ယခု လာမယ့် iPhone 6S နဲ့ 6S Plus တို့မှာ 16GB မပါဝင်တော့ပဲ 32GB ကနေ စမယ်လို့ သတင်းထွက်ရှိနေကါတယ်။ တရုတ်ပြည်မှာ ရှိတဲ့ အိုင်ဖုန်းထုတ်တဲ့ ဖော့ကွန်း စက်ရုံမှာ ဖုန်းထုတ်တဲ့အခါ information tag မှာ 16GB မပါဝင်တာကို တွေ့ရပါတယ်။ ဒီတော့ ဖြစ်နိုင်ချေက 32GB, 64GB နဲ့ 128GB ဖြစ်ပါတယ်။
16GB ဟာ အိုင်ဖုန်းမှာ ဈေးအသက်သာဆုံး ဗားရှင်း ဖြစ်ပြီး မြန်မာပြည်မှာ ဆိုရင် ပေါက်ဈေးက ၇သိန်းခွဲဝန်းကျင် ရှိပါတယ်။ နောက်ဗားရှင်းက 64GB ဖြစ်သွားတော့ ဈေးက တစ်သိန်းမကပဲ တစ်သိန်းခွဲနဲ့ နှစ်သိန်းကျပ်လောက်အထိ ဟသွားပါတယ်။ ဒီတစ်ခါ 16GB မထုတ်တော့ပဲ 32GB နဲ့ စရင် ဈေးက ၇သိန်းခွဲလောက်မှာပဲ ရှိနေမှာလား ၈ သိန်းအောက်ထစ်လောက်နဲ့ စမလားဆိုတာလည်း စိတ်ဝင်စားလျက် ရှိပါတယ်။
16GB ကို လူအတော်များများလည်း စိတ်ကုန်နေပါပြီ။ ဓာတ်ပုံတွေနဲ့တင် memory ပြည့်ပြီး App တွေလည်း ထပ်ထည့်လို့ မရလောက်အောင် ပြည့်ပါတယ်။ ဒါကြောင့်မို့ အမြဲတမ်း ပုံဖျက်ရ app ဖျက်ရနဲ့ အတော်လေး ရှုပ်ပါတယ်။ ဒီတော့ အနည်းဆုံး 32GB လောက်နဲ့ စရင် အဆင်ပြေမယ်လို့ တောင်းဆိုမှုများလည်း ရှိလာတာကြောင့် ယခုလာမယ့် အိုင်ဖုန်းအသစ်တွေမှာ 32GB ကနေပဲ မြင်တွေ့နိုင်ဖွေ ရှိကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMAS)
.
Ref: pocketlint
အောင်ခမ်း (MMAS)

No comments:
Post a Comment