment