iCon
zawgyi သို့ မဟုတ် unicode
Saturday, July 18, 2015
ဘင်္ဂါလီလူမျိုးနှစ်ဦးအား သယ်ဆောင် ၀ှက်ထားသူများ ဖမ်းဆီး
ပန်းတောင်း ဇူလိုင် ၁၄
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ဒေါင်းမြတ်နားကျေးရွာအုပ်စု ရွာသစ်ကျေးရွာ၌ ဘင်္ဂါလီလူမျိုးများ ဝှက်ထားကြောင်း သတင်းရရှိသဖြင့် ဇူလိုင် ၁၂ ရက် ညနေ ၅ နာရီခွဲက ဝင်ရောက်ရှာဖွေအရေးယူခဲ့သော အမှု ဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ဒေါင်းမြတ်နားကျေးရွာ အုပ်စု ရွာသစ်ကျေးရွာနေ ဦးစိုးမြင့် (၅၅ နှစ်) နေအိမ်၌ ဘင်္ဂါလီလူမျိုးများ ဝှက်ထားကြောင်း သတင်းရရှိသဖြင့် ပန်းတောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင် များက ဝင်ရောက်စစ်ဆေးရာ ဦးစိုးမြင့်နေအိမ်အနောက်ဘက် နွားတင်းကုပ် ထဲ၌ ဘင်္ဂါလီလူမျိုး မာမက်အာလာ(ခ)ရွှေမောင်သိန်း (၁၅ နှစ်) စင်္ကြာကျေးရွာ အုပ်စု မင်းပြားမြို့နယ် ရခိုင်ပြည်နယ်နှင့် မွန်ကီ(ခ) ကျော်နိုင်စိုး(ခ) ဖာဗုလ်အီဆောင်လာမ် (၁၇ နှစ်)တို့ နှစ်ဦးကို တွေ့ရှိခဲ့သည်။
၎င်းတို့အားစစ်မေးရာ မင်းပြားမြို့နယ် စင်္ကြာကျေးရွာမှ မောခ်ဂျာအာလီး သည် တစ်ဦးလျှင် ငွေကျပ် ၁ဝ သိန်းဖြင့် မလေးရှားနိုင်ငံသို့ သွားရောက်ရန် စည်းရုံးပြီး ယာဉ်မောင်း ဝင်းလွင်(၃၇ နှစ်)မောင်းနှင်သည့် ယာဉ်အမှတ် ၆င်္/----- ဟွန်ဒါဖစ်အမျိုးအစား ခဲရောင်ယာဉ်နှင့်လိုက်ပါလာပြီး ဝင်း လွင်၏ မိဘများဖြစ်သော ဦးစိုးမြင့်၏နေအိမ်၌ဝှက်ထားခဲ့ကြောင်း သိရသဖြင့် ဘင်္ဂါလီလူမျိုးနှစ်ဦးအား တစ်ဖက်နိုင်ငံသို့ ခိုးထုတ်ရန် ငွေကြေးရယူပြီး စီစဉ်ဆောင်ရွက်သူ မောခ်ဂျာအာလီး၊ မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသူ ဝင်းလွင်နှင့် လက်ခံကူညီဝှက်ထားပေးသူ ဦးစိုးမြင့်တို့အား ပန်းတောင်းမြို့မ ရဲစခန်းက အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Labels:
သတင်း နှင့် ဟာသများ စုစည်းမှု
Subscribe to:
Post Comments (Atom)

No comments:
Post a Comment